ယန်ဟွာက တဟားဟားရယ်မောလျက် ပြေးထွက်သွား၏။ တစ်ခဏအတွင်းမှာပင် ကြီးမားသော အိတ်ကြီးတစ်လုံး သူယူထုတ်လာ၏။ထိုအချိန်တွင် ဖန်းကျန့်သည် စက္ကူပိုက်ဆံများနှင့် အမွှေးတိုင် အတော်များများ ရထားခဲ့သည်။ မျောက်သည်လည်း အိတ်နှစ်လုံးကို ဆွဲထားရသည်။ မျောက်မှာ တစ်လမ်းလုံး တွေဝေနေ၏။ ကျောင်းထိုင်ကား စား၍ မရသော ပစ္စည်းများကို အဘယ်ကြောင့် လိုက်လံတောင်းခံနေရသနည်း။
ကော်စုန့်နှင့် အခြားလူများ ရောက်တတ်ရာရာပြောဆိုနေကြစဉ် ယန်ဟွာ၏ အော်သံကို ရုတ်ချည်း ကြားလိုက်ရ၏။ “ဖယ်စမ်း ၊ ဖယ်စမ်း အရှင်ဖန်းကျန့် တောင်ပေါ်မှာ မရှိတဲ့ဟာတွေ တပည့်တော်ထောက်ပံ့ပေးမယ်။”
ကော်စုန့်က ရုတ်ချည်းဆိုသလို တခစ်ခစ် ရယ်မောလျက် “ဟေး .. ငွေထုပ်ကြီးယန်ဒီကိုရောက်နေပြီဟ။ အရှင်ဖန်းကျန့်ကတော့ သူပြောထားတဲ့အတိုင်းဆို ချမ်းသာတော့မယ် ၊ ငွေထုပ်ကြီးယန်.. မင်းပိုက်ဆံတွေ မသုံးလိုက်ရင် နှမြောစရာကြီး။”
ဖန်းကျန့်က .. “ဒီကိုယ်တော်လည်း အဲဒီလို ဆန္ဒရှိပါတယ်။ ဒါပေမယ့် ကိုယ်တော်ရဲ့ ဆရာတော်မှာ စည်းမျဉ်းရှိပါတယ်။ အိမ်တစ်အိမ်ကနေ အများကြီး မယူရဘူးတဲ့။”
ယန်ဟွာက စက္ကူပိုက်ဆံများနှင့် အမွှေးတိုင်များကို ဖန်းကျန့်အား ကမ်းပေးလိုက်ရင်း … “ဒါလောက်လေးက ဘာများဖြစ်မှာမို့လဲ။ အရင်က တပည့်တော်တို့မိသားစုက ဆင်းရဲခဲ့တယ်။ အဲဒီတော့ နည်းနည်းပဲရတယ်။ ဒါပေမယ့် အခုတော့ ဟီးဟီး ..၊” ယန်ဟွာသည် ထိုစကားများကို ဆက်ပြောရန် အတန်ငယ် ရှက်ရွံ့နေဟန်ရ၏။
ထို့နောက် ယန်ဟွာက .. “အရှင်ဖန်းကျန့်၊ တပည့်တော်အိမ်မှာ ကြက်သားစွတ်ပြုတ်အိုး တည်ထားတယ်။ အိမ်မြန်မြန်ပြန်ရမယ်။ အရှင်ဘုရားကို အဖော်မလုပ်ပေးနိုင်တော့ဘူး ..၊” ထိုသို့ပြောပြီးသည်နှင့် ယန်ဟွာ ပြေးထွက်သွားလေ၏။ လူအုပ်ကြီးမှာ စီခနဲ ညံသွားလေ၏။
“ဒင်းက မြေပိုင်ရှင်အဆင့်တောင် ရောက်နေပြီ ၊ မနက်ခင်းမှာတောင် ကြက်စွတ်ပြုတ် လုပ်သောက်နေတယ်၊ ညဘက်ဆို ဇာမဏီစွတ်ပြုတ်ပါလုပ်သောက်ဦးမလား မသိဘူး။”

BẠN ĐANG ĐỌC
ဗုဒ္ဓစနစ်(၂)
Viễn tưởngဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...