သို့ဆိုစေ ယခင်က သေကြေထိခိုက်ခံစားခဲ့ရသော တောဝက်များသည်လည်း သေနတ်သံကြားလျှင် ထွက်ပြေးရမည်ဟူသော အကြောက်တရားတော့ဖြင့် ရခဲ့ပေသည်။ သို့ကြောင့် ရွာသားများသည် တောခြောက်ရန် လူသူငှားရမ်းထားကြသည်။ ၎င်းတို့က ဗျောက်အိုးများကို ပုံးထဲ ထည့်ခြင်း၊ မောင်းတီးခြင်း၊ အော်ဟစ်ခြင်း၊ မီးတုတ်များ ထွန်းညှိခြင်းတို့ကို တပြိုင်တည်းပြုလုပ်ကြသည်။ အနှီက များသောအားဖြင့် တောဝက်ရန်ကို ရပ်တန့်နိုင်ခဲ့ပေသည်။
သို့သော် နောက်ပိုင်း၌ သေနတ််များကို တိုင်းပြည်အနှံ့ ပိတ်ပင်လိုက်သောအခါ ၎င်းတို့ တစ်ဖန်ကြီးစိုးလာပြန်သည်။ ရွာထဲ၌ လက်နက်မရှိလေရာ တောဝက်််များ အတင့်ရဲလာတော့သည်။ အစပိုင်း၌ တောမောင်းခြင်းကို အတန်ငယ် ကြောက်လန့်သော်ငြား ကြိမ်ဖန်များသော် ယင်းတို့က မထိခိုက်စေနိုင်ကြောင်း ၎င်းတို့ နားလည်လာကြသည်။ တောမောင်းခြင်းဗျူဟာနှင့် ယဥ်ပါးသွားသည့်နောက် တောင်ခြေကို ၎င်းတို့ ဧည့်ခန်းပမာ အစတည်းချလာတော့သည်။ ၎င်းတို့သည် နွေဦး၊ နွေနှင့် ဆောင်းဦးရာသီများ၌ ရောက်ချလာ၍ ဒေသခံများကို အကြီးအကျယ် နှောင့်ယှက်၊ စိတ်ဒုက္ခပေးပါတော့သည်။
သို့ကြောင့် လူအများက ထောက်ချောက်််ျား တပ်ဆင်၍ တဖုံ၊ အဆိပ်ချ၍ တဖုံ တောဝက်များကို ရင်ဆိုင်ရပါတော့သည်။
သို့သော် နောက်ပိုင်းတွင် တောဝက်များအား ထိန်းသိန်းစောင့်ရှောက်ရမည့် တိရိစ္ဆာန်များအဖြစ် ပြဋ္ဌာန်းချက် ထွက်လာသည်။ အမဲလိုက်လိုပါက လိုက်နိုင်သည်၊ သို့သော် တင်ပြရမည်။ အမဲလိုက်ခွင့်လိုင်စင်ရပြီးပါက သတ်မှတ်ထားသော တောဝက်ပမာဏအတိုင်း အမဲလိုက်နိုင်ပြီ။ ထို့ထက်မကသေး၊ ယင်းလိုင်စင်ကား လက်ဝယ်ပိုင်ဆိုင်ရန် ခဲယဥ်းလှသည်။ ရရှိထားသူ လူလက်တစ်ဆုပ်ကလည်း တောဝက်တစ်အုပ်တစ်မကြီးအတွက် မလောက်ငှ။
အရေးအကြီးဆုံးမှာ တောဝက်ဟူသည် အချင်းချင်းမသတ်ဖြတ်ကြသလို မျိုးပွားနှုန်းကလည်း ကောင်းလှသည်။ ၎င်းတို့မျိုးပွားနှုန်းက လူသားများထက် အဆပေါင်း်ျားစွာ သာသည်။
BINABASA MO ANG
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...