အပိုင်း(၂၅၇) စိတ်ဆိုးလွန်းလို့ ရူးတော့မယ်

267 36 0
                                    

သို့နှင့် နွေဦးကာလဝယ် လက်တစ်ချောင်းရွာလေးမှာ အလုပ်နှင့်လက် ပြတ်လပ်သည်မရှိ၊ ပျားပန်းခပ်မျှ ရှုပ်ယှက်ခတ်နေကြတော့သည်။ မိသားစုတိုင်းတွင် လုပ်အင်အားလိုအပ်နေသည့်အတွက် ကော်စုန့်ကို သူပေါက်တူးလာမပို့စေခြင်းဖြစ်သည်။

သို့သော်လည်း ထိုရာသီကား ကလေးများ အကြိုက်ဆုံး ရာသီဖြစ်သည်။ သာယာသော ရာသီဥတုအောက်တွင် သူတို့ ပျော်ပျော်ပါးပါးဆော့ကစားကြ၏။ ​ဆော့ကစား၍ မောပန်းလာကြသောအခါတွင် မည်သည့်လယ်ကွက်အစွန်ရှိ ရေတွင်းဖြစ်စေ သူတို့ ပြေးသွားကြပြီး အလွန်ကြည်လင်၍ အနည်အနှစ်များ ကင်းစင်သော ​အေးမြမြတွင်းရေကို အားပါးတရသောက်ကြ၏။ ထိုရေက သူတို့၏ ခန္ဓာကိုယ်ကို အားအင်ပြည့်ဝစေပြီး နှလုံးသားကို အေးမြလန်းဆန်းစေ၏။

နွေဦးရာသီကို ကြိုက်နှစ်သက်ရသည့် အဓိကအချက်မှာ သူတို့ကို ဆူပူကန့်ကွက်မည့် မိဘများ မအားလပ်ကြခြင်းကြောင့်ပင် ဖြစ်သည်။ သူတို့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ဆော့ကစားနိုင်ကြသည်။
မိဘများတွင်လည်း ရွေးချယ်စရာ မရှိပေ။ သူတို့ မအားလပ်ကြသောကြောင့် မူကြိုနေအရွယ်ပင် မရောက်သေးသော ကလေးများကို စိတ်ရှိတိုင်း ဆော့ကစားခွင့်ပြုထားရုံသာ တတ်နိုင်ရှာသည်။

ဝံပုလွေနှင့် မျောက်မှာ တောင်အောက် ရောက်သွားသည်နှင့် ကလေးအုပ်စု၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ ထိုတိရိစ္ဆာန်နှစ်ကောင်မှာ ထိုကလေးများ၏ အကျင့်စရိုက်ကို သိထားသောကြောင့် အဖက်မလုပ်ချင်ကြပေ။ ကောါစုန့်၏ အိမ်ကို ရှာဖွေပြီးနောက် မျောက်က ပေါက်တူးကို ကောက်ကိုင်လိုက်၏။

ဝံပုလွေက သူ့နောက်မှ လိုက်လာပြီး တောင်ပေါ်သို့ အလျင်အမြန် ပြေးတက်သွားလိုက်ကြသည်။ သို့သော်လည်း သူတို့ ရွာတံခါးဝကို ဖြတ်သန်းလာကြစဥ် မျောက်က ခေါင်းလှည့်ကြည့်လိုက်ရာ မျက်နှာစိမ်းအမျိုးသမီးနှစ်ယောက်ကို လှမ်းတွေ့လိုက်ရ၏။ သူတို့နှစ်ယောက်သည် ဆောင့်ကြောင့်ထိုင်နေပြီး ကလေးမလေးတစ်ယောက်နှင့် စကားပြောနေကြသည်။ အလွန်ပျော်ပျော်ရွှင်ရွှင် စကားပြောနေဟန်ရှိသော်လည်း မည်သည့်အကြောင်းအရာများပြောဆိုနေကြကြောင်း မသိပေ။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now