![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဖန်းကျန့်၏ အလုပ်သမားလုပ်ရန် လူနီလေးစိတ်ကူးမရှိချေ။ သူကား တတ်နိုင်သရွေ့ အပါးခိုမည်ဟု သံဓိဌာန်ချထားသည့် လူစား၊ လှဲခွင့်ရနေသရွေ့ ဘယ်သောအခါမျှ ထထိုင်မည့်သူမဟုတ်။ ဖန်းကျန့်ဘာလုပ်နေသည်ဖြစ်စေ သူဂရုမစိုက်၊ သူ့အား တွန်းအားမပေးသရွေ့ ဟာသပြဇာတ်နှယ် ထိုင်ကြည့်နေမည်သာ။
လူနီလေး၏ စိတ်ထဲ၍ ဘာရှိသည်ကို ဖန်းကျန့်အတပ်သိပေသည်။ သို့ဆိုစေ သူသည်လည်း ၎င်းအား အကြပ်မကိုင်လိုစိတ်မရှိပါပေ။
တောဝက်များ အဘယ်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို လူနီလေးထက် ဖန်းကျန့်ပိုသိသည်။ တောနက်ထဲ ဝင်ရောက်ကြသည့် သမ္ဘာရင့်မုဆိုးများ အကြောက်ဆုံးက တောဝက်နှင့် ပက်ပင်းတိုးမည်ကိုပင်၊။ အရွယ်ရောက်လာသည်နှင့် ၎င်းတို့၏ ဖျက်ဆီးအားက ကြေက်ခမန်းလိလိ၊ အရေးအကြီးဆုံးက တောဝက်များသည် မတုံးအကြ။ ဆန့်ကျင့်ဖက်ပင်၊ ၎င်းတို့သည် အလွန်ညဏ်ကောင်းကြသည်။ တောဝက်များသည် ခွေးထက် အနံ့ခံနိုင်စွမ်း (၅)ဆပိုကောင်းသည်။ ၎င်းတို့ညဏ်ရည်က တိရိစ္ဆာန်ပြည်ထောင်စု၌ top tenချိတ်ရန် လုံလောက်သည်။ တွေးခေါ်နိုင်စွမ်းပင် ရှိသေးသည်၊ တစ်ခုတည်းသော အားနည်းချက်က မှတ်ညဏ်မကောင်းခြင်းပင်။ ၎င်းတို့သည် အနံ့ကို လွယ်လင့်တကူ ခွဲခြမ်းစိတ်ဖြာနိုင်ပေသည့် အလျင်အမြန်မေ့ပျောက်သွားကြသည်။ ငါးနှင့် သူသူကိုယ်ကိုယ်ပင်..။
သို့ကြောင့် မုဆိုးအများစုက မိမိကို ရင်ဆိုင်ရန် တွက်ချက်အဖြေထုတ်နိုင်သည့် သားရဲကောင်ကြီးအား အမဲလိုက်ရန် ဆန္ဒမရှိကြချေ။
သူ့မဟာစွမ်းပကား စိန်လက်ဝါးက ထိုတောဝက်များကို ကိုင်တွယ်ရန် မစွမ်းသာမည်ကို ဖန်းကျန့်စိုးရိမ်မကင်းဖြစ်မိ၏။
![](https://img.wattpad.com/cover/363385828-288-k79533.jpg)
YOU ARE READING
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...