Chapter 61

609 64 0
                                    

အပိုင်း(၆၁)

မန်နေဂျာဟွမ်းက ဟူရှင်းကောနှင့် မေ့ကုန်းလန်တို့အတွက် စာချုပ်များ ချုပ်ဆိုလိုက်သည်။

ဟူရှင်းကောက "ဒီမှာ အိမ်ဝယ်ဖို့ လုပ်ထုံးလုပ်နည်းတွေက ဘယ်လိုမျိုးလဲ" ဟုမေးမြန်းလိုက်သဖြင့် မန်နေဂျာဟွမ်းက "မစ္စတာဟူ စိတ်မပူပါနဲ့။ ကျွန်မတို့ ဝန်ထမ်းတွေက မင်းကို ကူညီပေးမှာပါ" ဟုပြောလိုက်သည်။

မန်နေဂျာဟွမ်းက ဝန်ထမ်းများကို စားစရာ အများအပြား ယူလာခိုင်း၍ "တစ်ခုခုအရင် သုံးဆောင်ပါဦး" ဟုဧည့်ခံလိုက်သည်။

များမကြာမီ ဝန်ထမ်းများမှ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ယူဆောင်လာခဲ့ရာ မန်နေဂျာဟွမ်းက "နောက်တစ်ဆင့်ကတော့ မစ္စတာဟူနဲ့ မစ္စမေ့တို့ကို အတည်ပြုဖို့အတွက် ဘဏ်ကို သွားရပါမယ်" ဟုပြောလိုက်သည်။

"ဒီလောက်တောင် မြန်လား"


ဟူရှင်းကောက အိမ်ဝယ်ရန် ယခုကဲ့သို့ မြန်ဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သုံးယောက်သား ဘဏ်သို့သွား၍ VIP အခန်းထဲ၌ လိုအပ်သည်များကို လုပ်ဆောင်ခဲ့ကြသည်။

ထို့နောက် သုံးယောက်သား အိမ်အရောင်းအဝယ် စာချုပ်ကို ကိုင်ကြည့်ရင်း မင်သက်နေခဲ့ကြသည်။

မေ့ကုန်းချင်းက မန်နေဂျာဟွမ်း၏ စကားကို ရုတ်တရက် တွေးမိသွားပြီး " မစ္စတာလုက ဘယ်သူလဲ " ဟုမေးလိုက်သည်။

"မစ္စတာကုရဲ့ဘေးက မစ္စတာ မစ္စတာလုကို ပြောတာ။ ဒီလိုပြောမှ မစ္စတာလုကို ကျေးဇူးတင်ဖို့ ဖုန်းဆက်ရဦးမယ်"

ဟူရှင်းကော၏ စကားကြောင့် မေ့ကုန်းချင်းက တစ်ခုခုမှားနေသည်ဟု အမြဲခံစားနေရသည်။

မေ့ကုန်းလန်ကမူ စာချုပ်ကိုယူ၍ ချင်ရှင်းထံ တန်း

ပြန်ခဲ့သည်။

...

အရောင်းခန်းမထဲရှိ ဝန်ထမ်း မိန်းကလေးများက မန်နေဂျာ ဟွမ်း၏ လက်ထဲမှ စာချုပ်များကို မြင်လိုက်သောအခါ "မန်နေဂျာဟွမ်း သူတို့က တကယ် အိမ်ဝယ်လိုက်ကြတာလား" ဟုအံဩတကြီး မေးလိုက်ကြသည်။

"အင်း ဟုတ်တယ်"

မန်နေဂျာဟွမ်းက တည်ငြိမ်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး "ဝန်ဆောင်မှုလုပ်ငန်းက လူတွေက ဧည့်သည်တိုင်းကို တန်းတူရည်တူ ဆက်ဆံသင့်တယ်လို့ အရင်က ပြောဖူးတယ်မလား။ အမှန်တော့ ဒီကမ္ဘာပေါ်မှာ ချမ်းသာတဲ့သူတိုင်းက သူတို့ရဲ့ မျက်နှာမှာ "ငါချမ်းသာတယ်" ဆိုပြီး ရေးထားတာ မဟုတ်ဘူး" ဟုပြောလိုက်သည်။

ထိုအခါမှ ဝန်ထမ်း မိန်းကလေးများက "စိတ်မပူပါနဲ့ မန်နေဂျာဟွမ်း ကျွန်မတို့ နောက်ဆို ဧည့်သည်တိုင်း

ကို စိတ်ရှည်ရှည်နဲ့ ဝန်ဆောင်မှုပေးမှာပါ" ဟု အထပ်ထပ်အခါခါ ကတိပေးလိုက်ကြ‌တော့သည်။

...

