ဖန်းကျန့် ပြုံးမိသွား၏။
လူနီလေးက သဘောမတူချင်။ “ရယ်စရာ ကောင်းလိုက်တာ .. ၊ ရဟန္တာတွေ အသားစားတာ ကျုပ်မြင်ဖူးတယ် .. ။ ဘာမှ ဖြစ်တဲ့ပုံ မပေါ်ဘူး … ။ ဟိယာနဘာသာကမှ ဒီထက် ကောင်းပြီး ပိုလွတ်လပ်ဦးမယ် .. ။သူတို့တောင် သူတို့ဘာသာ လွတ်မြောက်ဖို့ ကြိုးစားနေကြတယ်ဆိုရင် ခင်ဗျားက ဘာကို ဂရုစိုက်နေဦးမှာလဲ .. ။ ခင်ဗျားတို့ရဲ့ ဝါဒမှာ စည်းကမ်းတွေက အရမ်းများတယ် .. ။ အသားမစားရဘူး ၊ အရက်မသောက်ရဘူး ၊ အနံ့ပြင်းတဲ့ အပင်ငါးမျိုးကို မစားရဘူး။ အိမ်ထောင်သားမွေးလုပ်လို့လည်း မရဘူး ..။ ဆံပင်ရှည်မထားရဘူး .. အို စုံနေတာပဲ။ တကယ်ပါပဲ .. ဒါပေမယ့် လူတွေက မသင့်တော်တဲ့ အလုပ်တွေ လုပ်ကြတယ် ဆိုတာ ကျုပ်ကြားဖူးတယ် .. အဆိုးဆုံးကတော့ ကလေးမရနိုင်တာပဲ ..။ အဖေအမေက ကျုပ်တို့ကို မွေးထုတ်ထားပေးတယ် . . ။ ကျုပ်တို့အလှည့်ကျတော့ မမွေးထုတ်ပေးနိုင်ဘူး ..။ လောလောဆယ်တော့ တခြား ဥပမာတွေကို ကျုပ်စဉ်းစားလို့ မရသေးဘူး .. ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျားလုပ်နေတာတွေက မှားတယ် .. ။ ဒီနေ့ကစပြီး ဟိယာနလမ်းစဉ်ကို ပြောင်းလိုက်၊ အဲဒါဆိုရင် အသားလည်း စားလို့ရသလို အရက်လည်း သောက်လို့ရပြီ ..။ ဘဝကြီးက ဘယ်လောက် ပြီးပြည့်စုံလိုက်မလဲ။”
ဝံပုလွေနှင့် မျောက်မှာ ထိုစကား ကြားလိုက်သည်နှင့် တဖွားဖွား စိတ်အားတက်ကြွလာကြ၏။ သူတို့ လက်တံများကို မိုးပေါ်ထောင်၍ ထောက်ခံသင့်သလော။
ရှဉ့်ငယ်လေးမှာ အသားစားသတ္တဝါမဟုတ်သောကြောင့် ၎င်းက ဖန်းကျန့်ဖက်မှ ဖြစ်သည်။ ၎င်းက မြေပေါ်လှဲလိုက်ပြီး သူ၏ ခြေလက်လေးဖက်ကို မိုးပေါ်ထောင်ကာ အမြီးနှံ့ပြလိုက်၏။ ထို့နောက် ခပ်ကျယ်ကျယ် အော်ဟစ်လျက် “ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဆရာတော်ဖက်ကပဲ” ဟု ကြွေးကြော်လေ၏။
YOU ARE READING
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...