အပိုင်း(၁၁)
ချင်းရှင်းက Weibo အကောင့်ကို အချိန်မအားလပ်သဖြင့် ဂရုမစိုက်မိပေ။
Weibo အကောင့် စဖွင့်ချိန်မှစပြီး ယခုအချိန်အထိ သူမ၏ Weibo အကောင့်တွင် ပို့စ်သုံးခုသာ တင်ထားရသေးသည်။
သို့သော်လည်း သူမ၏ အကောင့်၌ Follower တစ်ရာကျော်ရှိနေပြီ ဖြစ်သည်။
Weibo ၌အောင်မြင်စွာ ပို့စ်တင်ပြီးနောက် ချင်းရှင်းက ကုန်သွယ်ရေးစနစ် ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ထို့နောက် ယနေ့ရရှိခဲ့သောဝင်ငွေကို ရေတွက်လိုက်သောအခါ ယနေ့အတွက် ချင်းရှင်း၏ ၀င်ငွေမှာ 2,307 ယွမ်ဖြစ်ပြီး သူမ၏ လက်ထဲရှိ စုစုပေါင်း ငွေမှာ 27,539 ယွမ် ဖြစ်လာခဲ့သည်။
ချင်းရှင်းက ထိုအမြတ်ငွေများဖြင့် လကုန်ပိုင်း
လောက်တွင် လျှပ်စစ် စားသောက်ကုန်ထရပ်ကားတစ်စီး ဝယ်မည်ဟု တွေးတောမိလိုက်သည်။
ထိုထရပ်ကားဖြင့်သာ ဈေးရောင်းမည် ဆိုပါက နေရာပိုကျယ်ပြီး အစားအသောက် အများအပြားကို သယ်ဆောင်နိုင်မည်ဖြစ်သည်။
ငါသာ ဒီအတိုင်း ဆက်ထိန်းထားနိုင်ရင် မြို့တော်T မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုတောင် ငှားဖွင့်လို့ ရလောက်တယ်။
ချင်းရှင်းက ထိုအကြောင်းကို ပိုတွေးမိလေလေ ပိုပျော်လာလေလေဖြစ်သည်။
သို့သော်ငြား ချင်းရှင်းက စနစ်မှ ထုတ်ယူထားသောပဲငံပြာရည်အကြည်ဖြင့် ပြုလုပ်ထားသည့် ကြက်ဥနှပ်များက ငါးမှတ်သာ လဲလှယ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့ကြောင့် ချင်းရှင်းက ဆယ်ယွမ်တန် ခေါက်ဆွဲကိုသာ ဆက်လက် ပြုလုပ်တော့မည်ဟု ဆုံးဖြတ်ကာ ဆီနှစ်ပုလင်းအတွက် အမှတ်များကို လဲလှယ်ခဲ့
သည်။
ချင်းရှင်း ရရှိထားသော အမှတ်များမှာ ယခုအချိန်၌ စုစုပေါင်း ၃၇ မှတ်ဖြစ်နေပြီ ဖြစ်သည်။
ယနေ့အတွက် ကြက်ဥပြုတ် မီနူးအသစ်တိုးထားသောကြောင့် ချင်းရှင်းက အစောကြီးထလာခဲ့သည်။
ထို့နောက် ဈေးရောင်းချပြီးလျှင် ကျန်းမာရေး ထောက်ခံချက် လက်မှတ်ယူရန်အတွက် ဆေးရုံသို့သွားရန် စဉ်းစားထားခဲ့သည်။
"အစ်မ ဒီနေ့ မနက်စာ အသစ်တွေ ရှိသေးလား"
ကလေးမျက်နှာနှင့် ကောင်မလေးက ချင်းရှင်း၏ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်လာခဲ့သည်။
ထိုကောင်မလေးက တစ်လခွဲကျော်ကြာသည့်တိုင်အောင် နေ့စဥ်နေ့တိုင်း ချင်းရှင်းထံ၌သာ မနက်စာ လာဝယ်လေ့ရှိသည်။
"ဟုတ်တယ်၊ ကြက်ဥနှပ် လုပ်ထားတယ် တစ်လုံးကို
နှစ်ယွမ်" ဟုချင်းရှင်းက ပြန်ဖြေလိုက်သည်။
ပုံမှန်အားဖြင့် ကြက်ဥနှပ်ကို တစ်လုံးလျှင် တစ်ယွမ်ခွဲဖြင့် ရောင်းချကြသော်လည်း ချင်းရှင်း၏ စျေးနှုန်းမှာ အဓိကအားဖြင့် စနစ်မှ ထုတ်ယူထားသော ပဲငံပြာရည်အကြည်ကြောင့် တိုးယူထားခဲ့သည်။
"ဝိုး ဒါဆို ကြက်ဥတစ်လုံးနဲ့ ဆယ်ယွမ်တန် ခေါက်ဆွဲတစ်ပန်းကန် ယူလိုက်မယ်" ဟုပြောလိုက်သည်။
"ခဏနေရင် ရမယ်နော်"
ချင်းရှင်းက ခေါက်ဆွဲပြုတ်ရင်း ကြက်ဥကို အိတ်ဖြင့်ထုတ်ကာ အိုးထဲသို့ ထည့်လိုက်သောအခါ သူမ၏ စိတ်ထဲ၌ ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့သည်။
"ရိုးရိုးကြက်ဥပြုတ်တစ်လုံးကို 5 မှတ်ရရင် ချဉ်စပ်ခေါက်ဆွဲထဲ ထည့်လိုက်ရင် အမှတ်များ ပိုရနိုင်မလား"
ထိုအတွေးဖြင့် ချင်းရှင်းက ကြည်နူးနေခဲ့သည်။
ထိုအချိန်၌ တစ်စုံတစ်ယောက်က စိတ်ညစ်နေသော အမူအရာဖြင့် ချင်းရှင်းဆီသို့ လျှောက်လာခဲ့သည်။
ချင်းရှင်း၏ သုံးဘီးစက်ဘီးအနီး၌ ဝယ်သူများ စည်ကားနေသော်လည်း ထိုလူက ဂရုမစိုက်နိုင်တော့ပေ။
ထိုလူမှာ အခြားသူမဟုတ်။ ချင်းရှင်း စွန့်ပစ်ဆီ သုံးစွဲသည့်ကိစ္စဖြင့် ချင်းရှင်းကို အပုပ်ချခဲ့သော ကျိုးတချောင်ဖြစ်သည်။
ကျိုးတချောင်က ချင်းရှင်း၏ ဆိုင်ဆီသို့ ချဉ်းကပ်လာပြီး ချင်းရှင်း၏ရှေ့တွင် ငိုယိုလိုက်သောအခါ အနီးအနားမှလူများက သတိထားမိသွားကြသည်။
ကလေးမျက်နှာနှင့် ကောင်မလေးက ကြက်ဥနှပ်ကို တစ်ကိုက်ကိုက်လိုက်သည့်အချိန်တွင် ကျိုးတချောင်က ရုတ်တရက် ထငိုသောကြောင့် လန့်သွားကာကြက်ဥကို မြေကြီးပေါ်သို့ ပစ်ချမိလိုက်သည်။
ကျိုးတချောင်က လက်ထဲတွင် စာရွက်တစ်ရွက်ကိုင်ထားကာ ချင်းရှင်းကို ဆွဲခေါ်ရန် ကြိုးစားချင်
သော်လည်း ချင်းရှင်း၏ အနားသို့ သိပ်မကပ်ရဲပေ။
"ငါမင်းကို အပုပ်ချဖို့ မရည်ရွယ်ခဲ့ပါဘူး။ ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့မှာ ပြုစုစောင့်ရှောက်ဖို့ သက်ကြီးရွယ်အိုတစ်ယောက်နဲ့ ကျွေးမွေးပျိုးထောင်ဖို့ ကလေးတစ်ယောက် ရှိတယ်" ဟု အော်ဟစ်ကာ ငိုယိုပြောဆိုခဲ့သည်။
ချင်းရှင်းက တရုတ်ကော်ပြန့်မုန့်ကို လုပ်နေဆဲဖြစ်ပြီး ကျိုးတချောင်၏ စကားကို ကြားလိုက်သောအခါ လုပ်ပြီးသွားသောမုန့်ကို ဝယ်သူထံ အေးအေးဆေးဆေး လှမ်းပေးလိုက်သည်။
ပြီးနောက် ချင်းရှင်းက ကျိုးတချောင်ကိုကြည့်ကာ "ဘာကိစ္စလဲ။ သေချာပြောပြပါ" ဟုမေးမြန်းလိုက်တယ်။
ကျိုးတချောင်က အငိုရပ်လိုက်ပြီး "လူတွေက မင်းကို စွန့်ပစ်ဆီတွေသုံးတယ်လို့ ပြောနေကြလို့ ငါလည်း လိုက်ပြောမိသွားတာပါ။ မင်းကို အပုပ်ချဖို့ မရည်ရွယ်ခဲ့ပါဘူး" ဟုပြောဆိုကာ တောင်းပန်တော့သည်။
ထို့နောက် ကျိုးတချောင်က တောင်းပန်ပြီး မျက်ရည်ကျကာ "ကျွန်တော် ထောင်ထဲ မသွားချင်ဘူး။ နောက်တစ်ခါ ထပ်မပြောတော့ဘူးလို့ ကတိပေးပါတယ်။" ဟုထပ်ပြောလိုက်သည်။
သို့မှသာ ချင်းရှင်းက ကျိုးတချောင် ပြောသည့် ကိစ္စကို အကြောင်းစုံသိရှိသွားတော့သည်။
ကျိုးတချောင်က ပညာမတတ်သောကြောင့် ရှေ့နေ၏စာကိုမြင်သောအခါ ထိတ်လန့်သွားပြီး ထောင်ကျတော့မည်ဟုသာ ထင်နေခဲ့သည်။
ချင်းရှင်းက ထိုကိစ္စကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း ကျိုးတချောင် သင်ခန်းစာတစ်ခုရသွားပြီဟုတွေးကာ "ဟုတ်ပါပြီ၊ ထားလိုက်ပါတော့" ဟုပြန်ပြောလိုက်သည်။
"တကယ်ပြောတာလား။ တရားမစွဲတော့ဘူးလား"
ကျိုးတချောင်က လွယ်လွယ်ကူကူ ခွင့်လွှတ်ခံလိုက်ရသဖြင့် မယုံနိုင် ဖြစ်သွားခဲ့သည်။
ချင်းရှင်းက တန်းစီစောင့်ဆိုင်းနေသော ဝယ်သူများ ပိုများလာသည်ကို သတိပြုမိလိုက်သဖြင့် ခေါင်းညိတ်ပြလိုက်ကာ "ဟုတ်ကဲ့ ထားလိုက်ပါတော့" ဟုပြန်ပြောလိုက်သည်။
"ဒါဆို ထောင်မကျတော့ဘူးမလား" ဟုကျိုးတချောင်က ထပ်မေးလိုက်သည်။
"မကျတော့ဘူး သေချာတယ်။ နောက်ဆို ရှင်ကျွန်မကို အပုပ်ချပြီး ပြောဆိုမနေနဲ့ပေါ့" ဟုပြောလိုက်သည်။
ကျိုးတချောင်က ဝမ်းမြောက်သွားပြီး "စိတ်မပူပါနဲ့၊ ငါ ထပ်မလုပ်ရဲတော့ပါဘူး" ဟုကတိပေးကာ ထွက်သွားတော့သည်။
