အပိုင်း(၂၂၅) လက်တစ်ချောင်းဘုန်းကြီးကျောင်းမိသားစု

251 39 1
                                    

ဖန်းကျန့်က ခေါင်းညိတ်ပြလိုက်ကာ “ကြားနိုင်တာပေါ့ ၊ ပျော်ရွှင်မှုကို မျှဝေတဲ့အတွက် ဘိုးဘေးတွေလည်း ပျော်ရွှင်ရတာပေါ့ ၊ တကယ်လို့ မင်းသာ ကောင်းတဲ့ အကြောင်းတွေ များများပြောပြီး ဘိုးဘေးတွေ ပျော်ရွှင်အောင် လုပ်ပေးရင် ဘိုးဘေးတွေကလည်း မင်းဘဝတစ်လျှောက်လုံး လိုက်ပါ ကာကွယ်ပေးလိမ့်မယ်။”

“တကယ်လား” မျောက်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်၏။

“တကယ်ပေါ့၊ မင်းရဲ့ နှလုံးသားထဲမှာ ကိန်းအောင်နေတဲ့ ပျော်ရွှင်မှုက အခြားတစ်ယောက်ဆီ မျှဝေပေးလို့ရတဲ့ အရာတစ်မျိုးပဲ။ နေ့တိုင်း ဆိုးဝါးတဲ့ အကြောင်းတွေကိုပဲ တွေးနေရင် ပိုပြီး စိတ်ဓာတ်ကျရမယ်၊ အဲဒါဆိုရင် အကုသိုလ်ကံတွေ ဝင်ရောက်လာဖို့ အခွင့်အရေးများတယ် ၊ အဲဒါကြောင့် လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုက သူ့ရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်။ ချမ်းသာတဲ့လူတွေက သူတို့ကိုယ်ပိုင် ပျော်ရွှင်မှုတွေ ရှိကြပေမယ့် ဆင်းရဲတဲ့လူမှာလည်း ကိုယ်ပိုင်ပျော်ရွှင်မှုဆိုတာ ရှိတယ်၊ ငါတို့ ဘိုးဘေးတွေကို ငါတို့ရဲ့ ပျော်ရွှင်မှုတွေ မျှဝေပေးတော့ သူတို့တတွေပျော်ရွှင်သလို ငါတို့လည်း ပျော်ရွှင်မှာပဲ ၊ မင်းသာ နှစ်နှစ်ခြိုက်ခြိုက် ပျော်ရွှင်နေမယ်ဆိုရင် ကံကောင်းခြင်းတွေလည်း ရောက်လာနိုင်တယ်။”

မျောက်က ဖင်ကုတ်ရန် လက်လှမ်းလိုက်သော်လည်း လမ်းတစ်ဝက်တွင်ရပ်ကာ ခေါင်းကိုသာ ကုတ်လိုက်လေ၏။ “ကျုပ်နားမလည်ပေမယ့် အာရုံခံလို့ ရသလိုတော့ရှိသား။”

ရှဉ့်ငယ်လေးက ခေါင်းကို ခါယမ်းရင်း “အဲဒီလိုမျိုး လုပ်၊ စကားအနည်းငယ်ရဲ့ နောက်ကွယ်မှာ နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ အဓိပ္ပာယ် ရှိနေမှန်း ကျုပ်မသိလိုက်ဘူး။”

“ဒါက တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ကျင့်သုံးခဲ့တဲ့ ယဉ်ကျေးမှုတစ်ခုပဲ။ လူအတော်များများကတော့ မေ့လျော့သွားကြပြီ ၊ ဒါပေမဲ့ ဒီနှစ်တွေမှာ လူအတော်များများပြန်ပြီး လိုက်စားလာကြတယ်၊ ဒါက ကောင်းတဲ့ လုပ်ရပ်တစ်ခုပဲ၊” ဖန်းကျန့်က အသိပညာပေးလိုက်၏။

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora