အပိုင်း(၂၁၃) ဟက်ကာကြီး စစ်ကူတောင်းပြီ

232 37 0
                                    

“ဒေးဗစ်ရာ ..  မင်း ဆေးရုံကို ဘာဖြစ်လို့ ဟက်ရတာလဲကွာ။”

“ဗိုင်းရပ်စ်က ပျံ့နေပြီ။ ဘယ်သူတွေ ကူးစက်ခံရလဲဆိုတာ ငါမသိဘူး ၊ အဲဒီဆေးရုံသုံးရုံကတော့ ကံဆိုးသွားပြီ။ အခု ငါ့ကို မနှောင့်ယှက်နဲ့တော့၊ သူတို့ဘက်က လူတစ်ယောက် ဒီရောက်နေပြီ၊” ဒေးဗစ်က စိတ်မရှည်ဟန်ဖြင့် မာန်မဲလိုက်၏။

“ဒေးဗစ် .. ဒါက ဆေးရုံနော်။ ငါတို့ သဘောတူထားတဲ့အတိုင်းဆို မထိရတဲ့အထဲ ပါတယ် မဟုတ်လား ၊ လူ့အသက်တွေနဲ့ ဆိုင်တယ်လေကွ၊” လူကာက ပြောလိုက်၏။

ဒေးဗစ်၏ အမူအရာ အေးစက်သွားသလို လေသံက ခတ်ထန်လာ၏။ “လူကာ မင်းစကားပြောဆင်ခြင်ရင် ကောင်းလိမ့်မယ်။ ငါဘာလုပ်လုပ် မင်းအပူတစ်ပြားမှ မပါဘူး ၊ ပြီးတော့ ငါဆိုတဲ့ကောင်က ဟက်ကာတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်အောက်မှာ နေနေတာမဟုတ်ဘူး။” 

ဒေးဗစ်က ကျိန်ဆဲလိုက်ပြီးလျှင် “မင်းက ဘာကောင်မလို့လဲ" ဟုဆိုပြီးနောက် စာအချို့ရိုက်လိုက်၏။ “ဒေါ်လာလေးသန်းပေးမယ်ဆိုရင် ငါမင်းတို့ကို ပြန်ဖွင့်ပေးမယ် ၊ တစ်ပြားမှ မလျော့စေနဲ့။ မင်းတို့ရဲ့ စိန့်မေရီဆေးရုံက ချမ်းသာမှန်း ငါသိတယ် ၊ အဲဒီလောက်ငွေလေး ခွဲပေးလိုက်ရလို့ ဘာမှ ဖြစ်မသွားဘူးဆိုတာ ငါသိတယ်။ ဟုတ်တယ်မလား။”

“အာ .. အဲဒီအရူးကတော့ တကယ်ပဲ ဆေးရုံကို ဟက်နေပြီဟေ့။”

ထိုစကား ကြားလိုက်သောအခါ စမစ်က မျက်မှောင်ကုတ်လိုက်၏။ “ဒါက ငါတို့ သဘောတူညီချက်နဲ့ ဆန့်ကျင်နေတယ် ၊ သူဗိုင်းရပ်စ်တွေ ပို့တယ်ဆိုရင်တောင် ဆေးရုံတွေ ၊ မီးပွိုင့်လို နေရာမျိုးတွေကို ရှောင်ရမယ်လေ။ ဒင်း ဘယ်လိုတောင် လုပ်ချလိုက်တာလဲ ၊ လူ့အသက်တွေကို ကစားနေတာလား။”

“ငါလည်း ဘယ်သိပါ့မလဲ။ ငါတို့ သူ့ကို ဝင်ကူညီဖို့တော့ မဖြစ်နိုင်ဘူး။ အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ၊” လူကာက မေးလိုက်၏။

“ငါလည်း မသိတော့ဘူး။ ရဲခေါ်လိုက်တာနဲ့ ငါတို့လည်းသွားပြီ။ တကယ်လို့ ရဲမခေါ်ရင်လည်း ငါတို့ ဒေးဗစ်ကို မတားဆီးနိုင်ဘူး။”

ဗုဒ္ဓစနစ်(၂)Where stories live. Discover now