ချင်းရှင်းက ကျိုးတချောင်နှင့် စကားပြောနေရာမှ ရပ်လိုက်ပြီး တန်းစီနေသော ဝယ်သူများကို ကြည့်လိုက်ကာ "အကြာကြီးစောင့်နေရလို့ တောင်းပန်ပါတယ်။ ဘာမှာချင်လဲ" ဟုမေးမြန်းလိုက်သည်။
အခြားဈေးသည်များကလည်း ချင်းရှင်း၏ဆိုင်ကို
ကြည့်နေကြရာ ကျိုးတချောင်၏ သနားစရာကောင်းသော မြင်ကွင်းကို တွေ့ပြီး ရှေ့လျှောက် ချင်းရှင်းနှင့် ခပ်ဝေးဝေးနေခြင်းက ပိုကောင်းမည်ဟု တွေးတောလိုက်ကြသည်။
ချင်းရှင်းက ချဉ်စပ်ခေါက်ဆွဲကို ချက်ပြုတ်နေစဉ်၌ စားသုံးသူတစ်ဦးက "ဒီလူတွေက အဲ့လိုပဲ။ မဟုတ်မမှန်တဲ့ ကောလဟာလတွေ ဖြန့်နေကြတာ" ဟု ပြောဆိုလိုက်သည်။
ချင်းရှင်းက ဝယ်သူထံ ပူပူနွေးနွေး ချဉ်စပ်ခေါက်ဆွဲကို ကမ်းပေးလိုက်ပြီး "ကောလဟာလတွေက ကောလဟာလတွေပါပဲ။ ကျွန်မကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟုပြန်ပြောလိုက်သည်။
နောက်ပိုင်းတွင် ကောလာဟလများတွင် ပါဝင်ခဲ့သော ဒုက္ခပေးသူ မိဘတစ်ဦးက “ဒီကသူဌေးက စွန့်ပစ်ဆီတွေကို မသုံးဘဲ အရည်အသွေးကောင်းတဲ့ဆီကို သုံးထားတာတဲ့။ အဲဒါကြောင့် ဒီချဉ်စပ် ခေါက်ဆွဲက ဆယ်ယွမ်ပဲ ပေးရတာ တော်တော်တန်တယ်" ဟုထောက်ခံပြောဆိုလိုက်သည်။
ချင်းရှင်း ယနေ့အတွက် ပြင်ဆင်ထားသော ကြက်ဥ အလုံးပေါင်း တစ်ရာကျော်က အချိန်တိုအတွင်း ရောင်းကုန်သွားခဲ့သည်။
အပြန်ခရီး၌ ချင်းရှင်းက သူမဆိုင်၏ ကျန်းမာရေး ထောက်ခံချက် လက်မှတ်ကို ဆေးရုံမှ ရရှိလာခဲ့သည်။
အိမ်ပြန်ရောက်သည်နှင့် ချင်းရှင်းက သူမလုပ်ထားသော အလှဆီကို မေ့ကုန်းချင်း ဆီသို့ ယူသွားလိုက်သည်။
မေ့ကုန်းချင်းက ဝမ်းသာအားရ လက်ခံလိုက်ပြီး "ဒါက ဈေးကြီးလား" ဟုပြန်မေးလိုက်သည်။
"စျေးမကြီးပါဘူး။ ညီမရဲ့ အတန်းဖော်က အဲ့ဒါကို လုပ်ထားတာဆိုတော့ အစ်မကြိုက်ရင် ညီမကို ပြောနော်။ နောက်တစ်ခေါက် ထပ်ယူလာခိုင်းလိုက်မယ်" ဟု ချင်းရှင်းက ပြန်ပြောလိုက်သည်။
မေ့ကုန်းချင်းက လက်ကို ဝှေ့ယမ်းပြပြီး "တစ်ပုလင်း
ဆို လုံလောက်ပြီ" ဟုပြန်ပြောလိုက်သည်။
ချင်းရှင်းနှင့် မေ့ကုန်းချင်းတို့က ခဏကြာ စကား ပြောနေကြပြီးနောက် နောက်ကျနေပြီကို သတိထားမိလိုက်သော ချင်းရှင်းက မေ့ကုန်းချင်းအတွက် ကြက်ဥပြုတ်နဲ့ ချဉ်စပ်ခေါက်ဆွဲကို ချက်ပေးရန်ဆုံးဖြတ်လိုက်သည်။
