အပိုင်း(၂၂၇) ဟုန်ယွမ်ဘုန်းကြီးကျောင်းရဲ့ ဖိတ်မန္တက

338 38 3
                                    


စွန်းကွမ်းချန်မှာ အံ့အားသင့်သွား၏။ အမွှေးတိုင်ဝတ်ပြုပူဇော်ခြင်းက ထိုမျှလောက် အထိ ရှုပ်ထွေးလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။ သို့နှင့် သူ ဖန်းကျန့်အား ဆလံသလိုက်ပြီးလျှင် "ဒီနေ့တော့ တပည့်တော် ပညာတစ်ခုရလိုက်ပါပြီ။"

 စွန်းကွမ်းချန်မှာ ဖန်းကျန့်၏ ညွှန်းကြားမှုအတိုင်း တသွေမသိမ်းလိုက်နာဆောင်ရွက်လေ၏။ အမွှေးတိုင် များကို တစ်တိုင်ပြီး တစ်တိုင် ဝတ်ပြုပူဇော်ပြီးနောက် ထိုစကားများကို တိတ်တဆိတ် ရေရွတ်လိုက်လေ၏။

ဖန်းကျန့်က နံဘေးတွင် ထိုင်ရင်း တရားစာများကို ရွတ်ဖတ်နေလေ၏။ 

ကိစ္စအဝဝပြီးစီးသွားသည့်နောက်တွင် ကောင်းကင်တစ်ပြင်လုံး ​တရွေ့ရွေ့မှောင်မိုက်လာ၏။

 စွန်းကွမ်းချန်က ဖန်းကျန့်အား မိသားစုညစာစားပွဲသို့ ဖိတ်ခေါ်လိုက်သော်လည်း ဖန်းကျန့်က ငြင်းဆန်လိုက်၏။ ငတ်နေသော်လည်း သူ့ ကျောင်းမှ ထမင်းဟင်းကိုသာ သူပို၍ မက်မောသည်။ 

စွန်းကွမ်ချန်နှင့် နှုတ်ဆက်ခွဲခွာလာပြီးသည့် နောက် ရွာထဲမှ မီးရှူးမီးပန်းဖောက်သံများကို သူကြားလိုက်ရ၏။ ဖန်းကျန့် လက်တစ်ချောင်း ကျောင်းတော်သို့ ပြန်ခဲ့ပြီးလျှင် ထမင်းတစ်အိုးတည်လိုက်၏။ သို့နှင့် ညတာက အေးအေးလူလူကုန်လွန်သွားလေ၏။

နောက်တစ်နေ့ အာရုဏ်တက်ချိန်တွင် မိုးစက်မိုးပေါက်များ တဖွဲဖွဲရွာသွန်းလာ၏။ ထို့နောက် တစ်စထက်တစ်စသည်းထန်၍လာလေ၏။ 

သင်္ချိုင်းမြေကို သန့်စင်ရှင်းလင်းရာနေ့အပြီး ရာသီဥတုက ပို၍ ပူနွေးစိုစွတ်လာပါသယောင်။

 ထိုနေ့  ကျော်လွန်သွားပြီးနောက်တွင် ဧပြီလသို့ ရောက်ရှိလာပြီဖြစ်ရာ ထိုလတွင် ဗုဒ္ဓဘာသာပွဲနေ့ထူးအချို့ ရှိလေသည်။ စန္ဒြမာသပြက္ခဒိန်ပါ လေးလပိုင်း၁၂ရက်နေ့နှင့် တတိယလ၆ရက်နေ့ကို စန္ဒဘုရားလောင်း(Cundi)၏ မွေးနေ့ဟု သတ်မှတ်ထားသည်။

 ဖန်းကျန့်၏ ကျောင်းတော်တွင် ကွမ်းယင်ဘုရားလောင်းရှိသော်လည်း  ကွမ်းယင်၏ မွေးနေ့ပွဲတော်ကို မကျင်းပခဲ့ရသေးပေ။ တရားစာများကိုသာ ရွတ်ဖတ်ပူဇော်ပေးရုံသာ တတ်နိုင်ခဲ့သည်။ အခြား ဘာမျှ မလုပ်နိုင်သေးချေ။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now