အပိုင်း(၁၆၈) မီးဖွားကြတဲ့ ညလေးတစ်ည

395 54 0
                                    

ဖန်းကျန့်မှ မာလောင်နှင့် အခြားတစ်ယောက်ကို ဂုတ်မှ ကိုင်၍ ပစ်ထုတ်လိုက်သည်ကို မြင်သော ကျန်သုံးယောက်၏ မျက်နှာမှာ အပျက်ပျက်အယွင်းယွင်း။

ဖန်းကျန့်က အနောက်သို့လှည့်ကာ လက်အုပ်ချီလိုက်ပြီး “အော်မီထောဖော် ..၊ ဒကာတို့ အကူအညီ လိုသေးလား။”

“မလိုတော့ဘူး၊ မလိုတော့ဘူး။ ကျုပ်တို့ဘာသာ သွားလိုက်ပါ့မယ်၊” သူတို့သုံးယောက်သား ဆက်မနေဝံ့တော့ပဲ ကမန်းကတမ်းပြေးထွက်သွားကြ၏။

'ကျွီ ..'

တံခါးပိတ်သွား၏။

မာလောင်မှာ သူ့မျက်စိရှေ့က အဖြစ်အပျက်ကို တွေ့သည့်နောက် အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်မိကြ၏။ ကိုယ်စီ၏ မျက်ဝန်းထဲတွင် ရှက်ရွံ့မှုများကို အထင်းသား မြင်တွေ့လိုက်ရ၏။ မာလောင်မှာ သူ့ရင်ထဲမှ ဒေါသများကို အောင့်အီးမျိုသိပ်ထားလိုက်ရ၏။ ဖန်းကျန့်အား ကလဲ့စားမချေမီ ဦးစွာ ဓားကို မွေးရဦးတော့မည်ကို သူတပ်အပ်သိလိုက်လေပြီ။

မာလောင်က “ဆရာတော် တံခါး မပိတ်ပါနဲ့ ၊ ကျုပ်တို့တကယ်နောင်တရနေပါပြီ။ ကျုပ်တို့ရဲ့ အမှားအတွက် အနူးအညွှတ်တောင်းပန်ပါတယ်။ ဆရာတော်က သဘောထားကြီးပါတယ်။ ကျုပ်တို့ကို ဒီအတိုင်း မသေခိုင်းလိုက်ပါနဲ့နော်။”

“အော်မီထောဖော်၊ အချိန်က မစောတော့ဘူး ဒကာတို့။ တောင်အောက်ဆင်းလိုက်တာ အကောင်းဆုံးပါပဲ။” ထို့နောက်တွင်မတော့ ဖန်းကျန့်သည် အပြင်၌ ဖြစ်ပျက်သမျှကို လျစ်လျူရှုလျက် အိပ်ရာဝင်သွားတော့၏။ ထိုလူများကား အပြစ်ပေးပြီးသည့်တိုင် မကောင်းမှုအရိပ်မည်းများနှင့် ပြည့်နှက်နေဆဲပါတကား။ ထိုကဲ့သို့သော လူစားကို ခွင့်လွှတ်ပေးရန် သူအကြောင်းပြချက် ရှာမရ။ အထူးသဖြင့် ထိုသူတို့ကျူးလွန်ခဲ့သည့် အမှားပင်။ လူသားများ စောင့်ထိန်းရမည့် ကျင့်ဝတ်၏ကို ၎င်းတို့ချိုးဖောက်ထားသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည်လည်း ထိုလူများကို ခွင့်လွှတ်မပေးနိုင်ပါချေ။

ညက မည်းမည်းမှောင်လာသလို လေအေးများလည်း တဖြူးဖြူးတိုက်ခတ်လာနေဆဲ။ အပူချိန်က ပို၍ လျော့ကျလာသလို ဆံနီငါးဖော်မှာ အပြင်ဖက်တွင် အအေးဒဏ်ကို ခံစားနေရင်း ​ခေါင်းချင်းဆိုင်တိုင်ပင်နေကြ၏။

ဗုဒ္ဓစနစ်(၂)Opowieści tętniące życiem. Odkryj je teraz