အပိုင်း(၁၇၇) ငါရတာ ဒါကြီးလား

312 48 0
                                    


ထိုအချိန်၌ ဖန်းကျန့် ဘာလုပ်နေသနည်း။ 

“ခူးခလော ခူးခလော.. ”

"ဝု"

သင်းကွဲဝံပုလွေက သူ့အနီးရှိ အိပ်ရာမှ ထလာကာ အူလိုက်လေ၏။ ထို့နောက် သူ့ခေါင်းကို တိုးဝှေ့ကာ အနီးအနားသို့ လှည့်ပတ်ကြည့်ရှုလိုက်၏။ နေစောင်းလုပြီ ဖြစ်သော်လည်း ဖန်းကျန့်က ညစာမပြင်ဆင်သေးချေ။ သူ့ဘဝကို  မည်သို့ ရှေ့ဆက်နေထိုင်မည်ဟု စိတ်ကူးထားသည်မသိ။ မိုးပေါ်ထက် လမင်းထိန်ထိန်သာချိန်မှ ဖန်းကျန့်နိုးထလာ၏။ ထို့နောက် ပျင်းကြောဆန့်လိုက်ပြီးနောက် ရယ်မောလိုက်၏။ 

“အရမ်းကောင်းတယ်... ။ အရမ်းကောင်းတယ်... ။ အိပ်လိုက်တာ လန်းဆန်းသွားတာပဲ...။" 

"ဂွီ"  

"အာ... ငါ ဗိုက်ဆာနေပြီပဲ။”

ဖန်းကျန့်က သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်လျက် မျက်မှောင်ကျုံ့လိုက်လေ၏။

“ထူးဆန်းတယ်...။ ဒါက ငါ့ဗိုက်ကနေ မြည်နေတာ မဟုတ်ဘူး...အာ၊ ဟေ့၊ မင်းတို့နှစ်ကောင်ဘာလုပ်နေတာလဲ။” 

ဝံပုလွေမှာ သူ့အိပ်ရာနားတွင် ဆောင့်ကြောင့်ထိုင်ရင်း သူ့ကို မကျေမချမ်းစိုက်ကြည့်လျက်ရှိ၏။ ၎င်း၏ ပါးစပ်တွင် ခွေးစာခွက်ကို ကိုက်ထား၏။ ရှဉ့်ကလေးက ၎င်း၏ ခေါင်းပေါ်တွင် ထိုင်လျက် ဖန်းကျန့်အား စိတ်ဆိုးမာန်ဆိုးဖြင့် လှမ်းကြည့်ရင်း  လက်ထဲတွင်လည်း ခွက်ကလေးကို ကိုင်ထား၏။ ၎င်းတို့၏ မျက်ဝန်းများကမူ ခါးသီးမှုဖြင့် ပြည့်လျက်။

ဖန်းကျန့်က ရှက်အမ်းအမ်းဖြင့် ချောင်းဟန့်လိုက်ကာ “ငါ့ကို အချိန်တစ်မိနစ်ပဲပေး။ မင်းတို့ အတွက် အကုန်လုံးအဆင်သင့်ဖြစ်စေရမယ်။" ထိုသို့ပြောပြီးနောက် ဖန်းကျန့်သည် အိပ်ရာထက်မှ ဖုန်ဖက်ခါထကာ မီးဖိုပြီး ဆန်ဆေးရန် ပြင်ဆင်လိုက်လေတော့၏။ မျက်ဝန်းနှစ်စုံမှာ ဖန်းကျန့်၏ ထမင်းအိုးမှ နေ၍ အခြားသို့ ဖယ်ခွာသွားခြင်း မရှိ။

 နာရီဝက်ခန့်ကြာသောအခါ လက်တစ်ချောင်း ကျောင်းထဲတွင် မွေးပျံ့သော ထမင်းရနံ့က ပျံ့လွင့်လာပါတော့၏။ ထို့နောက် ကျယ်လောင်သော ပလုပ်ပလောင်း စားသံများ။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now