ဖန်းကျန့်က မိုးပေါ်သို့ မျှော်ကြည့်လိုက်ပြီးလျှင် “ဒါဆို ဘုန်းကြီးကျောင်းမှာ နောက်ထပ်စားပွဲတစ်လုံး မရမချင်း မင်းကို စားပွဲခုံရှည်နဲ့ပဲ ထားရမယ်” ဟု ဆို၏။
ဝံပုလွေမှာ မျက်လုံးပြူးသွားပြီးလျှင် မြေပေါ်တွင် ခွေခေါက်လဲချလိုက်လေတော့၏။ သူ့ပုံစံက ခွေးသေတစ်ကောင်နှင့်ပင် တူနေသေးတော့၏။
ရလဒ်အနေဖြင့် မျောက်က မထီတရီရယ်မောလိုက်၏။ ဖန်းကျန့်က နောက်သို့ လှည့်ကြည့်ပြီးနောက် မျောက်၏ ဦးခေါင်းကို ပုတ်ကာ “မင်းနဲ့ ဝံပုလွေက တစ်ကျောင်းတည်းမှာ အတူတူနေကြတာ။ မင်းတို့က မိသားစုတွေ ဖြစ်သလို ငါ့ရဲ့တပည့်တွေလည်း ဖြစ်တယ်၊ အခုတော့ မင်းက အခြားသူအရေးနိမ့်နေတဲ့အချိန်မှာ လှောင်ရယ်ဖို့ ကြိုးစားနေတယ် ဟုတ်လား” ဟု ပြစ်တင်ဆုံးမလေ၏။
မျောက်မှာ ရင်ထဲတွင် မလုံမလဲခံစားလိုက်ရ၏။
“မင်းလည်း မနက်ဖြန်ကစပြီး ဝံပုလွေနဲ့ တောင်အောက်ဆင်းပြီးတော့ ရေခပ်ရမယ်။” ထိုသို့ ပြောပြီးနောက် ရှဉ့်ငယ်လေးအား အသိုက်ထဲ မပြန်မီ သူလှမ်းခေါ်လိုက်၏။
အပြင်ဖက်တွင်မတော့ မျောက်နှင့် ဝံပုလွေမှာ တစ်ကောင်နှင့်တစ်ကောင် လှမ်းကြည့်လိုက်ကြ၏။ မျောက်က မခံချိမခံသာဖြင့် လှမ်းကြည့်လိုက်သလို ဝံပုလွေကလည်း ခနဲ့တဲ့တဲ့ပြန်ကြည့်လိုက်၏။ သူတစ်ကောင်တည်း ကွက်၍ ကံဆိုးခြင်း မဟုတ်သည့်အတွက် အတန်ငယ် စိတ်သက်သာရာရသွားဟန်။
“စနစ်.. တာဝန်အခြေအနေဘယ်လိုရှိလဲ၊” ဖန်းကျန့်က သူ၏ အဆောင်သို့ ပြန်ရောက်သောအခါ စိတ်ပျက်လက်ပျက်မေးလိုက်၏။
“ပြီးမြောက်သွားပါပြီ။ ကုသိုလ်ရမှတ်တွေကို ပေါင်းပြီးပါပြီ၊ သင်ကြားဖြတ်မဲနှိုက်ဖို့ အခွင့်အရေးတစ်ခုရပါမယ်။”}
“အို.. ပြီးသွားတာတောင် မင်း ငါ့ကို ဘာမှ အကြောင်းမကြားပါလားကွ၊” ဖန်းကျန့်မှာ ဆဲချင်စိတ် တဖွားဖွားပေါ်လာ၏။။ စနစ်ကား တစ်နေ့တခြား ယုံကြည်အားထား၍ မရတော့ဟု သူရေးရေးသဘောပေါက်လာ၏။ ထို့အပြင် စနစ်က အမှန်တကယ် ယုံကြည်ထိုက်သူ မဟုတ်ဟုလည်း သူ့စိတ်ထဲ မသိုးမသန့် ခံစားနေရသည်။ စနစ်က ပင်လယ်ဓားပြတစ်ယောက်နှင့် အလွန်ဆင်တူပေသည်။
BẠN ĐANG ĐỌC
ဗုဒ္ဓစနစ်(၂)
Viễn tưởngဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...