အပိုင်း(၁၅)
ရှီဟောင်၏ မျက်လုံးထဲတွင် ချင်ရှင်းက အမြဲတမ်း နူးညံ့ညင်သာ၍ ရန်ဖြစ်ခြင်း သို့မဟုတ် ငြင်းခုံခြင်းမျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။
ချင်းရှင်းကို လူအများက တည်ငြိမ်သော အမူအရာရှိသည်ဟု သိရှိထားကြသည်။
သို့သော် ယခုအချိန်တွင် ချင်ရှင်းက ဒေါသတကြီးဖြစ်နေပြီး ရှီဟောင်ကို အစွမ်းကုန် ထိုးနှက်ကာ တစ်ချက်ပြီးတစ်ချက် တစ်ချက်မျှ မရပ်ဘဲ ဆက်တိုက်ထိုးနှက်နေခဲ့သည်။
ချင်းရှင်းက ကိုယ်ခံပညာကို တစ်ခါမျှ မလေ့ကျင့်ခဲ့ဖူးသော်လည်း ယခုအခိုက်အတန့်၌ ချင်းရှင်းက ရှီဟောင်အား ဒေါသအလျောက် အစွမ်းကုန် ထိုးနှက်နေခဲ့သည်။
တန်းစီစောင့်ဆိုင်းနေသော ဖောက်သည်များက ရှီဟောင်က ချင်းရှင်း၏ ဆိုင်ကို ဖျက်ဆီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ထို့ကြောင့် ထိုသူတို့က ကူညီချင်ကြသော်လည်း ချင်းရှင်း၏ ထိုးနှက်မှုကို ရှီဟောင်က ပြန်လည်မချေပသဖြင့် ဘေးနားတွင်သာ ရပ်ကြည့်နေခဲ့ကြသည်။
အမှန်စင်စစ် ရှီဟောင်က ပြန်လည်မချေပခြင်းမဟုတ်ဘဲ ချင်းရှင်း၏ အင်အားကို ပြန်မတုံ့ပြန်နိုင်သောကြောင့် ဖြစ်သည်။
အကြောင်းမှာ ချင်းရှင်း၏ လက်သီးများက ပြင်းထန်ပြီး လျင်မြန်သောကြောင့် ဖြစ်သည်။
ရှီဟောင်၏ ခန္ဓာကိုယ်အနှံ့တွင် ချင်းရှင်း၏ လက်သီးရာများ ပေါ်လာပြီး ထိုလက်သီးများကြောင့် အလွန်နာကျင်နေရသည်။
ဝေရှုရန်နှင့် ချင်းကျန်းတုံတို့က ချင်ရှင်းကို ဤကဲ့သို့ တစ်ခါမျှ မမြင်ဖူးသဖြင့် အံ့အားသင့်စွာဖြင့် ရပ်ကြည့်နေခဲ့ကြသည်။
မကြာခင်တွင် ချင်းရှင်းက သူမ၏ စွမ်းအင်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်ကို ခံစားလိုက်ရပြီး
သူမ၏ ခေါင်းက လေးလံလာသည်။
ခန္ဓာကိုယ်က အားပျော့သွားသည်အထိ လက်သီးများကို ဆက်လက် လွှဲကာ ချင်းရှင်းက မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားခဲ့သည်။
ထိုအခါမှ ဝိုင်းကြည့်နေသူများက "ရဲအမြန်ခေါ်ကြ" ဟုစတင် အော်ဟစ်ကြတော့သည်။
.....