ချင်းရှင်းက မေ့ကုန်းလန်၏ လက်ထဲမှ စာချုပ်ကိုမြင်လိုက်ရသောအခါ "စာချုပ်ချုပ်တာ အဲ့လောက်တောင် မြန်တာလား" ဟုမေးမြန်းလိုက်သည်။

"ဟုတ်တယ်။ ကုအုပ်စုက ငါတို့ကို 20% တောင် ဈေးလျှော့ပေးလိမ့်မယ်လို့ မထင်ထားဘူး"

မေ့ကုန်းလန်က အသေးစိတ်ကို ချင်းရှင်းအား ပြောပြလိုက်သည်။

"ရှင်းကောကို မစ္စတာလုက မိတ်ဆက်ပေးထားလို့ ငါတို့ကို 80% တိုက်ရိုက်ပေးချေပြီး 40% အရစ်ကျပေးခိုင်းတယ်"

ညနေစောင်း ဟူရှင်းကော ပစ္စည်းများ လာပို့ချိန်၌ မေ့ကုန်းချင်းပါ လိုက်ပါလာပြီး "အားလပ်ချိန်တွေမှာ ငါဘာမှ လုပ်စရာမရှိလို့ လိုက်လာတာ။ ဒီနေ့ ပျော်စရာ

ကိစ္စလည်း ရှိနေလို့" ဟုပြောလိုက်သည်။

"အစ်မ ဘယ်အချိန်လောက် အိမ်ပြောင်းမှာလဲ"

"အိမ်ထဲမှာ အကုန်လုံး ရှိတယ်။ တစ်လအတွင်း ပြောင်းလို့ရနိုင်တယ်" ဟုမေ့ကုန်းချင်းက ချင်းရှင်း၏ အမေးကို ပြန်ဖြေလိုက်သည်။

...

ချင်းရှင်း၏ စားသောက်ဆိုင်မှ ပြန်ထွက်လာသောအခါ မေ့ကုန်းလန်က "ကုန်းချင်းက ဘာလို့ ဒီကိုလိုက်လာတာလဲ" ဟုမေးလိုက်သည်။

မေ့ကုန်းချင်းက များသောအားဖြင့် စတိုးဆိုင်တွင်သာ နေလေ့ရှိပြီး အပြင်ထွက်ခဲသည်။

ထိုအခါ ကားထဲ၌ ထိုင်နေသော မေ့ကုန်းချင်းက "အစ်ကိုရှင်းကောနဲ့ သေချာ ဆွေးနွေးကြည့်တော့ ကျွန်မတို့က သာမန်လူတွေပဲကို ဘာလို့ မစ္စတာလု က ကျွန်မတို့ကို 20% လျှော့ပေးတယ်လို့ထင်လဲ" ဟုပြောလိုက်သည်။


မေ့ကုန်းလန်က ခေါင်းယမ်းပြလိုက်သဖြင့် ဟူရှင်းကောက "ကုအုပ်စုရဲ့ အိမ်ဈေးတွေက စျေးကြီးပေမယ့် ဝယ်တဲ့သူတွေ အများကြီးရှိတယ်။ အင်တာနက်မှာ စုံစမ်းကြည့်လိုက်တော့ ကုအုပ်စုက အိမ်ဈေးကို ဘယ်တော့မှ လျှော့မပေးဘူး" ဟုပြောလိုက်သည်။

"ဟင် ဒါဆို ကုအုပ်စုက ငါတို့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား"

မေ့ကုန်းလန်၏ စကားကြောင့် မေ့ကုန်းချင်းက သက်ပြင်းချရင်း "ငါ့အစ်မကြီးကတော့ တုံးလိုက်တာ။ ကုအုပ်စုက ကျွန်မတို့ကို လိမ်မှာမဟုတ်ဘူး။ ဒါပေမယ့် မစ္စတာလုက ကျွန်မတို့ကို ဒီလို ဂရုစိုက်နေတာ ကျွန်မတို့ကြောင့် မဟုတ်ဘူးလို့ ခံစားရတယ်" ဟုပြောလိုက်သဖြင့် မေ့ကုန်းလန်က ခေါင်းညိတ်ပြီး လက်ခံလိုက်သည်။