မေ့ကုန်းချင်းနှင့် ဟူရှင်းကောတို့အား အစားအသောက်များ ပြင်ဆင်ပေးပြီးနောက် ချင်းရှင်းက အစားအသောက်များကို ဖုန်းနှင့် ဓာတ်ပုံရိုက်ကာ Weibo တွင် တင်လိုက်သည်။
ထိုအခါ Weibo မှစာတစ်စောင် ဝင်လာခဲ့သည်။
[ရှောင်ဝေတုံတုံ: ဒီနေ့ မင်းပေးထားတဲ့လိပ်စာကို ငါသွားခဲ့တယ်။ ဒါပေမယ့် ငါဘယ်သူ့မှမတွေ့ခဲ့ဘူး။ ဘာလို့လဲ]
ချင်းရှင်းက သူမဆိုင်ပိတ်ချိန်၌ ရောက်လာခြင်း ဖြစ်မည်ဟု စဉ်းစားမိလိုက်ပြီး ထိုလူကို နောက်တစ်နေ့၌ စောစောလာရန် အကြံပြုစာ ပြန်ပို့ခဲ့သည်။
ထို့နောက် ချင်းရှင်း စောင့်မျှော်နေသော စက်ရုပ်သံ ထွက်လာပြီး "ဖောက်သည် 08277၊ ကိုယ့်ကိုကိုယ် ပြင်ဆင်ပါ။ မကြာခင် ကုန်သွယ်ရေးစနစ်ထဲကို ဝင်ပါတော့မယ်" ဟူသော အသံကို ကြားလိုက်ရသည်။
ချင်းရှင်း မျှော်လင့်ထားသည့်အတိုင်း ချဉ်စပ်ခေါက်ဆွဲထဲတွင် ကြက်ဥပြုတ်တစ်လုံးထည့်လိုက်ခြင်းက ချင်းရှင်းအတွက် ရမှတ် (၁၇) မှတ်ရရှိစေခဲ့သည်။
ကြက်ဥပြုတ် ချဉ်စပ်ခေါက်ဆွဲကို ရောင်းချပြီးနောက် လဲလှယ်နိုင်သော စာရင်းထဲတွင် ပစ္စည်းအသစ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုပစ္စည်းမှာ (၁၅) မှတ်တန်ဖိုးရှိသော ဝိဉာဉ်အားတိုးဆေးဖြစ်သည်။
ချင်းရှင်းက (၁၅)မှတ်ပေးရသော်လည်း ဝိဉာဉ်အားတိုးဆေးတစ်လုံးသာ လဲလှယ်နိုင်မည် ဖြစ်သဖြင့် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
နောက်ဆုံးတွင် ချင်းရှင်းက ဆီနှစ်ပုလင်းကိုသာ
လဲလှယ်ယူခဲ့သည်။
ရမှတ် (၅၀) ကျန်သေးသဖြင့် ချင်းရှင်းက စနစ်မှ ပြန်ထွက်လာခဲ့သည်။
နောက်တစ်နေ့မနက်၌ ချင်းရှင်း ကျောင်းရှေ့သို့ရောက်သောအခါ စိတ်မရှည်ဟန်ရှိသော ချောမောသည့် ကောင်လေးတ်ယောက်ကို သတိပြုမိသွားသည်။
သူမရောက်လာသည်ကို မြင်လိုက်သော ထိုကောင်လေးက "Weibo အကောင့် 'ရှင်းရှင်းရဲ့ အစားအသောက်ကမ္ဘာ'က မင်းဖွင့်ထားတာလား" ဟုမေးလိုက်သည်။
Qin Xin က ခေါင်းညိတ်ပြလိုက်ပြီး "တစ်ခုခုဖြစ်လို့လား" ဟုပြန်မေးလိုက်သည်။
