အပိုင်း(၁၉၅) နောက်ဆုံးနည်း

256 36 0
                                    


     ကော်စုန့်က စပ်ဖြီးဖြီးပြုံးလိုက်၏။  “တင်ပါ့။ တပည့်တော်ရုပ်ရှင်ကြည့်လာတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာရောပေါ့။ ဟီး ရုပ်ရှင်ထဲမှာပါဖို့က တပည့်တော်ရဲ့ အိပ်မက်ပါပဲ။ အခု ဆန္ဒပြည့်လာမယ်လို့ လုံးဝမျှော်လင့်ခဲ့ဘူး။ ဟော.. ကြည့်ပါဦး။ ဒါတွေ အားလုံးကို ရုပ်ရှင်အဖွဲ့သားတွေ ပေးထားတာပါ။ သူတို့ပေးတုန်းက နည်းနည်းညစ်ပတ်နေတယ်။ ဒါပေမယ့် သေသေချာချာလျှော်ဖွတ်ပြီး မီးပူတိုက်လိုက်တော့ ကြည့်စမ်း ဘယ်လိုနေလဲအရှင်ဘုရား။ တပည့်တော် မခန့်ငြားသွားဘူးလား။ ဒါက စစ်သည်တစ်ယောက်ရဲ့ဥပဓိပဲ။ အရှင့်ကို တပည့်တော်ပြောပြမယ်။ တပည့်တော်က ခေတ်မှားပြီးတော့ မွေးလာတာ။ တကယ်လို့ တပည့်တော်သာ အရင်ခေတ်တုန်းက မွေးခဲ့မယ်ဆိုရင် ဟိုးကတည်းက ရာစုနှစ်တွေရဲ့ သူရဲကောင်းကြီးဖြစ်နေလောက်ပြီ။ ” 

      ကော်စုန့်က သူရဲကောင်းတစ်ယောက်၏ အမူအရာအတိုင်း ဟန်ရေးတပြပြလုပ်လေ၏။ ရလဒ်မှာတော့...

 “ဖတ်"

"ကော်စုန့် ဟောင်မနေနဲ့။ ဘာ... သူရဲကောင်း ဟုတ်လား။ ခင်ဗျားသာ ရှေးခေတ်မှာ မွေးလာမယ်ဆိုရင် သူခိုးတစ်ယောက်ပဲဖြစ်မှာ” ဝမ်ရိုကွေ့က ကော်စုန့်၏ ခမောက်ကို ဖတ်ကနဲ ရိုက်လိုက်လေ၏။ ၎င်းက ခမောက်ကို ကမန်းကတမ်းကောက်ပြီး ဖုန်များကို သုတ်ခါလိုက်၏။ 

    “တော်ပြီ။ မြန်မြန် သွားရအောင်။ တကယ်လို့ ခင်ဗျားဆက်ပြောနေမယ်ဆိုရင် ရုပ်ရှင်အဖွဲ့သားတွေ  ခင်ဗျားကို မီးရှို့ ပစ်လိုက်လိမ့်မယ်။ ”

    ကော်စုန့်မှာ အနောက်သို့ လှည့်ကြည့်လိုက်ရာ လူတိုင်းက စတင်စုဝေးနေပြီ ဖြစ်မှန်း တွေ့လိုက်ရလျှင်   ဖန်းကျန့်အား နှုတ်ဆက်စကားဆို၍ သူသည်လည်း ထိုလူအုပ်အတွင်းသို့ ပြေးဝင်ရောနှောလိုက်၏။ ဖန်းကျန့်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်မိလေ၏။ 

    “အင်း အားလုံးစိတ်ဓာတ်တက်ကြွနေပါပေါ့လား။ ”

   “ဟုတ်တယ်။ သေချာတာပေါ့။ ငါတို့အားလုံး ရုပ်ရှင်ကြည့်ကြတယ်လေ။ ဘယ်သူကများ ရုပ်ရှင်မှာ ပါခွင့်ရတာကို မပျော်ဘဲနေမှာတုန်း။ ပြီးတော့ ဒါက နွေမပေါက်သေးဘူး ဆိုပေမယ့် လူတိုင်းက အလုပ်အားနေကြပြီ။ ငါတို့လည်း အတင်းအဖျင်းပြောရင်း တစ်ယောက်နဲ့ တစ်ယောက် မာကျောက် ကစားရင်း အချိန်ဖြုန်းနေတာထက်စာရင် အပိုဝင်ငွေရမယ့် အလုပ်တစ်ခုပဲလေ။ လူတိုင်းလုပ်ချင်ကြတာပေါ့။ ”

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora