Chapter 48

866 98 0
                                    


အပိုင်း(၄၈)

ကုဝူယွီက လက်ဖက်ရည်ကို ငှဲ့ပေးလိုက်သောအခါ လုယိမင်က ချက်ချင်း လက်ဖက်ရည်ခွက်ကို ချင်းရှင်းဆီသို့ ယူဆောင်ပေးလိုက်သည်။

ချင်းရှင်းက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်ကာ "ချီမင် လက်ဖက်ရည်က လက်ဖက်ရည်ကောင်းပဲ" ဟုပြောလိုက်သည်။

ထိုအခါမှ လုယိမင်က စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

အကြောင်းမှာ ကုဝူယွီက ချင်းရှင်းအတွက် လက်ဖက်ရည်ကို အသေအချာဖျော်ထားသောကြောင့် ဖြစ်သည်။

ချင်းရှင်းက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး "သဘောတူညီချက်ကို အခုလက်မှတ်ထိုးလို့ ရပြီလား" ဟုပြောလိုက်သည်။

ထိုအခါ ကုဝူယွီက "ကျန်းရှုရန်က မင်းကို တစ်သန်း

ပေးပြီးပြီလား" ဟုမေးလိုက်သည်။

ချင်းရှင်းက ခေါင်းညိတ်ပြီး "အင်း ပေးပြီးပြီ" ဟုပြန်ဖြေလိုက်သည်။

ကုဝူယွီက "T မြို့အစွန်က စိမ်းလန်းတဲ့ တောင်တန်းတွေရဲ့ အောက်ခြေမှာ နှစ်ထပ်ပါတဲ့ အိမ်သေးသေးလေးတစ်လုံးရှိတယ်။ ဆောက်ထားတာတော့ ကြာပြီ။ ဒါပေမယ့် အပြင်အဆင်က ကောင်းသေးတယ်" ဟုပြောလိုက်သဖြင့် ချင်းရှင်းက အနည်းငယ် အံ့သြသွားသည်။

ကုအုပ်စု၏ ဌာနချုပ်က အနာဂတ်တွင် ထိုနေရာသို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ချင်းရှင်းက သိပြီးသား ဖြစ်သည်။

ကုဝူယွီက "မစ္စချင်းက တောင်အောက်က အိမ်လေးကို ဝယ်ဖို့ စိတ်ဝင်စားလား" ဟုထပ်မေးလိုက်သည်။

ထိုအခါ ချင်းရှင်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။

"အဲဒီက နေရာတစ်ခုကို ဝယ်နိုင်ရင် ကောင်းမယ်" ဟုစိတ်ထဲမှ တွေးပြီး ချင်းရှင်းက "ဘယ်လောက်နဲ့ ရောင်းမှာလဲ" ဟုမေးလိုက်သည်။

ကုဝူယွီက "တစ်သန်း" ဟုဆိုလိုက်သည်။

ထို့ကြောင့် ချင်းရှင်းက ပြုံးပြီး "ကျေးဇူးတင်ပါတယ် မစ္စတာကု" ဟုပြောလိုက်သည်။

ကုဝူယွီက သူမ ပေးချေနိုင်သော စျေးနှုန်းကို ပြောလိုက်ခြင်း ဖြစ်သည်။

"ဒါပေမယ့် အဲ့ဒီအဆောက်အဦကို မကြာသေးခင်က ပြုပြင်မွမ်းမံထားလို့ တစ်ပတ်အတွင်း အစောဆုံး ပြောင်းရွှေ့နိုင်တယ်"

"ကောင်းပါပြီ။ ကျွန်မကို အကောင့်နံပါတ်ပေးပါမစ္စတာကူ။ ကျွန်မ ငွေလွှဲပေးလိုက်မယ်"

ကုဝူယွီက လုယိမင်ကို တစ်ချက်ကြည့်လိုက်သဖြင့် လုယိမင်က သဘောတူညီချက်ကို ထုတ်ပြီး ကုဝူယွီနှင့် ချင်းရှင်းအား မိတ္တူတစ်စောင်စီ ပေးလိုက်

သည်။

"ဒါက ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ပါ။ ဒါက မစ္စချင်းရဲ့ အိမ်အရောင်းအဝယ် စာချုပ်ပါ"

ကုဝူယွီက ချင်းရှင်းကိုကြည့်ပြီး "အလျင်စလို စာချုပ်ချုပ်ဖို့ မလိုဘူးနော်" ဟုပြောလိုက်သည်။

နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးပြီးနောက် ချင်းရှင်းက သဘောတူညီချက်ကို ဘေးဖယ်ထားလိုက်ပြီး အရောင်းအဝယ် စာချုပ်ကို ကောက်ယူလိုက်ကာ အိမ်၏ အရွယ်အစားနဲ့ ဈေးနှုန်းကို စစ်ဆေးပြီးနောက် လက်မှတ် ရေးထိုးလိုက်သည်။

ချင်းရှင်း လက်မှတ်ထိုးနေသည်ကို မြင်လိုက်သောအခါ ကုဝူယွီက အနည်းငယ် ပြုံးလိုက်သည်။

"ပျော်ရွှင်စရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါ‌စေ" ဟုပြောပြီး ကုဝူယွီနှင့် ချင်းရှင်းတို့က လက်ဆွဲနှုတ်ဆက် လိုက်ကြသည်။

ချင်းရှင်းက သဘောတူညီချက်ကို ကောက်ယူလိုက်ပြီး "ဒါဆို ကျွန်မ မစ္စတာကုကို မနှောင့်ယှက်တော့ဘူး" ဟုပြောကာ ပြန်ရန် ပြင်ဆင်လိုက်သည်။

ကုဝူယွီက ခေါင်းညိတ်ပြပြီး "မင်းအိမ်ကို ကြည့်ချင်ရင် ငါ့ဆီ ဒါမှမဟုတ် ရှောင်လုကို ဆက်သွယ်လို့ရတယ်" ဟုပြောလိုက်သည်။

ချင်းရှင်းက ပြုံးပြီး "ကောင်းပါပြီ" ဟုပြောကာ အခန်းထဲမှ ထွက်လာလိုက်သည်။

ကုဝူယွီနှင့် လုယိမင်က ချင်းရှင်း အခန်းထဲမှ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။

လုယိမင်က ချင်းရှင်း၏ နောက်ကျောကို ကြည့်ပြီး "သူဌေး တောင်ပေါ်မှာ အိမ်သေးသေးလေး ဆောက်တာက တစ်ယောက်တည်း နေဖို့မဟုတ်ဘူးလား" ဟုမေးလိုက်သည်။

ကုဝူယွီက လုယိမင်ကို တစ်ချက်ကြည့်လိုက်သဖြင့်
လုယိမင်က ပါးစပ်ပိတ်သွားတော့သည်။

စားသောက်ဆိုင်ဆီသို့ ရောက်သွားသောအခါ မေ့ကုန်းချင်းက "လက်မှတ်ထိုးပြီးပြီလား" ဟုမေးလိုက်သည်။

ချင်းရှင်းက တည်တည်ငြိမ်ငြိမ်ဖြင့် "အင်း လက်မှတ်ထိုးပြီးပြီ" ဟုပြန်ဖြေလိုက်သည်။

ဟူရှင်းကောက အရမ်းစိတ်လှုပ်ရှားနေပြီး "အမ်၊ ရှောင်ရှင်း၊ ဒါက..."

ချင်းရှင်းက ဟူရှင်းကောကိုကြည့်ပြီး "အစ်ကိုဟူ၊ ဘာကိစ္စရှိလို့လဲ" ဟုမေးလိုက်သည်။

ဟူရှင်းကောက ရှက်ကိုးရှက်ကန်းဖြင့် "သဘောတူညီချက်ကို ငါကြည့်လို့ရမလား" ဟုမေးလိုက်သည်။

မေ့ကုန်းချင်းက ဟူရှင်းကော၏ ခေါင်းကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ပြီး "ဒါက စီးပွားရေးလျှို့ဝှက်ချက်တွေကို ရှင်က ဘာလို့ ကြည့်ချင်နေတာလဲ" ဟုသတိပေးလိုက်သည်။

ဟူရှင်းကောက "ဟုတ်သားပဲ။ ငါ ဒါကို မတွေးမိလိုက်ဘူး" ဟုပြန်ပြောလိုက်သည်။


ချင်းရှင်းက ဟူရှင်းကောထံ သဘောတူညီချက်ကို ပေးလိုက်ပြီး "ရပါတယ်။ အစ်ကိုဟူ ဒါကို ကြည့်လို့ရတယ်" ဟုပြောလိုက်သည်။

ဟူရှင်းကောက ချင်းရှင်း သူ့ကို ယုံကြည်သော်လည်း အားလုံးကို မဖတ်ကြည့်ဘဲ ကုဝူယွီ လက်မှတ်ထိုးထားသော နောက်ဆုံးစာမျက်နှာသို့ တန်းလှန်ကြည့်လိုက်သည်။

ဟူရှင်းကောက သူလေးစားရသောသူ၏ လက်မှတ်ကို မြင်လိုက်ရသဖြင့် ကျေနပ်သွားကာ သဘောတူညီချက်ကို ချင်းရှင်းထံသို့ ပြန်ပေးလိုက်သည်။

ထိုအခါ အောက်မှ စာချုပ်ကို တွေ့ရှိသွားခဲ့သည်။

ထို့ကြောင့် ဟူရှင်းကောက "ရှောင်ရှင်း မင်း အိမ်ဝယ်ပြီးပြီလား" ဟုမေးလိုက်သည်။

"အင်း မစ္စတာကုက အခုပဲ စိမ်းလန်းတဲ့ တောင်ကုန်းအောက်က အဆောက်အဦ တစ်ခုကို ဝယ်မလားလို့ မေးတော့ ဝယ်လိုက်တာ"


ဟူရှင်းကောနှင့် မေ့ကုန်းချင်းတို့ သုံးယောက်က ချင်းရှင်း၏ လူများ ဖြစ်ကြသဖြင့် ချင်းရှင်းက သူတို့ကို တိုက်ရိုက် ပြောပြလိုက်သည်။

ထိုစကားကို မေ့ကုန်းချင်း ကြားလိုက်သောအခါ စာချုပ်ကို အမြန်ဆွဲကြည့်ပြီး "ရှောင်ရှင်း ဒါက ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာနော်။ မင်းအိမ်ကို မတွေ့ခင်မှာ စာချုပ်ချုပ်ခဲ့တာလား" ဟုစိုးရိမ်တကြီး မေးမြန်းလိုက်သည်။

မေ့ကုန်းလန်က စာချုပ်ကို တစ်ချက်ကြည့်လိုက်ပြီး "မစ္စတာကုက လိမ်ညာမှာ မဟုတ်ပါဘူး" ဟုပြောလိုက်သည်။

ချင်းရှင်းကလည်း "မစ္စတာကုက ကျွန်မကို မလိမ်ပါဘူး။ အိမ်ကို တစ်ပတ်အတွင်း လွှဲပေးမယ်လို့ ပြောတယ်။ အစ်မ ကုန်းချင်း စိတ်မချရင် မနက်ဖြန် ကျွန်မတို့ သွားကြည့်ကြမယ်"

"နင့်မှာသော့ရှိလား"

မေ့ကုန်းချင်းက ချင်းရှင်းကိုကြည့်ပြီး ထိုသို့ မေးလိုက်သောအခါ ချင်းရှင်းက ဆွံ့အသွားသည်။

အဆုံး၌ ဟူရှင်းကောက "မစ္စတာကုက လူတွေကို လှည့်စားမှာ မဟုတ်ဘူး။ ဒါ့အပြင် ဒီတစ်သန်းက ငါတို့အတွက်သာ အများကြီးဖြစ်နေတာ မစ္စတာကု အတွက်တော့ သိပ်တန်ဖိုးမရှိဘူး" ဟုဝင်ပြောလိုက်သည်။

ချင်းရှင်းက ထိုစကားကြောင့် ခေါင်းညိတ်လိုက်သည်။

ယခုတစ်ခေါက်တွင် ကုဝူယွီက သူမကို ကူညီခဲ့သဖြင့် လိမ်ညာစရာ အကြောင်းမရှိပေ။

ထို့အပြင် ကုဝူယွီက သူမကို သန်းချီရအောင် ကူညီပေးခဲ့သဖြင့် ကုဝူယွီတောင်းလာခဲ့လျှင်ပင် ချင်းရှင်းက ကုဝူယွီကို ဤတစ်သန်းပေးလိုက်မည် ဖြစ်သည်။

