အပိုင်း(၁၆၀) အဲဒီလူစားမျိုးတွေက မေတ္တာပြဦးမတဲ့လား

319 44 0
                                    


ကျင်းယန်မှာ မေးခွန်းမထုတ်ဘဲ တိတ်တဆိတ်သာ နေလေ၏။ ယခင်နေ့က သူ(မ)ကြည့်ခဲ့ရသော ဗီဒီယိုများနှင့် ကောလဟာလများ ကို ပြန်စဉ်းစား ကြည့်လိုက်သောအခါတွင် ဖန်းကျန့်အား ပို၍ပင် ကြည်ညိုလေးစားလာမိတော့၏။ 

ဖန်းကျန့်က မည်ကဲ့သို့သော ဘုန်းကြီးဖြစ်ကြောင်း သူ(မ)အလွန်သိချင်လာမိ၏။ 'အရှင်ဖန်းကျန့်က ဗုဒ္ဓများ ဖြစ်နေမလား။'

“ အောမီထောဖော်၊ ဒကာကြီးတို့ နွမ်းပါးတဲ့ ကိုယ်တော်ကို ကူညီချင်တယ်ဆိုရင် ဒီပစ္စည်းတွေကို ကိုယ်တော့်အတွက် ညီညီညာညာလေးစီပေးပါ။ ဒါက အသေးအမွှားအလုပ်တစ်ခု မဟုတ်ပါဘူး။"

 ထိုလူက သေတ္တာထဲရှိ ပစ္စည်းများကို ကြည့်လိုက် သောအခါ ချက်ချင်းလိုလို ရယ်မောလိုက်မိကြ၏။ 'ဒါက ခက်ခက်ခဲခဲအလုပ်မလို့လား။ လာနောက်နေတာပဲဖြစ်ရမယ်။ သို့သော်လည်း သူတက်တက်ကြွကြွဖြင့် ရှေ့သို့ ထွက်လာခဲ့သည်သာ။ 

ထိုအချင်းအရာကို မြင်လိုက်ရသောအခါ အခြားရွာသားများသည်လည်း စိတ်ဝင်စားလာကြ၏။ သူတို့ ကူညီလုပ်ကိုင်ပေးခြင်းဖြင့် အသုံးအဆောင်ပစ္စည်းများကို ရနိုင်မည်လော။ ကောင်းလှသည်။ သူတို့အားလုံး ဖန်းကျန့်ကို မျှော်လင့်ချက် ပြည့်ဝနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသလို ဖန်းကျန့်ကလည်း သူတို့ကို စိတ်မပျက်စေခဲ့ပေ။ 

ဖန်းကျန့်က အားလုံးကို လှမ်းအော်ပြောလိုက်၏။ “ကားထဲမှာ ကတ်ထူပုံး(၆)လုံး ကျန်ပါသေးတယ်… ။ ဒကာတို့ ထဲက တစ်ယောက်ယောက်များ ကူညီပေးနိုင်မလား။” 

“ ကျွန်မ၊ ကျွန်မ။"  

"ကျုပ်၊  ကျုပ်၊ ကျုပ်။"

  "ကျုပ်ကူပေးမယ်…။ ကျုပ်က အားသန်တယ်…။" 

"အစ်ကိုကြီး တကယ်လို့ ပုံးအသေးလေးကို သမီးကူသယ်ပေးရင် သမီး လက်ဆွဲအိတ်လေးတစ်လုံးလောက်ရမလားဟင်။  သမီးလည်း သယ်ပေးချင်တယ်…၊” ကျင်းယန်မှ လက်ဆွဲအိတ်လာယူရန် ပြောခဲ့သော ကလေးမလေးက ဖန်းကျန့်အနားသို့ ကပ်လာပြီး အရဲစွန့်၍ မေးလိုက်လေ၏။ 

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora