စနစ်- {“သင့်မှာ ကိုယ်ပိုင်ကုသိုလ်တွေရှိပါတယ်။ အဲဒီတော့ သင်က အကုသိုလ်တွေကို အရင်က ထက် ပိုပြီးတော့ အာရုံခံနိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် လူတစ်ယောက် ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို သူတို့ရဲ့ လုပ်ရပ်ကို ကြည့်ရုံနဲ့ င်သိနိုင်မှာ မဟုတ်ဘူး။ လူတိုင်းက ဟန်ဆောင်နိုင်ပါတယ်။ အခုတော့ သင်ဟာ ဘေးဒုက္ခတွေနဲ့ အကုသိုလ်တွေကို အာရုံခံနိုင်ပါပြီ။ သင့်ရှေ့မှာ ရှိတဲ့လူတစ်စုက ကောင်းတဲ့သူတွေ မဟုတ်ပါဘူး။”}
ဖန်းကျန့်၏ ရင်ထဲတွင် တင်းကျပ်သွားလေတော့၏။
စနစ်မှ ထိုလူများက လူကောင်းမဟုတ်ဟု ပြောနေပြီဆိုလျှင် ထိုလူများကား သေချာပေါက် လူကောင်းမဟုတ်နိုင်ပေ။ ဖန်းကျန့်က မေး၏။
“ဒါဆိုရင် နွမ်းပါးတဲ့ ကိုယ်တော်က အဲဒီလူတွေကို တရားချရအုန်းမှာလား။”
စနစ်မှာ အချိန်အတော်ကြာသည်အထိပြန်မဖြေဘဲ ရှိလေ၏။
{“ဗုဒ္ဓဘုရားရှင် အကျွတ်တရားရနိုင်တဲ့ သူတွေကိုပဲ တရားချပါတယ်။”}
ဖန်းကျန့် တွေဝေသွား၏။ စနစ် မည်သည်ကို ဆိုလိုသနည်း။ အကျွတ်တရားရနိုင်သည့်သူများကိုသာ တရားချသည်ဟု ဆိုလိုသလော။ သူ ထပ်မေးလိုက်သည့်တိုင် စနစ်က မည်သို့မျှ ပြန်မဖြေချေ။ ဖန်းကျန့်မှာ ထိုစကားနောက်ကွယ်မှ အကြောင်းရင်းကို ရေရေရာရာ မသိသေးချေ။
ဖန်းကျန့်သတိပြန်ဝင်လာသောအခါ သူ့မျက်လုံးများ ချက်ချင်းလိုလို နီမြန်းသွားတော့၏။
“ငါနောက်တစ်ခေါက် ပြန်ပြောရအောင် မလုပ်ကြနဲ့။ ငါတို့ပေးထားတဲ့ဟာတွေ ပြန်ပေးစမ်း။ တစ်ပြားမှ မလျော့စေနဲ့။” အရပ်ပုပု၊ ဆံပင်နီနီနှင့် လူက အဘိုးအိုတစ်ယောက်၏ လက်ထဲမှ ပိုက်ဆံကို ဆွဲလုလိုက်၏။ ထိုအဘိုးအိုမှာ ဒေါသဖြင့် တုန်ယင်သွားသော်လည်း မည်သည့် စကားမှ မဆိုဝံ့ချေ။
“ခင်ဗျား ကျုပ်ပြောတာ မကြားဘူးလား။ ခင်ဗျားကို ပိုက်ဆံတကယ် ပေးတယ်များထင်နေလို့လား။ အိပ်မက်ဆက်မက်နေလိုက်။ ခင်ဗျားတို့လိုလူစားတွေက တစ်သက်လုံး ဆင်းဆင်းရဲရဲနေသွားဖို့ပဲ တန်တယ်။” ကြံ့ခိုင်သော ဆံနီတစ်ယောက်က ထိုသို့ ပြောပြီးနောက် ပိုက်ဆံများကို စတင်ဆွဲယူလိုက်လေတော့၏။
YOU ARE READING
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...