အပိုင်း(၂၄၂)ဆရာတော်က ပုံပြင်ပြောပြတယ်

234 33 0
                                    

ဖန်းကျန့် ဇဝေဇဝါဖြစ်သွား၏။ ဟန်ချီကော်   သူ့ကို ညွှန်းလိုက်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ 'သူက တရားဓမ္မကောင်းကောင်းနှံ့စပ်တယ်တဲ့လား။' ထိုအဆိုကို သူလက်သင့်မခံပေ။ အကောင်းဆုံးအချက်က သူသည် အရာ အားလုံးကို အကောင်းဖက်မှ နေ၍ တွေးတောစဉ်းစားတတ်ခြင်းသာ။

ဖန်းကျန့်က ဘေးသို့ ရွှေ့လိုက်ပြီးလျှင် ဦးညွတ်ဂရဝပြုမှုကို ရှောင်ရှားလိုက်၏။ 

“အော်မီထောဖော် ဒီနွမ်းပါးတဲ့ ကိုယ်တော် တရားကျမ်းဂန်တွေကို နည်းနည်းပါးပါးပဲ   ဖလေ့လာခဲ့ဖူးပါတယ်။ ဒါကြောင့် တရားဓမ္မကို နှံ့စပ်တယ်လို့ ပြောလို့ မရပါဘူး။ ဒကာတော် အထဲကြွပါ။ တကယ်လို့ မေးစရာရှိမယ်ဆိုရင် ဒီကိုယ်တော် အကောင်းဆုံး ကြိုးစားဖြေပေးပါ့မယ်။”

ရှီတကျုက ခေါင်းညိတ်လိုက်ပြီးလျှင် ဖန်းကျန့်နောက်မှ ကျောင်းဝင်းထဲသို့ လိုက်ဝင်လာခဲ့၏။  ထို့နောက် ဗောဓိပင်အောက်ရှိ ကျောက်တုံးကြီးတစ်တုံးကို ခွေးခြေခုံပမာ မှတ်ယူ၍ ထိုင်ချလိုက်၏။ 

ဖန်းကျန့်က ရေနှစ်ခွက်ခပ်လာကာ တစ်ခွက်ကို ရှီတကျုအား ကမ်းပေးလိုက်၏။ သို့သော်လည်း ၎င်းက မသောက်သေးဘဲ ဆန္ဒစောစွာ မေးလာ၏။ 

“အရှင်ဖန်းကျန့် တပည့်တော်မှာ သားတစ်ယောက်ရှိပါတယ်။ သူက အတော်လေး ဉာဏ်ကောင်းပေမယ့် ဘာကြောင့်မှန်းမသိ ကြီးပွားတိုးတက်အောင်လုပ်ဖို့ စိတ်ကူးမယ်မရှိဘူးဘုရား။ သူ့ကို အမြင်ကျယ်အောင် အပြင် လောကကို ခေါ်ပြလိုက်ချင်ပါရဲ့။ ဒါပေမယ့် သူက ဘာမှမလုပ်ဘဲ အိမ်မှာချည်း ထိုင်စားဖို့ ကြံနေပါတယ်။ တပည့်တော်ကို ပြောပြပါဦး။ ဒီအသက်ဒီအရွယ်နဲ့ သူ ဘယ်လိုလုပ်ပြီး ငုတ်တုတ်ထိုင်စားလို့ဖြစ်ဦးမှာလဲဘုရား။ သူ့ကို အကြိမ်ကြိမ်နားချပေမယ့် သူ လုံးဝနားမထောင်ပါဘူးဘုရား…။"

 "တစ်ခါကဆို တပည့်တော်နဲ့ စကားများပြီး အိမ်ကဆင်းသွားလို့ သူကို ပြန်ခေါ်ဖို့ တော်တော်လေး ကြိုးစားခဲ့ရပါတယ်။ အရှင် ဖန်းကျန့် အဲဒါ တပည့်တော်အတွက် လွယ်တယ်ထင်လား။ သူ့ကို ရည်မှန်းချက်လေးရှိစေချင်မိတယ်။ သူက ငယ်သေးပါတယ်။ ဒီရွာမှာ နေတာထက် သူ အမြင်ကျယ်အောင် အပြင်ထွက်ပြီးတော့ လိုက်လေ့လာသင့်တယ် လို့ တပည့်တော်ထင်ပါတယ်။ အရှင်ဖန်းကျန့် ဒီကောင်လေး ရွာကနေ ထွက်သွားရအောင် ဘယ်လိုလုပ်ရင်ရမယ်လို့ ထင်ပါသလဲ…။"

ဗုဒ္ဓစနစ်(၂)Where stories live. Discover now