Chapter 24
November 02, 2023
အပိုင်း(၂၄)လုယိမင်က ကားပေါ်တက်လိုက်ပြီးနောက်တွင် အလွန်အမင်းမပျော်မရွှင် ဖြစ်နေရသည်။ သူက ကုဝူယွိကို ဝေ့ပေါ်မှအကြောင်းကို ရှင်းပြလိုက်သည်။ သူ ပြောပြပြီးချိန်တွင် သူ့ကိုယ်သူနှုတ်ဖွာသည့်လူတစ်ယောက်ဟုပင် ခံစားလိုက်ရသည်။ သူ့မိသားစု ဝူယွိက သူ့အလုပ်နှင့်သူ မအားလေးရာအခြားလူကို စိတ်ပူရမည့်အချိန် ဘယ်ရှိပါ့မလဲ။
လုယိမင် ကုဝူယွိကို နောက်ကြည့်မှန်မှ လှမ်းကြည့်လိုက်ချိန်တွင် ကုဝူယွိ၏ မျက်နှာက ဆိုးဝါးနေ၍ ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း ကားဆက်မောင်းနေလိုက်သည်။
ကုဝူယွိက သူ့ဖုန်းကို ထုတ်ယူလိုက်ပြီး အချို့သောအချက်အလက်များကို ဝင်ကြည့်လိုက်သော်လည်း လုယိမင်က နောက်ပြန်လှည့်မကြည့်ရဲ၍ ထိုအခြေအနေကို မမြင်လိုက်ရချေ။
...
Dတက္ကသိုလ်၏ ကျောင်းအုပ်ကြီးက အစည်းအဝေးပြီးသည်နှင့် မက်ဆေ့တစ်စောင်ရလိုက်သည်။ မက်ဆေ့ပို့သည့်လူကိုမြင်သည်နှင့် ဥက္ကဋ္ဌD တစ်ယောက် ငါးမိနစ်မျှ ကြောင်အမ်းသွားမိပြီး အတည်ပြုရန်အတွက် သူ့မျက်မှန်ကို အင်္ကျီဖြင့်ထပ်ကာထပ်ကာ ပွတ်သပ်လိုက်ပြီး ထပ်ကြည့်လိုက်မိသည်။
အဆုံးတွင် D တက္ကသိုလ်၏ ကျောင်းအုပ်ကြီးက ထိုမက်ဆေ့မှာ ကုဝူယွိထံမှဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ပြီး ဥက္ကဋ္ဌDတစ်ယောက် သက်ပြင်းချရင်း ဖွင့်ဖတ်လိုက်သည်။
D တက္ကသိုလ်၏ ကျောင်းအုပ်ကြီး က ကုဝူယွိတစ်ယောက် သူ့ကိုမှတ်မိနေမည်ဟု မထင်ခဲ့ပေ။ ဟိုအရင်က ကုဝူယွိ၏ကုမ္ပဏီသို့ ဧည့်သည်တစ်ဦးအဖြစ်သွားခဲ့ဖူးပြီး ကုဝူယွိနှင့်လက်ဆွဲနှုတ်ဆက်ခဲ့ဖူးသည်။ သူနှင့်အတူ လိုက်လာသောဒါရိုက်တာတစ်ယောက်က ကုဝူယွိ၏ ဖုန်းနံပါတ်ကို ဆေ့ထား၍ သူလည်း လိုက်ဆေ့ထားမိသော်လည်း ကုဝူယွိတွင် သူ့ဖုန်းနံပါတ် မရှိလောက်ပေ။ ထို့ကြောင့် တစ်ဖက်လူက စာပို့လာချိန်၌ လန့်သွားရခြင်းပင်။