လုယိမင်က ကုဝူယွီနှင့် အလုပ်ကိစ္စ ပွဲတက်ရန် သွားနေချိန်၌ ကျောင်းရှေ့မှ ဖြတ်သွားသောအခါ လူအများ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် အနီးကပ် စူးစမ်းကြည့်လိုက်သောအခါ ချင်းရှင်းပဲ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ကားဘရိတ်ကို နင်းလိုက်ကာ "သူဌေး ဟိုမိန်းကလေးရဲ့ဆိုင်က ဖျက်ဆီးခံနေရတယ်" ဟုကုဝူယွီကို ပြောလိုက်သည်။
ကုဝူယွီက အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ရှီဟောင်က ချင်းရှင်း၏ ဆိုင်ထဲမှ ပစ္စည်းများကို ကောက်ကိုင်ပြီး မြေပြင်ပေါ်သို့ လွှင့်ပစ်နေသည်ကို တွေ့လိုက်ရသည်။
"ဒီလူက ဘာလုပ်တာလဲဟ"
လုယိမင်က ဒေါသထွက်ပြီး ကားထဲမှ ဆင်းတော့မည်အလုပ်တွင် ချင်ရှင်းက ပြန်လည် တိုက်ခိုက်လာခဲ့သည်။
လုယိမင်က ကားတံခါးကို တစ်ဝက်တစ်ပျက်ဖွင့်လိုက်ပြီးနောက် နေရာတွင် ကြက်သေသေသွားခဲ့သည်။
ထို့နောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးကို ပွတ်လိုက်ကာ "ဒါ...ဒါ...သူမက မယုံနိုင်လောက်အောင် သန်မာတာပဲ" ဟုရေရွတ်မိလိုက်သည်။
လုယိမင်၏ အမြင်က အခြားကြည့်ရှုသူများနှင့် မတူဘဲ အတိုက်အခိုက်တွင် အတွေ့အကြုံရှိခဲ့သဖြင့် ချင်း
ရှင်း၏ တုံ့ပြန်မှုက ရှီဟောင် ပြန်မချေပနိုင်လောက်အောင် အားပြင်းသည်ကို တွေ့ရှိလိုက်သည်။
သို့သော် သိပ်မကြာခင်၌ ချင်းရှင်း မူးမေ့လဲသွားသည်ကို တွေ့ရှိလိုက်ရသည်။
လုယိမင်က အကူအညီမပေးခင်၌ သူ၏ဘေးမှ ရုတ်တရက် လေပြင်းတိုက်သွားသည်ကို ခံစားမိလိုက်ရပြီး ချင်းရှင်းဆီသို့ ကြည့်လိုက်သောအခါ ကုဝူယွီက ချင်းရှင်းကို ပွေ့ပိုက်ထားကြောင်း တွေ့လိုက်ရသည်။
ကုဝူယွီက ချင်းရှင်းကို မြေပြင်ပေါ်သို့ ညင်သာစွာ ချထားပြီးနောက် ကားပေါ်သို့ အမြန်ပြန်လာကာ အေးစက်သောအသံဖြင့် "မောင်း" ဟုလုယိမင်ကို ပြောလိုက်သည်။
ကုဝူယွီက ဒေါသအလွန် ထွက်နေပုံရသဖြင့် ကားမောင်းနေသော လုယိမင်က ငြိမ်သက်သွားတော့သည်။
ကုဝူယွီ ယခုကဲ့သို့ ဒေါသထွက်နေသည့် ပုံစံမျိုးကို မ
မြင်ရသည်မှာ အလွန်ကြာပြီ ဖြစ်သည်။
ထို့နောက် လုယိမင်က အနီးအနားရှိ ရဲစခန်းထံ ဖုန်းဆက်လိုက်သည်။
.....
ချင်းရှင်း သတိပြန်လည်လာသောအခါ ဆေးရုံသို့ ရောက်နေသည်ကို သိလိုက်ရပြီး ဝေရှုရန်က သူမ၏ဘေးတွင် မျက်ရည်ကျကာ ထိုင်နေကြောင်းကို တွေ့လိုက်ရသည်။
ချင်းရှင်းက ထထိုင်ရန် ရုန်းကန်ရင်းဖြင့် ခေါင်းကိုက်လာခဲ့သည်။
အပြင်ဘက်တွင် မှောင်နေပြီဖြစ်သဖြင့် မေ့ကုန်းချင်းနှင့် ဟူရှင်းကောတို့က သူမကို စိုးရိမ်နေမည်ကို စိတ်ပူနေခဲ့သည်။
ဝေရှုရန်က ချင်းရှင်း၏ လှုပ်ရှားမှုကို သတိထားမိလိုက်သောအခါ "ဒေါက်တာ ကျွန်မသမီး နိုးနေပြီ" ဟုဆရာဝန်နှင့် သူနာပြုများကို အော်ခေါ်လိုက်သည်။
