Chapter 74

443 57 0
                                    

အပိုင်း(၇၄)

ကုဝူယွီက ချင်းရှင်းနှင့် ပူးပေါင်းဆောင်ရွက်မှု ကိစ္စ အလုံးစုံအတွက် လုယိမင်ကို အပ်နှင်းထားသည်။

ထို့ကြောင့် စကားဝါပန်းဝိုင်အတွက် ပြုလုပ်နည်း စာရွက်ကို ရပြီးနောက် လုယိမင်က စက်ရုံသို့ ချက်ချင်း ဖုန်းဆက်ပြီး ပြုလုပ်ရန် ပြောခဲ့သည်။

ထို့နောက် စကားဝါပန်းဝိုင်ပုလင်းကို ဒီဇိုင်းဆွဲရန်အတွက် ဒီဇိုင်းဌာနသို့ သွားရောက်ခဲ့သည်။

ဒီဇိုင်းဌာနက ငရုတ်ဆီပုလင်းကို ဒီဇိုင်းထုတ်စဉ်က မရေမတွက်နိုင်အောင် ဒီဇိုင်းဆွဲခဲ့ရသဖြင့် ရှင်းရှင်းထုတ်ကုန်ကို ထပ်မံ ဒီဇိုင်းထုတ်ရမည်ဟု ဆိုလာသောအခါ စိုးရိမ်ပူပန်နေခဲ့ကြသည်။

လုယိမင်က ကြော်ငြာဌာနအား စကားဝါပန်းဝိုင်ကို ကြော်ငြာမည့် အစီအစဉ်ကို စတင်နိုင်ပြီ ဖြစ်ကြောင်း ရှင်းပြပြီး ကြော်ငြာ ဗီဒီယိုကို အချိန်မရွေး ရိုက်ကူးနိုင်ကြောင်း ပြောပြခဲ့သည်။

ပြီးနောက် လုယိမင်က အရောင်းဌာနသို့ ထပ်မံသွားခဲ့သည်။

အရောင်းဌာန တာဝန်ခံက ချင်းရှင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် ကုန်ပစ္စည်း ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ လုယိမင်၏ ပုခုံးကို ပုတ်ပြီး "စိတ်ချပါ မစ္စတာလု။ ရှင်းရှင်းရဲ့ ကုန်ပစ္စည်းဆို မရောင်းရမှာ စိတ်မပူပါနဲ့။ စက်ရုံကိုသာ ကုန်ပစ္စည်း များများ ထုတ်ခိုင်းထားပါ" ဟုပြန်ပြောခဲ့သည်။

...

ချင်းရှင်းက လျင်မြန်စွာ ပြင်ဆင်ထားသော ပရိုဂရမ်ပေါ်၌ သိုးသားနံရိုးကင်များကို တင်၍ ရောင်းချလိုက်သည်။

ချင်းရှင်းက ဝိုင်အမြောက်အမြား လုပ်ထားသဖြင့် နေ့လယ်စာ စားခွင့်ရသော ဧည့်သည် သုံးဦးအတွက် ဝိုင်များကို တည်ခင်းပေးခဲ့ရာ ဧည့်သည် သုံးဦးက အလွန် ပျော်ရွှင်သွားခဲ့သည်။

ထို့ကြောင့် ထိုဧည့်သည်များက သူငယ်ချင်းများဆီ

သို့ ရှင်းရှင်း၏ဆိုင်မှ စကားဝါပန်းဝိုင် သောက်ခဲ့ရကြောင်းကို မက်ဆေ့ချ်ပို့လိုက်သည်။

အမြောက်စာဇာတ်ကောင်လေးဆီမှ အချက်အပြုတ်နတ်ဘုရားမစီသို့Where stories live. Discover now