အပိုင်း(၁၈၀)

278 38 0
                                    


 ဟယ်ဖေးဖေးမှာ ငေးငိုင်သွား၏။

ထိုအချိန်တွင် ဖန်းကျန့်က “ဒကာမ မန်ယွမ်နဲ့ တကယ်ပဲ နောက်တစ်ကြိမ်ထပ်တွေ့ဖို့  မရှိတော့ဘူးဆိုတာ သေချာရဲ့လား။”

“မလိုတော့ပါဘူး။ ကံစီမံရာအတိုင်း တွေ့ကြုံဆုံကွဲရမယ်ဆိုရင် ကျွန်မ ဘာဖြစ်လို့ တံလျှပ်လိုအရာတွေနောက်ကို လိုက်နေရဦးမှာလဲ၊” ဟယ်ဖေးဖေးက ပြန်ဖြေလိုက်၏။

ဟယ်ဖေးဖေးတစ်ယောက် သူ(မ)၏အမှားကို မြင်လိုက်ရသည့်အတွက်  ဖန်ကျန့်တစ်ယောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်မိ၏။

“ကွမ်းယင်မယ်တော် ဘာဖြစ်လို့ သက်ပြင်းရှိုက်ရတာလဲ၊” ဟယ်ဖေးဖေးက အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးလေ၏။

“တစ်စုံတစ်ယောက်က သင်နဲ့တွေဖို့ နှစ်ပေါင်း ၅၀၀လောက်အထိ စောင့်ဆိုင်းနေတယ်။”ဖန်းကျန့် က သက်ပြင်းချကာ ပြောလိုက်သည်။ သစ်သားငါးနှင့် ဗုဒ္ဓပုံတော်၏ အစွမ်းများ ပေါင်းစပ်သွားခြင်းကြောင့် လူနှစ်ယောက်ကို  သီးခြားအိမ်မက်ထဲသို့ ခေါ်ဆောင်နိုင်ကြောင်း မမျှော်လင့်ဘဲ သိရှိသွားခဲ့သည်။ သူသည် အလုပ်နှစ်လုပ်ကို တပြိုင်နက်လုပ်ဆောင်နေခဲ့သည်ပင်။ အခြားတစ်ဖက်၌ ဟယ်ဖေးဖေးကို အိမ်မက်ထဲ လမ်းညွှန်ပေးနေခဲ့သလို အခြားတစ်ဖက်၌ ချန်ဘင်းအား လမ်းညွှန်ပေးနေခဲ့သည်။ ချန်ဘင်း၏ အိမ်မက်မှာ ဟယ်ဖေးဖေးနှင့် ကွဲပြားပေသည့် သူ(မ)ထက် များစွာ စိတ်အားပြင်းပြပေသည်။ သူကား နှစ်ပေါင်းငါးရာတိုင် စောင့်ဆိုင်းပြီးပြီဖြစ်ကာ ဆက်လက်စောင့်ဆိုင်းရန်လည်း စိတ်ဆန္ဒရှိနေဆဲ။

 

“ဘယ်သူလဲ” ဖေးဖေး အံအားသင့်သွား၏။

“ဒကာမသိပြီးသားမေးခွန်းကို ဘာကြောင့်ပြန်မေးနေရတာလဲ၊” ဖန်းကျန့်က ပြန်မေး၏။

“ကွမ်းယင်မယ်တော် ကျွန်မကို စောင့်နေတဲ့ လူက ဘယ်သူလဲဆိုတာ  မြင်ခွင့်လို့ရလား၊” ဟယ်ဖေးဖေးက ​တောင်းဆိုလေ၏။

ဖန်းကျန့်က ဟယ်ဖေးဖေးကို တစ်ချက်ကြည့်ပြီး ခေါင်းဆတ်ပြကာ လက်ကို ဝှေ့ရမ်းလိုက်၏။ စကားလုံး ဆုံးသည်နှင့် မြင်ကွင်းက မြင့်မားသော တောင်ထိပ်တစ်ခုသို့ ရောက်ရှိသွား၏။ တောင်ထိပ်မှ ကြည့်မည် ဆိုလျှင် အေးခဲပြီး အငွေ့ပျံနေသော ရေများစီဆင်းနေသည့် မြစ်ကို တွေ့မြင်နေရသလို မြစ်၏ အလယ်ရှိ ကျောက်တုံးပေါ်တွင် ချန်ဘင်းသည် မတ်တပ်ရပ်နေခဲ့သည်ကို ဟယ်ဖေးဖေး မြင်တွေ့ရ၏။

ဗုဒ္ဓစနစ်(၂)Tempat cerita menjadi hidup. Temukan sekarang