ဆရာဝန်နှင့် သူနာပြုများက အခန်းထဲသို့ ဝင်လာကြပြီး ချင်းရှင်း၏ အခြေအနေမှာ အလုပ်အလွန်လုပ်ပြီး အားနည်းသွားခြင်း ဖြစ်သဖြင့် အိပ်ယာထဲ၌ လှဲနေကာ အနားယူနေသင့်ကြောင်းကို အကြံပေးလိုက်ကြသည်။
ချင်းရှင်းက ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ဖုန်းကို ထုတ်ယူလိုက်သည်။
ထို့နောက် မေ့ကုန်းချင်းထံ ဖုန်းခေါ်လိုက်သည်။
မေ့ကုန်းချင်းက အမှန်တကယ်ပင် ချင်းရှင်းကို စိတ်ပူနေခဲ့သည်။
ပုံမှန်အားဖြင့် ချင်းရှင်းက နေ့လယ်ခင်းတွင် ပြန်ရောက်လာလေ့ရှိသော်လည်း ယနေ့နေ့လည် ၂ နာရီအထိ ပြန်ရောက်မလာခဲ့ပေ။
ချင်းရှင်းကို စောင့်ဆိုင်းနေရင်း ညနေ ၄ နာရီအထိ ချင်းရှင်းက ပြန်မရောက်လာသေးသောအခါ မေ့ကုန်းချင်းက ချင်းရှင်းထံ ထပ်ခါတလဲလဲ ဖုန်းခေါ်ခဲ့သည်။
ချင်းရှင်းက ဖုန်းပြန်မဖြေသောအခါ မေ့ကုန်းချင်း၏ စိုးရိမ်စိတ်က ပို၍ပြင်းထန်လာခဲ့သည်။
ဟူရှင်းကော အိမ်ပြန်ရောက်လာသောအခါ မေ့ကုန်းချင်းက ချင်းရှင်း၏ အကြောင်းကို စိုးရိမ်ထိတ်လန့်စွာ ပြောပြလိုက်သဖြင့် စတိုးဆိုင်ကို အမြန်ပိတ်ကာ ချင်ရှင်းကို ရှာဖွေရန် နှစ်ယောက်သား လမ်းပေါ်သို့ ထွက်လာခဲ့ကြသည်။
အရင်ဆုံး မေ့ကုန်းချင်းတို့က ချင်းရှင်း ဆိုင်ဖွင့်ရာနေရာသို့ ရောက်လာခဲ့ကြသည်။
ထိုနေရာ၌ ချင်းရှင်း၏ ဆိုင်က ရှိနေဆဲဖြစ်သော်လည်း ချင်းရှင်း၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။
ထို့ကြောင့် အနီးနားမှ လူများထံ စုံစမ်းကြည့်လိုက်သောအခါ ချင်းရှင်း၏ ဆိုင်ကို လူတစ်ယောက်မှ ဖျက်ဆီးသွားသည့် အကြောင်းကို သိလိုက်ရသည်။
"ချင်းရှင်းရဲ့ဆိုင်ကို ဖျက်ဆီးသွားတယ် ဟုတ်လား"
"ချင်းရှင်းက မူးလဲသွားတာလား"
မေ့ကုန်းချင်းတို့က အံ့အားသင့်သွားကာ ချင်းရှင်းရှိရာ ဆေးရုံကို မေးမြန်းလိုက်ကြသောအခါ အနီးအနားမှ လူများက မသိကြောင်း ပြန်ဖြေခဲ့ကြသည်။
မေ့ကုန်းချင်းက အလွန်စိတ်ပူနေသဖြင့် ဟူရှင်းကောက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများဆီသို့ သွားရောက်ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
ဟူရှင်းကောက ချင်းရှင်း၏ သုံးဘီးစက်ဘီးကို အိမ်သို့ပြန်နင်းသွားပြီး ချင်းရှင်းထံ ဆက်တိုက် ဖုန်းခေါ်နေခဲ့သည်။
နောက်ဆုံး ချင်းရှင်းက မေ့ကုန်းချင်းထံ ဖုန်းခေါ်လာသည့်အချိန်မှ မေ့ကုန်းချင်းက မျက်ရည်ဝဲကာ "ချင်းရှင်းလား" ဟုစိုးရိမ်တကြီး ဖုန်းကိုင်ကာ မေးမြန်းလိုက်သည်။
!!.....!!
...…….................................
.........................................
အပိုင်း (၁၅) ပြီးပါပြီ။