“မင်းကလည်း မြန်မြန်ပြောတာမဟုတ်ဘူး။ .. သွားစမ်း .. ။ အလုပ်သွားပြန်လုပ်တော့ ..၊” ကလေးတစ်ယောက် ပြန်ပေးဆွဲခံရသည်ဟု ကြားလိုက်သည်နှင့်လုလျန်၏ဖခင်သည် စကားစဖြတ်ပြီး အလုပ်စလုပ်တော့၏။
လုလျန်က သဘောတူလိုက်ပြီးနောက် ခေါင်းဆောင်ထံ သတင်းပို့ကာ အိမ်သို့ ကသုတ်ကရိုက်ပြန်လာ၏။
ရဲသားများဖက်မှ အလုပ်ရှုပ်နေသည်ကို မြင်ရသည့်တိုင် ဖန်းကျန့်သည် ရပ်တန့်မည့်ပုံ မပေါ်ပေ။ သင်းကွဲဝံပုလွေ၊ မျောက်နှင့် ရှဉ့်ကလေးတို့ကို စွန်းချင့်ချန်၏ အိမ်သို့ သူခေါ်ဆောင်သွား၏။ မည်သူမှ အိမ်တွင် မရှိနေသလို အိမ်တံခါးကိုလည်း သော့ပိတ်ထားသည်။ ဖန်းကျန့် အိမ်ထဲသို့ ဝင်လာခဲ့၏။ ထို့နောက် အိမ်အနီးတဝိုက်သို့ လှည့်ပတ်ကြည့်ရှုလိုက်ရာ မန်မန်ဆော့ကစားခဲ့သော အရုပ်လေးများကို တွေ့လိုက်ရ၏။ ထိုအရုပ်ကို ဝံပုလွေအား ကမ်းပေးလိုက်ရင်း .. “ငါမင်းကို တာဝန်တစ်ခုပေးမယ် ၊ ဒီအနံ့ကိုမှတ်ထားစမ်း ၊ မင်းရှာတွေ့မယ်ဆိုရင် မင်းကို ထမင်းအများကြီး ကျွေးမယ် ၊ မင်းမလုပ်နိုင်ရင် တော့ ငတ်ဖို့သာ ပြင်ထား” ဟု ပြောလေ၏။
သင်းကွဲဝံပုလွေက မျက်လုံးပင့်ကြည့်လိုက်၏။ သူသည် မကောင်းသူပယ်၊ ကောင်းသူကယ်လိုသော စိတ်ဓာတ်ဖြင့် စေတနာအရင်းခံကာ ကူညီခြင်းဖြစ်ကာ ကူညီပေးလိုခြင်း ဖြစ်သည်။ သူ့ကိုယ်သူ အဘယ်ကြောင့် တွန်းအားပေးရန် လိုအပ်မည်နည်း။ သင်းကွဲ ဝံပုလွေသည် ဖန်းကျန့်ကို လျစ်လျူရှုကာ အနံ့ခံလိုက်၏။ သူ၏ အနံ့ခံနိုင်စွမ်းက အခြားသော ဝံပုလွေနှင့် ခွေးများထက် မြင့်မားပေသည်။ သူ့ခန္ဓာကိုယ်ကို သလင်းဆန်နှင့် နေ့စဉ် အာဟာရဖြည့်တင်းခဲ့သည်ဖြစ်ရာ သူ၏ စွမ်းရည်က အခြားသော ဝံပုလွေမျိုးစိတ်များထက် အပြတ်အသတ်သာလွန်ပေသည်။ တစ်ချက်မျှ အနံ့ခံရုံနှင့် သူကောင်းစွာ မှတ်မိသည်။
အနံ့ကို မှတ်သားပြီးသွားသောအခါတွင် သူအရှေ့မှ ပြေးထွက်သွားသလို ဖန်းကျန့်လည်း နောက်မှ ပြေးလိုက်လာ၏။ သင်းကွဲဝံပုလွေသည် ရွာအစွန်နးတစ်ဝိုက် လိုက်လံအနံ့ခံရင်း စပါးခင်းများကို ဖြတ်ကျော်လာပြီးနောက် လမ်းမထက်သို့ ရောက်လာ၏။ ထိုနေရာအရောက်တွင် သင်းကွဲဝံပုလွေသည် အဝေးသို့ မျှော်ကြည့်လိုက်ပြီးနောက် .. “သူတို့ ဒီအမြန်လမ်းမအတိုင်း ယာဉ်တစ်ခုခုစီးသွားတာ ဖြစ်ရမယ် .. ။ ကျောင်းထိုင် ကျုပ်ခုနေပြေးရင် ကျောင်းထိုင် မှီအောင် လိုက်နိုင်ပါ့မလား” ဟုမေးလေ၏။

BẠN ĐANG ĐỌC
ဗုဒ္ဓစနစ်(၂)
Viễn tưởngဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...