အပိုင်း(၂၆၅) လွန်လွန်းတယ်

245 37 0
                                    

{“ မန်မန်ကို ကယ်ဖို့အတွက် သင်အတော်လေး ကြိုးစားခဲ့ရပါတယ်။ ဒီကိစ္စမှာ သင်ကုသိုလ်အများကြီးရလိုက်ပါတယ်။ အဲဒါကြောင့် မဲနှိုက်ခွင့်ရပမယ်။ ဒါပေမယ့် သင်က လူကုန်ကူးတဲ့ လူရဲ့ ပုံကို လုလျန်ဆီ ပို့ခဲ့တယ်။ အဲဒီကိစ္စက အခုအထိုင်မကျသေးဘူးဆိုပေမယ့် နောင်တစ်ချိန်မှာ တစ်ခုခုဖြစ်လာနိုင်ပါသေးတယ်။ အဲဒီလူကုန်ကူးတဲ့ လူတွေအကုန်လုံးကို ဖမ်းမိပြီး ကလေးတွေအကုန်လုံးလည်း ကယ်တင်ခံရမယ်ဆိုရင် ခုရမှတ်ထက်ပိုပြီးတော့ ရနိုင်ပါလိမ့်မယ်။ တကယ်လို့ သင်အခု မဲနိုက်လိုက်မယ်ဆိုရင် ဒီကိစ္စက ပြီးသွားပြီလို့ သင်သတ်မှတ်လိုက်တာနဲ့ အတူတူပါပဲ။ ရလဒ်အနေနဲ့ ထပ်ရလာမယ့် ကုသိုလ်ရမှတ်တွေကို သင်ရတော့မှာမဟုတ်ပါဘူး။”} စနစ်က မြူးကြွပေါ့ပါးစွာ ဖြေလိုက်၏။

ဖန်းကျန့် တွေဝေသွား၏။ ထိုကဲ့သို့သော ကိစ္စမျိုး ရှိမည်ဟု သူမထင်ထားခဲ့ချေ။  စနစ် မည်သို့ပင်ပြော​နေပါစေ၊ သူအရူးလုပ်ခံရသည်ဟုသာ ဖန်းကျန့်ထင်မိ၏။ သူ့အား မဲနှိုက်ရန်  အခွင့်အရေးမပေးလိုဟန်ရှိနေသည်မဟုတ်ပါလား။ အနာဂါတ်တွင် ထိုကဲ့သို့သော အကျိုးအမြတ် ကြီးကြီးမားမားရရှိလာမည်ဖြစ်ရာ အရူးမှသာ ယခုအချိန် မဲနိုက်ပေလိမ့်မည်။

ဖန်းကျန့်မှာ မချင့်မရဲဖြစ်သွားသော်လည်း မဲမနှိုက်တော့ပေ။ တောင်ထိပ်သို့ ပြန်လာပြီးနောက် ကျောင်းဝင်းထဲသို့ ဝင်လိုက်သည်နှင့်  မွှေးရနံ့တစ်မျိုးကို သူရှူရှိုက်လိုက်ရ၏။  ဝါး၏ မွှေးရနံ့မျိုးပင်။

“ဟိုကြွက်စုတ်နှစ်ကောင် ငါက အသက်နှင့်ရင်းပြီး လူတွေကို လိုက်ကယ်နေတဲ့ အချိန်မှာ ဒင်းတို့နှစ်ကောင်က ပွဲတော်တည်နေကြတာပေါ့ ဟုတ်လား။”

ဖန်းကျန့် ထောင်းခနဲ ဒေါသထွက်သွား၏။

ဝံပုလွေက ပြောလိုက်၏။ “ဒါ လုံးဝမတရားဘူး။ လုံးဝ မတရားဘူး။ ကျောင်းထိုင် ဟိုနှစ်ကောင်ကို ကောင်းကောင်းသင်ခန်းစာပေးရတော့မယ်။”

“သူတို့ကိုလား။”

ကျောင်းထဲ၌ မျောက်မှလွဲပြီး ဘယ်သူကျန်နေသေးသနည်း။ ရှဉ့်ကလေးက ဖန်းကျန့်၏ ဝတ်ရုံအောက်မှ ခေါင်းပြူထွက်လာ၏။
ဖန်းကျန့်မှာ အံ့အားသင့်သွား၏။ ထိုအခါမှသာ ရှဉ့်ကလေးပါ သူတို့နှင့်အတူ တောက်လျှောက်လိုက်ပါနေခဲ့မှန်း သူအမှတ်ရသွား၏။ ရှဉ့်ကလေးကား စိုးစိမျှ မလှုပ်ရှားခဲ့ပေ။

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora