အပိုင်း(၁၈၈) ရူးနေတာလား

240 40 0
                                    

 ထိုpageက ချက်ခြင်း ပွင့်သွားပြီးနောက်  ဆံပင် တိုတိုမိန်းကလေးတစ်ယောက် ထိုpage အလည်တွင် ပေါ်လာလေ၏။ သူ(မ)အောက်တွင်တော့  စာရှည်တစ်စောင်ရှိသည်။ "မြို့ဖျက်အလှတဲ့၊ ရွှယ်ယင်းက တစ်ကျော့ပြန်ပွဲဦးထွက်လာပြီး ပထမဦးဆုံး ရုပ်ရှင်ထပ်ရိုက်တော့မတဲ့။"

ဖန်းကျန့်မှာ အကြည့်လွှဲလိုက်ပြီးလျှင် မည်သို့မှ ဆက်မတွေးချေ။ ထိုကဲ့သို့သော အတင်းအဖျင်း စကားများကို သူမုန်းတီးသည်။ လူတိုင်းတွင် အသက်တစ်ချောင်းစီပါရှိကြသည်။ ထိုကြောင့် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကို ဖတ်ရှုသည့် အလေ့အကျင့်က မကောင်းပေ။ ထိုPageကို သူပိတ်ပြီးသောအခါ ဘုရားစာများကို ဆက်လက်ရွတ်ဖတ်လေ၏။ 

မျက်စိတစ်မှိတ် အတွင်းမှာပင် နေ့ရက်များက ကုန်ဆုံးသွားခဲ့ပြန်သည်။ 

ဖန်းကျန့်မှာ သူ၏ နေ့ရက်များကို စိတ်အေးလက်အေးဖြင့်သာ ဆက်လက်နေထိုင်ခဲ့သည်။ တစ်နေ့တွင်တောင်ထိပ်မှ ငြိမ်းချမ်းရေးက ပြိုလဲပျက်စီးသွားပါတော့သည်။ 

“အရမ်းလေးလား ...နောက်တစ်ယောက်နဲ့ ​လဲလိုက်…။” 

"ဒီနေရာကို ဘယ်သူရောက်ပြီးပြီလဲ… ။ တောင်ကလည်း မတ်လိုက်တာမှ၊ လမ်းလည်း ကောင်းမယ့်ပုံ မပေါ်ဘူး… အား ငါ့ကျော…။”  

ထိုစကားများကို ကြားလိုက်ရသောအခါ ဖန်းကျန့် မှာ စုံစမ်းရန်အတွက် အပြင်သို့ ထွက်လာခဲ့၏။ လူ အများစုက ကြီးမားလေးလံသော သေတ္တာများကို တောင်ထိပ်သို့ သယ်ဆောင်လာသည်ကို တွေ့လိုက် ရတော့၏။ 

၎င်းတို့ထဲမှ တစ်ယောက်ကို သူသိသည်။ ထိုလူသည် မျက်နှာရှည်ရှည်ရှိပြီး ဘုန်းကြီးကျောင်းထံသို့ ယခင်က တစ်ခေါက်လာခဲ့ဖူးသည်။ ရုပ်ရှင်ကုမ္ပဏီမှ ဝန်ထမ်းတစ်ယောက်ဖြစ်မည်ကို သူသိသည်။ 

ထိုသူများက ညည်းတွားနေသော်လည်း အလုပ်ကို ကြိုးစားကြသည်။ လူအင်အားအတော်များသည့်အတွက် မကြာမီအချိန်တွင်းမှာပင် ရိုက်ကူးရေးပစ္စည်းများကို မလှမ်းမကမ်းတစ်နေရာတွင် ရွေ့ပြောင်းပြီးသွားပြီဖြစ်သည်။ 

ဗုဒ္ဓစနစ်(၂)Onde histórias criam vida. Descubra agora