“ဒါက ငါလိုချင်တဲ့ ရှေ့မီးအမျိုးအစားပဲ ..။ ရှေ့မီးထိုးပြီး လာသမျှကားတွေ အကုန်လုံးကို ငါမျက်စိကျိန်းသွားအောင် လုပ်လို့ရတယ် .. ။ အခုတော့ သူတို့အားလုံး မျက်စိကျိန်းသွားအောင် ငါလုပ်ပစ်လိုက်မယ်၊” . . လျိုရှောင်ကျုံးက စပ်ဖြဲဖြဲပြောလိုက်၏။
“ဒါ ယာဥ်တိုက်မှုဖြစ်နိုင်တယ်နော် ..။ တကယ်လို့ မင်းယာဥ်တိုက်မှုသွားရင် ဘယ်လိုလုပ်မလဲ။”
“ဒါက တခြားလူ အပြစ်ပဲလေ။ ငါတို့ကြောင့်မှ မဟုတ်တာ .. ။ ဘာလို့ ငါတို့ကို အပြစ်တင်လို့ရမှာလဲ၊” လျိုရှောင်ကျုံးက နှုတ်ခမ်းကို တွန့်ကာ သဘောမတူဟန်ဖြင့် ပြောလိုက်၏။
သူ့သူငယ်ချင်းသည် ထိုအကြောင်းကို တွေးမိပြီး သတိပေးလိုက်၏။ “တကယ်လို့ ဒုက္ခရောက်ခဲ့ရင် ငါတို့ ချက်ချင်း ထွက်သွားမှရမယ် ..။ အနားမှာ နေလို့ မရဘူး၊”
လျိုရှောင်ကျုံးက ခပ်သဲ့သဲ့ရယ်မောကာ "ဒါပေါ့ကွ.. စိုးရိမ်မနေနဲ့” ဟု ဆိုလေ၏။စကားပြောနေသည့် အချိန်မှာပင် land roverတစ်စီးလာနေသည်ကို တွေ့လိုက်ရသောအခါ ၎င်းက လေချွန်လိုက်လေ၏။ “ငါမင်းကို ကြောက်တယ်လို့များ ထင်နေတာလား .. ။ ငါ့ရဲ့ အဆင့်မြှင့်ရှေ့မီးက ဘဝရဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ မင်းကိုသိအောင် သင်ပေးလိမ့်မယ်။”
သူ့ကား ရှေ့မီးကို တည့်တည့်ထိုးဖွင့်ကာ အရှေ့သို့ ဝေါခနဲ ဝင်ချသွားလေ၏။
“ငါ့လခွမ်း.. ဘာကြီးလဲဟ၊” လျိုရှောင်ကျုံးသည် အမွေးအမှင်များနှင့် ဖုံးလွှမ်းနေသော မကောင်းဆိုးဝါးတစ်ကောင် ကားရှေ့တွင် ထိုင်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကြက်သီးတဖြန်းဖြန်းထလာပြီး တဆတ်ဆတ် တုန်ယင်သွားလေ၏။ သူလီဗာကို အားနှင့်ဖိနင်းလိုက်မိသလို အင်ဂျင်စက်သံလည်း ပို၍ ဆူညံလာခဲ့၏။ သူ့ရှေ့ရှိ ကားနှင့် ဝင်တိုက်မိတော့မတတ် ဖြစ်သွားလိုက်သည့်အတွက် ကားစီယာတိုင်ကို ကမန်းကတမ်းလှည့်လိုက်ရ၏။ သူ့ကားက ထိန်းချုပ်မှု လွတ်သွားပြီး နံရံတစ်ခုကို ဝင်တိုက်လိုက်သည့်အတွက် နံရံပေါ်တွင် အပေါက်ကြီးတစ်ပေါက်ဖြစ်ပေါ်လာခဲ့၏။
CZYTASZ
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...