ထိုကောင်လေးက မီနူးကို တစ်ချက်ကြည့်လိုက်ပြီး "တရုတ်ကော်ပြန့်၊ ချဉ်စပ်ခေါက်ဆွဲတစ်ပွဲနဲ့ ကြက်ဥပြုတ် တစ်လုံးလောက် ပေးပါ" ဟုပြောလိုက်သည်။
ချင်းရှင်းက တရုတ်ကော်ပြန့်ထဲတွင် ထည့်မည့်အစာအကြောင်း မမေးနိုင်ခင်မှာပဲ ကောင်လေးက "စျေးအကြီးဆုံး ပေးပါ"ဟုပြောလိုက်သည်။
ချင်းရှင်းက ခေါင်းညိတ်ပြလိုက်ကာ လက်ကို ဆေးကြောပြီး စတင်ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။
ထို့နောက် Qin Xin က တရုတ်ကော်ပြန့်မုန့်ကို စတင်ပြုလုပ်ခဲ့ရာ တရုတ်ကော်ပြန့်၏ မွှေးရနံ့က လေထဲတွင် ပျံ့လွင့်လာသောအခါ ထိုကောင်လေး၏ စိတ်မရှည်သော အမူအရာက တဖြည်းဖြည်း ပျော့ပျောင်းလာခဲ့သည်။
တရုတ်ကော်ပြန့်၏ မွှေးရနံ့က ထိုကောင်လေးဆီသို့ ပျံ့လွင့်သွားသောအခါ ထိုကောင်လေး၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပလာတော့သည်။
ထိုကောင်လေးက ချင်းရှင်း၏ မုန့်များကို ပျော်ရွှင်စွာ စား၍ ထွက်သွားသောအခါ ကလေးမျက်နှာနှင့် ကောင်မလေးက အံ့ဩစွာဖြင့် ခေါင်းကုတ်ပြီး ချင်း
ရှင်းဆီသို့ လျှောက်လာခဲ့သည်။
"ဟိုကောင်လေးကို မြင်ဖူးသလိုပဲ"
"သူက မင်းတို့ကျောင်းက မဟုတ်ဘူးလား" ဟုချင်းရှင်းက ပြန်မေးလိုက်သည်။
ထိုအခါ ကလေးမျက်နှာနှင့် ကောင်မလေးက ခေါင်းခါပြလိုက်သည်။
ချင်းရှင်း၏ဆိုင်တွင် တစ်နေ့တစ်ခြား ဝယ်သူများ တိုးပွားလာခဲ့သဖြင့် ချင်းရှင်းက ထိုနေရာ၌ ကြာကြာမရောင်းရတော့ပေ။
နောက်ရက်အနည်းငယ်တွင် လုယိမင်က ကုဝူယွိ ဘာမှမစားဘဲ အလုပ်ရှုပ်နေသော အခြေအနေ ပြန်ဖြစ်သွားသောကြောင့် စိတ်ပူစပြုလာခဲ့သည်။
ထို့ကြောင့် မနက်ပိုင်းတွင် လုယိမင်က ချင်းရှင်း၏ဆိုင်ကို သတိရပြီး ကားပေါ်သို့ တက်ကာ မောင်းထွက်လိုက်သည်။
ချင်းရှင်း၏ ဆိုင်ရှေ့မှ ရှည်လျားသော လူတန်းကြီးကို မြင်လိုက်ရသောအခါ လုယိမင်က အံ့အားသင့်သွားခဲ့သည်။
ရက်အနည်းငယ်သာရှိသေးသော်လည်း ချင်းရှင်း ၏ဆိုင်က အလွန်ရေပန်းစားလာခဲ့သည်။
လုယိမင်က မကန့်ကွက်ဘဲ ထိုင်နေသော ကုဝူယွိကို တစ်ချက်ကြည့်လိုက်ကာ လူတန်းကြီး၏နောက်တွင် တိတ်တဆိတ် ဝင်တန်းစီလိုက်သည်။
ကံကောင်းသည်မှာ ချင်းရှင်းက လျင်မြန်စွာ အလုပ်လုပ်နိုင်သဖြင့် လူတန်းရှည်နေသော်လည်း လုယိမင်၏ အလှည့်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့သည်။
ချင်းရှင်းက သူမကို ကူညီပေးခဲ့သော လုယိမင်ကို မှတ်မိနေသဖြင့် "ဘာမှာမလဲ" ဟုမေးလိုက်သည်။
"ချဉ်စပ် ခေါက်ဆွဲ နှစ်ပွဲနဲ့ ကြက်ဥနှပ်နှစ်လုံး ပေးပါ" ဟုလုယိမင်က ပြန်ပြောလိုက်သည်။
ထို့နောက် လုယိမင်က ငွေပေးချေရန်အတွက် QR ကုဒ်ကို စကင်န်ဖတ်လိုက်သည်။
ထိုအခါ ချင်းရှင်းက တားလိုက်ပြီး "ပိုက်ဆံ ပေးစရာ မလိုပါဘူး။ အရင်က ကျွန်မကို ကူညီပေးခဲ့ဖူးလို့ ကျေးဇူးပြန်ဆပ်ချင်လို့ပါ" ဟုပြောလိုက်သည်။
လုယိမင်က လက်မခံဘဲ ငွေပေးချေမှုကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့သည်။
လုယိမင်က ခေါက်ဆွဲနှစ်ပွဲကို ရရှိပြီးနောက် ချင်းရှင်းက လုယိမင်၏ အနောက်မှ ဝယ်သူများကို ကြည့်လိုက်ကာ "တောင်းပန်ပါတယ်။ ဆယ်ယွမ်တန် ခေါက်ဆွဲက ဒီနေ့အတွက် ကုန်သွားပါပြီ" ဟုတောင်းပန်လိုက်သည်။
ထိုအခါ တန်းစီနေသော ဝယ်သူများက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကာ "ဘာလို့ အမြဲ စောစော ကုန်နေရတာလဲ" ဟုပြောဆိုကြတော့သည်။
"သူဌေး၊ ငရုတ်သီးဆော့စ် ပိုမချက်နိုင်ဘူးလား"
ချင်းရှင်းက စနစ်မှ လဲလှယ်ယူနိုင်သော ဆီပမာဏ
ဖြင့် ငရုတ်သီးဆော့စ် ပမာဏကို လုံလောက်စွာ ပြုလုပ်ထားခဲ့သည်။
ထို့ကြောင့် "ကျွန်မ အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်" ဟူသောစကားမှ လွဲ၍ အခြားစကားများကို ပြန်မပြောခဲ့ပေ။
လုယိမင်က ချဉ်စပ်ခေါက်ဆွဲကို တစ်ခါမှ မမြည်းစမ်းဖူးသေးသဖြင့် အနီးအနားမှ ငြီးငြူသံများကြောင့် အရသာအတော်ကောင်းမည်ဟု ခန့်မှန်းမိလိုက်သည်။
ထို့ကြောင့် လုယိမင်က ခေါက်ဆွဲနှင့် ငရုတ်သီးဆော့စ်ကို ရောမွှေပြီး တစ်လုတ်ယူစားလိုက်သောအခါ သူမျှော်လင့်ထားသည်ထက် ပိုအရသာရှိနေသည်ကို သိလိုက်ရလေသည်။
!!.....!!
...…….................................
.........................................
အပိုင်း (၁၁) ပြီးပါပြီ။