ည(၁၀)နာရီအထိ ညစာစားပွဲကို ပျော်ရွှင်စွာ ဆင်နွှဲလိုက်ကြပြီး အိမ်သို့ ပြန်လာခဲ့ကြသည်။

ချင်းရှင်းက ရေချိုးပြီးနောက် စနစ်ထဲသို့ ဝင်လိုက်သည်။

ကျောင်း၌ ရှိနေစဉ် နှစ်ရက်လုံး နေ့တိုင်း ဆီသုံးပုလင်းသာ  လဲလှယ်ခဲ့သည်။

ထို့ကြောင့် စနစ်၌ 1216 မှတ်ရရှိပြီးဖြစ်သည်။

ချင်းရှင်းက ယနေ့အတွက်လည်း ဆီကို လဲလှယ်လိုက်သဖြင့် သူမ၏ စနစ်အမှတ်က 1362 မှတ်ရှိနေဆဲဖြစ်သည်။

စနစ်မှထွက်ပြီးနောက် ထန်ရှီးလန်က WeChat မှ Weibo သို့ ဝင်ကြည့်ရန် ပြောလာသဖြင့် ချင်းရှင်းက Weibo သို့ ဝင်ကြည့်လိုက်သည်။

Weibo ကတော်တော်နှင့် တက်မလာသဖြင့် ချင်းရှင်းက ဖုန်းကို စားပွဲပေါ်တင်ကာ အေးအေးဆေးဆေး အချိန်အတော်ကြာအောင် စောင့်လိုက်သည်။

ဖန်သားပြင်က ပုံမှန်ပြန်ဖြစ်ပြီးနောက် ချင်းရှင်းက

ပင်မစာမျက်နှာရှိ ဒေတာကို မြင်လိုက်ရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ Weibo အကောင့်၌ ပရိသတ်အရေအတွက် သန်း 500အထိ တိုးလာခဲ့သည်။

ချင်းရှင်းက မှတ်ချက်များကို လိုက်ဖတ်ခဲ့ပြီးနောက်ဆုံးတွင် ပရိသတ်များ မည်ကဲ့သို့ တိုးလာသည်ကို သိခဲ့ရသည်။

အကြောင်းမှာ ကျန်းအုပ်စု စားဖိုမှူးယွမ်နှင့် ပြိုင်ပွဲကို ကျောင်းသားအချို့က Weibo တွင် တင်ခဲ့ကြသောကြောင့် ဖြစ်သည်။

ထိုဓာတ်ပုံများတွင် ဝမ်လီရှင်း၏ ပုံပါနေသဖြင့် လူအများက စိတ်ဝင်စားလာခဲ့ကြသည်။

[ဒါက မစ္စတာဝမ် ပါဝင်ခဲ့တဲ့ ပြိုင်ပွဲလား】

[ဘာလို့ ကြိုပြီး မကြေငြာတာလဲ】

[အစားအသောက် ဘလော့ဂါတွေက ဘာမှ မတင်ခဲ့ပါလား】


[ဒါက အရင်ပုံမဟုတ်တာ သေချာလား】

ဤသို့ဖြင့် လူတိုင်းက ပြိုင်ပွဲ အကြောင်းကို စတင် စုံစမ်းလာခဲ့ကြသည်။

ထို့ကြောင့် မကြာခင်၌ ကျန်းအုပ်စု ဟိုတယ်၌ ကျင်းပခဲ့သော ပြိုင်ပွဲကို တွေ့ရှိခဲ့ကြသည်။

[အကဲဖြတ်ဒိုင်ဝမ်ပါတာကို ကျန်းအုပ်စုက ဘာလို့ မကြော်ငြာတာလဲ】

ပြိုင်ပွဲကို အတည်ပြုပြီးနောက် လူတိုင်းက ပြိုင်ပွဲတွင် ပါဝင်သည့်သူများကို ရှာဖွေကြသော်လည်း ပြိုင်ပွဲတွင် ပါဝင်သည့် စားဖိုမှူးနှစ်ဦးသာ ရှိသည်ကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် ထိုအကြောင်းအရာကို ဆွေးနွေးနေသူများ ပိုများလာကာ ရလဒ်အနေဖြင့် ရှာဖွေမှု ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

