အပိုင်း(၂၈၇) ရန်ပွဲ

239 40 0
                                    

“မင်းတို့ ဘယ်ကနေ လာတာလဲ၊ မင်းတို့ ဘာဖြစ်လို့ မျှစ်တွေကို စည်းပျက်ကမ်းပျက်တူးနေရတာလဲကွ” တောင်ထိပ်သို့ ရောက်လာသော ကော်စုန့်က လှမ်းမေးလိုက်၏။ သူ့အိမ်အတွက် ဟင်းစားရှာရန် ရောက်လာခြင်း ဖြစ်သော်လည်း ကျိုးဝူနှင့် ကိုယန်တို့ မျှစ်များကို ထင်တိုင်းကြဲတူးယူပြီး အလဟသလွှင့်ပစ်နေသည်ကို မြင်လိုက်ရသောကြောင့် သူအလိုမကျစွာ မေးလိုက်ခြင်းဖြစ်ပေသည်။

“သွားစမ်းပါကွာ၊ ကိုယ့်အလုပ်ကိုယ်ပဲလုပ်၊” ကျိုးဝူက အနောက်သို့ လှည့်ကာ စူးစူးရဲရဲစိုက်ကြည့်လိုက်လေ၏။ သူ၏ ကြံ့ခိုင်သော ကိုယ်ကာယဗလက အတော်ပင် ကြောက်လန့်ဖွယ်ကောင်းသည်။

သို့သော် ကော်စုန့်ကလည်း သွေးနည်းသူမဟုတ်ပေ။ သူက ပေါက်ပြားကို ကိုင်၍ အရှေ့သို့ ထွက်လာပြီးလျှင် “ဘာကွ၊ ဒီတောင်က ငါတို့ လက်တစ်ချောင်းရွာနဲ့ ဆိုင်တယ်၊ ပြီးတော့ ဒီဝါးတောမှာ အရှင်ဖန်းကျန့်ရဲ့ ခွင့်ပြုချက်ရမှပဲ တူးလို့ရမယ်၊ ပြီးတော့ စကားမစပ် မင်းမျှစ်တူးနေတယ်လို့တောင် ပြောလို့ မရတော့ဘူး၊ မင်းက ဒီနေရာမှာ အမှိုက်လာဖွနေတာပဲ” ဟု အော်ဟစ်ပြောဆိုလေ၏။

“ငါ အမှိုက်ဖွတော့ရော ဘာဖြစ်လဲ၊ မင်းကို ငါ ဘာလုပ်နေလို့လဲ၊ တခြားနေရာသွားပြီးတော့ နေလိုက်စမ်း၊ နင့်လို ငမွဲကောင်ကများ၊” ကျိုးဝူမတုံ့ပြန်ရသေးမီ ကိုယန်က လှမ်းပြောလိုက်လေ၏။

ထိုစကားကြားရသောအခါ ကော်စုန့်မှာ ဒေါသချောင်းချောင်းထွက်သွား၏။ “ငမွဲကောင်ဆိုတာ ဘယ်သူ့ကို ပြောတာလဲ။”

“နင့်ကို ပြောတာပေါ့ဟဲ့၊” ကိုယန်က ပက်ခနဲ ပြန်ဖြေ၏။

ကော်စုန့်က ဟက်ဟက်ပက်ပက်ရယ်လိုက်သလို အနီးတွင် ဝိုင်းကြည့်နေကြသော အခြားရွာသားများသည်လည်း ပြိုင်တူရယ်မောလိုက်ကြ၏။

ရီရန်မှာ သူမ၏ အမှားကို နားလည်သွားသည်တွင် စိတ်ဆိုးမာန်ဆိုးဟန်ဖြင့် “ကျိုးဝူ နင်ဒီအတိုင်း ရပ်ကြည့်နေတော့မှာလား၊ ဟိုမျိုးမစစ်ကောင် ကျုပ်ကို လာအော်နေတယ်လေ” ဟု ပြောလေ၏။

ဗုဒ္ဓစနစ်(၂)Nơi câu chuyện tồn tại. Hãy khám phá bây giờ