ဟူရှင်းကောက "ဒါတွေအားလုံးက ရှောင်ရှင်း ကြောင့်" ဟုပြောလိုက်သဖြင့် မေ့ကုန်းလန်က စိတ်လှုပ်ရှားသွားပြီး "မင်းပြောတာက မစ္စတာလုက ရှောင်ရှင်းကို ကြိုက်နေတာလား" ဟုမေးလိုက်သည်။

ဟူရှင်းကောက ခေါင်းခါလိုက်ပြီး "အဲဒီနေ့က ကျွန်တော် အစားအသောက် သွားပို့တော့ ရှောင်ရှင်း အပေါ် မစ္စတာလုရဲ့ သဘောထားက ကြိုက်နေတဲ့သူ တစ်ယောက် အပေါ်ထားတဲ့ သဘောထားမျိုး မဟုတ်ဘူး။ ရှောင်ရှင်းအပေါ် တလေးတစားနဲ့ ဆက်ဆံ‌‌နေတာ" ဟုပြန်ပြောလိုက်သဖြင့် မေ့ကုန်းလန်က "ဒါဆို မစ္စတာကုက ကြိုက်နေတာလား" ဟုမေးမြန်းလိုက်သည်။

မေ့ကုန်းလန်၏ စကားအဆုံး၌ သုံးယောက်သား နှုတ်ဆိတ် သွားခဲ့ကြသည်။

...

"ဒါဆို ငါတို့ ဒီအိမ်ကို ယူလို့ရပါ့လား"

မေ့ကုန်းလန်က ထိုသို့သော ရည်ရွယ်ချက်မျိုးကို လက်ခံလိုက်လျှင် ချင်းရှင်းအပေါ်သို့ သက်ရောက်မှုရှိလာမည်ကို စိုးရိမ်နေခဲ့သည်။

မေ့ကုန်းချင်းကလည်း ခေါင်းခါပြလိုက်သည်။

ဟူရှင်းကောက "ကျွန်တော်တို့ ဒီကိစ္စကို ရှောင်ရှင်းနဲ့ ဆွေးနွေးရမယ်ထင်တယ်" ဟုဝင်ပြောလိုက်သဖြင့် "အင်း ဟုတ်တယ်!" ဟုမေ့ကုန်းလန်က ထောက်ခံလိုက်သည်။

နောက်နေ့မနက်စောစော၌ ဟူရှင်းကောက မေ့ကုန်းချင်းနှင့် မေ့ကုန်းလန်တို့ကို ခေါ်လာခဲ့ပြီး "ရှောင်ရှင်း၊ ငါတို့ မင်းနဲ့ ဆွေးနွေးစရာရှိတယ်" ဟုပြောလိုက်သည်။

ထို့ကြောင့် ချင်းရှင်းက သုံးယောက်စလုံးကို သီးသန့်အခန်းထဲသို့ ခေါ်သွားပြီး "ဘာကိစ္စရှိလို့လဲ အစ်ကိုဟူ" ဟုမေးမြန်းလိုက်သည်။

ဟူရှင်းကောက ကိစ္စများကို အသေအချာ ရှင်းပြလိုက်ပြီး သုံးယောက်စလုံး၏ ထင်မြင်ယူဆချက်ဖြစ်သော ကုဝူယွီက ချင်းရှင်းကို သဘောကျနေသည့် အကြောင်းကို ထုတ်မပြောခဲ့ကြပေ။

ချင်းရှင်းက "ရပါတယ်။ မစ္စတာလုက အစ်ကိုဟူတို့ကို ဈေးလျှော့ပေးထားတာပဲ။ လက်ခံလို့ရပါတယ်။ စိတ်မပူပါနဲ့" ဟုပြောလိုက်သည်။


မေ့ကုန်းလန်က "ဒီကိစ္စက မင်းကို ထိခိုက်နိုင်လား" ဟုဝင်မေးလိုက်သဖြင့် ချင်းရှင်းက သူမနှင့် ကုဝူယွီတို့၏ စာချုပ်အတွက် အားလုံးက စိတ်ပူနေကြသည်ဟုလို့ ထင်သွားပြီး "စိတ်မပူပါနဲ့။ ကိစ္စမရှိပါဘူး။ ကုအုပ်စုလို ကုမ္ပဏီကြီးအတွက် ဒီငွေနည်းနည်းက သူတို့အတွက် ဘာမှမဖြစ်သွားပါဘူး" ဟုပြောလိုက်သည်။

ချင်းရှင်းနှင့် ဆွေးနွေးပြီးနောက် ဟူရှင်းကောတို့က စိတ်သက်သာရာ ရသွားခဲ့သည်။

ဇွန်လအစတွင် အတိုင်ပင်ခံဆရာက ဒီပလိုမာနှင့် ဘွဲ့လက်မှတ်ထုတ်ပေးရန် ဇွန်လ ၁၀ ရက်မတိုင်မီ ကျောင်းပြန်တက်ရမည်ဟု ကြေညာခဲ့သည်။

ကြေညာချက်ကို မြင်လိုက်သောအခါ ချင်ရှင်းက အတိုင်ပင်ခံဆရာအား အသိအမှတ်ပြု လက်မှတ်အကြောင်း ထပ်မံမေးမြန်းခဲ့သည်။

အတိုင်ပင်ခံက အိမ်ထောင်စု စာရင်းသွင်းခြင်းဆိုင်ရာ အထောက်အထားကို အီးမေးလ်မှ အမြန်ပို့

ပေးခဲ့သည်။

ချင်းရှင်းက ကျေးဇူးတင်လိုက်ပြီး နောက်နေ့ နေ့လည် အားလပ်ချိန်၌ အပြင်ထွက်ကာ သူမ၏ အမြဲတမ်းနေထိုင်ခွင့် စာရင်းကို T မြို့ သို့ ပြောင်းရွှေ့ခဲ့သည်။

ပြည်သူ့လုံခြုံရေးဌာနမှ ဝန်ထမ်းက သူမ၏ အိမ်ထောင်စုစာရင်းကို T မြို့သို့ ပြောင်းရွှေ့သည့် နေရာ၌ တရားဝင် တံဆိပ်ရိုက်နှိပ်လိုက်သည်ကို တွေ့လိုက်ရသောအခါ ချင်ရှင်းက စိတ်အေးသွားခဲ့သည်။

...

ဇွန်လ 10 ရက်နေ့၌ ဒီပလိုမာနှင့် ဘွဲ့လက်မှတ် ယူရန် ကျောင်းသားများ ကျောင်းသို့ လာကြသောအခါ ချင်းရှင်း ရောက်မလာသည်ကို လူတိုင်းက သိခဲ့ကြသည်။

လွန်ခဲ့သည့် လဝက်အတွင်း လူတိုင်းက ချင်းရှင်းအကြောင်း မကြာခဏ ပြောနေခဲ့ကြသည်။

ကျန်းအုပ်စုနှင့် ပြိုင်ပွဲအကြောင်းပြောတိုင်း လူတိုင်းက ပြိုင်ပွဲကို မနေ့ တစ်နေ့ကလိုပင် ခံစားမိကြပြီး အသေးစိတ် အချက်အလက် အားလုံးကို မှတ်မိနေခဲ့ကြသည်။

အထူးသဖြင့် ချင်းရှင်း၏ "ဘွဲ့ရပြီးချိန်မှာ အတန်းဖော်တိုင်း ငါးကြင်း နဂါးဂိတ်ကို ဖြတ်ကျော်နိုင်သလို ကျော်ဖြတ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်" ဟူသည့် စကားကို တွေးလိုက်တိုင်း စိတ်ထဲ၌ အားတက်သွားခဲ့ကြရသည်။

စုရွှမ်ကလည်း ကျန်းအုပ်စုနှင့် တရားဝင် စာချုပ်ချုပ်ခဲ့ပြီးပြီ ဖြစ်သည်။

သို့သော် အတန်းဖော်အားလုံးက ချင်းရှင်း၏ အကြောင်းကိုသာ ပြောဆိုချီးကျူးနေကြသဖြင့် သူမကို စိတ်မဝင်စားကြတော့ပေ။

ထို့ကြောင့် စုရွှမ်က ချင်းရှင်းအပေါ် မကျေနပ်ချက်များ ပိုမိုများပြားလာတော့သည်။

!!.....!!
..........................................

.........................................

အပိုင်း (၆၁) ပြီးပါပြီ။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now