လူတော်တော်များများက သူတို့ရိုက်ထားသော ဗီဒီယို

များကို အင်တာနက်ပေါ်သို့ တင်လာခဲ့ကြသည်။

ချင်းရှင်း ပြုလုပ်ထားသော ငါးကြင်းဟင်းပွဲ အကြောင်းကို အထူးတလည် ရေးပြသော အတန်းဖော်များစွာရှိပြီး ဟင်းပွဲ၏ အဓိပ္ပါယ်မှာ အလွန်ကောင်းမွန်သည်ဟု ဆိုကြသည်။

[နောက်ဆုံးတော့ ကျန်းအုပ်စုက ဘာလို့ မကြောညာခဲ့တာလဲဆိုတာ အခုမှသိတယ်】

[ကျန်းအုပ်စုက စာဖိုမှူးက ကျောင်းသူလေးကို ရှုံးခဲ့တာတဲ့】

[ဒါပေမယ့် အမျိုးသမီး စားဖိုမှူးက တကယ့်ကို နုပျိုပြီး လှတယ်】

ရလဒ်အနေဖြင့် ချင်းရှင်း၏ ပရိသတ်များက Weibo ကိုမြင်ပြီး ပြိုင်ပွဲမှာ ပါဝင်ခဲ့သော အမျိုးသမီး စားဖိုမှူးက သူတို့၏ ရှင်းရှင်း ဖြစ်နေသည်ကို ချက်ခြင်း သိရှိသွားခဲ့ကြသည်။

[မေ ၁ ရက်နေ့က ကျွန်တော် မြို့တော် T ကိုသွား

တုန်းက ရှင်းရှင်း ရဲ့ ဓာတ်ပုံကို မပေါက်ကြားဖို့ အားလုံးက သဘောတူခဲ့ကြပေမယ့် အခုတော့ လူတိုင်း သိသွားပြီ 】

[ရှင်းရှင်းက အရမ်းတော်တာပဲ]

...

ကျန်းအုပ်စုကို အနိုင်ရခဲ့သော စားဖိုမှူးက ဘလော့ဂါ ရှင်းရှင်းဖြစ်ကြောင်း မကြာမီတွင် လူတိုင်းက အတည်ပြုခဲ့ကြသည်။

ထို့နောက် ချင်းရှင်း၏ အတန်းဖော်များက ထိုပရိသတ်များ၏ လမ်းညွှန်မှုအရ ချင်းရှင်း၏ Weibo စာမျက်နှာကို ကြည့်လိုက်သောအခါ အံ့သြသွားခဲ့ကြသည်။

"စုရွှမ်မှာ ပရိသတ်အများဆုံးရှိတယ်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား"

ချင်းရှင်း၏ ပရိသတ် ငါးသန်းကို လူတိုင်းက ကြည့်နေကြဆဲ ဖြစ်သည်။


ချင်းရှင်း၏ ပရိသတ် အရေအတွက်က စုရွှမ်ထက် ငါးဆပို၍ မြင့်တက်နေခဲ့သည်။

ထို့ကြောင့် စုရွှမ်က Weibo ကို ကြည့်နေရင်း ပိုမိုဒေါသထွက်လာခဲ့သည်။

အကြောင်းမှာ သူမ၏ ပို့စ်များအောက်တွင် ဝင်မန့်ကြသော ကောမန့်များကြောင့် ဖြစ်သည်။

[ရွှမ်ရွှမ် မင်းနဲ့ ရှင်းရှင်းက အတန်းဖော်တွေလို့ ငါကြားတယ်။ ရှင်းရှင်းရဲ့ အကြောင်းတွေကို သိချင်လို့ ပြောပြပါလား】

[ရွှမ်ရွှမ် ရှင်းရှင်းကို သူ့ရဲ့ဘလော့ဂ်ကို မြန်မြန်ဆန်ဆန် အပ်ဒိတ်လုပ်နိုင်ဖို့ သတိပေးပေးပါလား】

စုရွှမ်က Weibo ကို ဒေါသတကြီးဖြင့် ပိတ်လိုက်ပြီး ချင်းရှင်းက သူမအတွက် ကြီးမားသောရန်သူဖြစ်သည်ကို သိလိုက်ရသည်။

!!.....!!

...…….................................
.........................................

အပိုင်း (၄၈) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now