အပိုင်း(၂၈၉) မျက်နှာဖုံး

246 34 0
                                    

ကျိုးဝူသည် ထိုစကားကို ကြားလိုက်ရသောအခါ သူ့ခေါင်းသူပြန်ဖြတ်ပစ်ချင်စိတ် ပေါက်သွား၏။ သို့သော်လည်း ကော်စုန့်နှင့် အတိုက်အခံ လုပ်ရန် သူအာရုံမရတော့၊ စကားတစ်ခွန်းမျှ မပြောဘဲ ပြေးထွက်သွားလေ၏။ မျှစ်များကိုလည်း သူစိတ်မဝင်စားတော့ပေ။ လက်ချော်လွင့်စင်သွားသည့် ဖုန်းကိုပင် သူအမှတ်မရတော့ချေ။

ကိုယန်နှင့် ကျိုးဝမ်ဝူတို့မှာ သူပြေးထွက်သွားသည်ကို မြင်သောအခါ နောက်မှ လိုက်သွားကြ၏။ ကိုယန်က မြေပေါ်တွင် ပျံ့ကြဲနေသော မျှစ်များရှိရာဘးဖက်သို့ ဝေ့ကြည့်မိသောအခါ သူ(မ)ခြောက်ခြားလာပြီး ချွေးစေးများ စီးကျလာ၏။ မှဲ့များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းမှု ရှိရပေမည်။ မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ ရုတ်တရက် ပေါ်လာရန် မဖြစ်နိုင်ချေ။ သို့သော် သူ(မ)ကျယ်ကျယ်ထုတ်မပြောဝံ့ပေ။ သူ(မ)၏ ပြောစကားကို မည်သူက ယုံမည်နည်း။ သူမ စိတ်ထဲ မယုံကြည်သည့်တိုင် တီးတိုးရေရွတ်လိုက်၏။ “ဒါက တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး ..။ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ဘူး။” 

ကျိုးဝူသည် မျက်နှာကို လက်ဖြင့် အုပ်ကာ တောင်အောက်သို့ ပြေးဆင်းသွားလေ၏။ သူမော့ပင် မကြည့်ဝံ့ချေ။ သူ၏ အမွေးထူ ထူမျက်နှာကြောင့် သေပစ်ချင်သည်သာ သိတော့၏။ ယင်းက အလွန်အကျည်းတန်ပြီး စက်ဆုပ်ဖွယ်ကောင်းလှ၏။ သူကား လူသားတစ်ယောက်မှ ဟုတ်ပါလေစ။

ကျိုးဝူတို့မိသားစု ထွက်ခွာသွားသောအခါ ကော်စုန့်သည် ဆဲလ်ဖုန်းကို ကောက်ယူလိုက်လေ၏။ ထို့နောက် ဖုန်းဖန်သားပြင်ပေါ်မှ ပုံကို မြင်လိုက်ရသောအခါ ချက်ချင်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီးလျှင် send ခလုတ်ကို နှိပ်လိုက်လေ၏။

ကျိုးဝူသည် လက်တစ်ချောင်းတောင်အောက်သို့ ရောက်သည်နှင့် စုန့်ဝူပြည်သူဆေးရုံရှိရာသို့ မောင်းနှင်သွားလေ၏။ ထိုဆေးရုံက အတော်အဆင့်နိမ့်သည်ဟု သူထင်နေသော်လည်း ကြေးများနေရန် အချိန်မရှိပေ။ သူလိုအပ်သည်က ဆေးရုံတစ်ခုပင် မဟုတ်ပါလား။

ထိုအချိန်တွင် စုန့်ဝူခရိုင်ဆေးရုံ၏ အရေပြားရောဂါကုဆရာဝန် တျန်းရှမှာ ယနေ့ အတော်ပင် စိတ်ကောင်းဝင်နေလေ၏။ သူ(မ)အဖို့ လူနာ အနည်းငယ်သာ ရှိရာ Wechatပေါ်တွင် အချိန်ဖြုန်းရင်း အခြားလူများနှင့် စကားစမြည် ပြောနေလေ၏။ ယနေ့သည် သူ(မ) အဖို့ အထူးတလည်စိတ်ကြည်လင်နေသည့် နေ့လေးတစ်နေ့ပင်။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now