အပိုင်း(၁၈၃) ဇင်စိုက်ပျိုးရေး

330 38 0
                                    


ရှဉ့်ငယ်လေးအား ကျီစယ်ပြီးသည့်နောက်တွင် ဖန်းကျန့်က အော်ပြောလိုက်၏။ "စမယ်။"

သူ့လက်မောင်းကို ကွေးလိုက်ပြီးနောက် အားနှင့် လွှဲပစ်လိုက်လေ၏။

“ဝှီးး ..”

ရှဉ့်ငယ်လေး၊ မျောက်နှင့် သင်းကွဲဝံပုလွေတို့မှာ တွေဝေသွားကြ၏။

ဖန်ကျန့်၏ ပြင်းထန်သော အတွင်းအားအရှိန်ကြောင့် သစ်ကိုင်းမှာ မြစ်တစ်ဖက်ကမ်းသို့ ငှက်မွေးပမာ ပေါ့ပေါးပါးပါးရောက်ရှိသွား၏။

မျောက်ကား အမှန်တကယ် ဉာဏ်ကောင်းလှကာ ရုတ်ခြည်းပြေးထွက်သွားလေ၏။

ဝံပုလွေသည်လည်း မာန်တစ်ချက်သွင်းကာ အူလိုက်ပြီး အားနှင့် ပြေးထွက်သွားလေ၏။ တစ်ချိန်တည်းမှာပင် ၎င်းက အော်ဟစ်လိုက်သေး၏။ “မျောက်ရူး သေစမ်း … ။ မြန်တယ်ဆိုတာ ဘာမှန်း မင်းသိအောင် ငါပြပေးရတာပေါ့။”

မြစ်ကမ်းစပ်သို့ နီးလာသောအခါတွင်‌ မျောက်မှာ မြစ်ပြင်ထဲသို့ ခြေထောက်ကို နှစ်လိုက်၏။ ရေထဲခြေချမိသည်နှင့် ကပျာကယာခြေပြန်ရုတ်လိုက်ရ၏။ သူ့စိတ်တွင်းမှ ကြိတ်၍ အော်ဟစ်လိုက်လေ၏။ “အေးလိုက်တာဟ .. ၊ ပိုင်းမြစ်ရေထက်တောင် ပိုအေးနေသလိုပဲ။”

သူထိုသို့ တုန့်ဆိုင်းနေခိုက် အဖြူရောင်ပုံရိပ်တစ်ခုကို အရှေ့သို့ တိုးထွက်သွားရန် အခွင့်အရေး ပေးလိုက်သည့်နှယ်ဖြစ်သွားရ၏။ ဝံပုလွေမှာ လေထဲသို့ လွှားခနဲ ခုန်လိုက်ပြီး ရေများ ဗွမ်းခနဲ လွင့်စင်လျက် မြစ်ထဲသို့ ထိုးကျသွားတော့၏။ ထို့နောက် “.. မင်းမြန်တယ် ဆိုတာ အဲဒါလား ..။ မင်းကို အသာလေး .. အား .. အား … အေးလိုက်တာ …မတရားအေးတယ်ဟ။ အာဝူးး။”

မည်သူမျှ နားမလည်သော်လည်း ဖန်းကျန့်ကမူ နားလည်သည်။ သို့နှင့် ဖန်းကျန့်မှာ မအောင့်နိုင်ဘဲရယ်မောလိုက်၏။ ဝံပုလွေကား အမှန်ပင် ရူးမိုက်ပေသည်။ မျောက်သည်ပင် ရေကို စမ်းသပ်ရမည်ကို သိရှိပေသည်။ ဝံပုလွေသည် ယက်ကန်ယက်ကန်ဖြင့် ကူးခတ်သွား၏။ ထိုရေများသာ မအေးဟုဆိုပါက လှောင်နေခြင်းသာဖြစ်ပေလိမ့်မည်။

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora