အပိုင်း(၂၉၇) လူနီလေးကို ထပ်နှိပ်ကွပ်ပြန်ပြီဟေ့

184 28 0
                                    


မြေပေါ်ရှိ သင်းကွဲဝံပုလွေ၊ ရှဥ့်၊ မျောက်တို့ အားကျစွာ အကြည့်ဖလှယ်လိုက်ကြ၏။ မပျံချင်သူ မည်သူရှိမည်နည်း။ ၎င်းတို့မှာ တောင်ပေါ်သို့သာ အပြေးပြန်တက်သွားရရှာ၏။ 

"အား" လူနီလေးမှ သတိမပေးဘဲ မိုးပေါ် ချီတက်သွားမည်ဟု ဖန်းကျန့် မမျှော်လင့်ထားပေ။ ထိုမျှမက သူတို့ပျံသန်းနေသည့်အရှိန်က မြန်လွန်းလှသည်။ သူငုံ့ကြည့်လိုက်ချိန် တောင်ပင်လယ်ကြီးကား သူ့ဖဝါးအောက်မှာ။ ပါးစပ်ဟလိုက်ရာ လေဒရကြမ်းတိုးဝင်လာသောကြောင့် ပါးပြင်က တဖျပ်ဖျပ်လှုပ်ခါယမ်းသွားကာ လေထိုးလိုက်သလို ဖောင်းကားသွား၏။ ခံစားချက်မဆိုးလှသော်ငြား ဤပုံစံဖြင့် ပျံသန်းရသည်မှာ ရှက်ဖွယ်ကောင်းသည်။ သို့ဆိုစေ ခဏတာကြောက်စိတ်ဝင်အပြီး ကျန်သည့် ပျံသန်းရေးခရီးစဥ်က သာယာငြိမ့်ညောင်းလှပေသည်။

"ပျံတယ်ဆိုတာ ဒီလိုမျိုးလား။ အရမ်းမိုက်တယ်ဟေ့၊" ဖန်းကျန့် သူ့မျက်လုံးကို မှေးစင်းရင်း ပါးစပါကို တင်းတင်းစေ့ထားလိုက်၏။  ရှေ့သို့ မျှော်ကြည့်၍ သူအော်ပြောလိုက်၏။ "တပည့်လေး မြင့်မြင့်လေးပျံကွာ။"

ဖန်းကျန့် အဆုတ်ကွဲမတတ် အော်နေသည်ကို ကြားရချိန် လူနီလေးစိတ်ကျေနပ်သွား၏။ ဤသည်မှာ သူလက်တစ်ချောင်းကျောင်းဆီ ရောက်လာချိန်မှစ မြည်းခေါင်းတုံးအား ပထမဆုံး ဒုက္ခပေးနိုင်လိုက်ခြင်းပင်။ သို့ဆိုစေ တစ်အောင့်ခန့် အော်ပြီးသည်နှင့် အသားကျသွား၏။ လူနီလေး သူ့ဘာသာတွေးလိုက်သည်မှာ "ဟီးဟီးး ဒီခေါင်းတုံးစုတ် တော်တော်ပျော်နေလောက်ပြီ။ ငါကတော့ မပျော်ဘူးဟေ့။ မင်းကလမြင့်မြင့်ပျံချင်တယ်ဟုတ်လား။ သိပ်ရတာပေါ့။ ငါ အမြင့်ကြီးခေါ်သွားပေးမယ်။"

စကားမဆိုဘဲ လူနီလေးသည် အပေါ်မော့လျက် ဖန်းကျန့်ကို တန်းလန်းဆွဲရင်း တရှိနထထိုးပျံတက်သွား၏။ ခဏတွင်းချင်း သူတိမ်ပေါ်ရောက်သွား၏။ သူ့ဘာသာတွေးသည်မှာ "ဒီလောက်ဆိုတော်ပြီလား။ မင်းအကြောက်လွန်ပြီး သေအောင်လုပ်ပစ်မယ် ခေါင်းတုံးစုတ်လေး။"

သို့တိုင် လူနီလေးအား စိတ်ဓါတ်ကျသွားစေသည်မှာ ဖန်းကျန့်ကား မကြောက်ရုံသာမက သူ့ပတ်ပတ်လည်ကို ရင်သပ်ရှုမောလျက် ငေးမောကြည့်နေခဲ့၏၊ ကောင်းကင်ပြင်၊ သူ့ခြေဖဝါးအောက်က တိမ်ပင်လယ်၊ ကြယ်ရောင်စုံအာကာယံနှင့် အဝေးက လမင်း။ အခြားနိမ္ဗာန်ဘုံသို့ ရောက်နေရပါသည့်နှယ်။ ထိုခဏ၌ ဖန်းကျန့် ရယ်မောလိုက်၏။ ဤတမျှ လှပသော ရှုမျှော်ခင်းကို အခြားသူများ ၎င်းတို့တစ်သက် မြင်ဖူးပါ၏လော။ လေယာဥ်ပေါ်မှဆိုလျှင်ပင် မြင်တွေ့နိုင်မည်မဟုတ်။

"သူမကြောက်သေးဘူးလား၊" လူနီလေး မျက်မှောက်ကုတ်သွား၏။ ရုတ်တရက် သူ လက်လွှတ်၍ ဖန်းကျန့်အား သူ့အရှိန်နှင့်သူ အမြင့်သို့ ဆက်လက်ပျံတက်သွားစေ၏။

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora