အပိုင်း(၂၄၅) ဘုန်းကြီးကြောင့် ဖင်ကျိန်းသွားတယ်

219 36 0
                                    


ဖန်းကျန့်၏ စကားကို ကြားသောအခါ ရှဲ့မင်အတန်ငယ်စိတ်ပြေသွား၏။လီတောက်နှင့် ရှောင်လီတို့မှာ နဂိုတည်းက ငြင်းဆိုမည့်ဟန်မရှိချေ။ သူတို့လေးယောက်သား တောင်အောက်သို့ ဆင်းလာခဲ့ကြ၏။

ဖန်းကျန့်သည် အနီးပတ်ဝန်းကျင်ကို အမြဲမပြတ်လှည့်ပတ်ကြည့်ရှု၏။ တောင်စွန်း၊ တောင်ကမ်းပါးများသို့ ရောက်သည့်အခါတွင် လီတောက်အနား တိုးကပ်သွား၏။ သိူ့မှသာ မတော်တဆဖြစ်လာလျှင် သူကူညီနိုင်လိမ့်မည်မဟုတ်ပါလား။

ထိုအချက်ကို ရှဲ့မင်နှင့် ရှောင်လီတို့ သတိပြုမိကြ၏။ ၎င်းတို့သည် ဖန်းကျန့်နှင့် လီတောက်အား တစ်လှည့်စီ ကြည့်နေလေရာ လီတောက် စိတ်မသက်မသာဖြစ်လာ၏။

လီတောက်သည် ဖန်းကျန့်နှင့် ခပ်ခွာခွာနေရန် ကြိုးစားသော်လည်း တောင်ပေါ်လမ်းမှာ ကျဉ်းမြောင်းလှသောကြောင့် မတတ်သာဘဲ ဖန်းကျန့်နှင့် ပုခုံးချင်းယှဉ်၍ သွားနေရ၏။ သူမည်သည့်နေရာတွင်မှ ပုန်းအောင်း၍လည်းမရ။ ဖန်းကျန့်ကိုသာ သူသတိမလပ်စောင့်ကြည့်နေရတော့၏။

တောင်အောက်သို့ ရောက်သာအခါတွင် ဖန်းကျန့်မှာ ထိုသူများအား နှုတ်ဆက်လိုက်ပြီးလျှင် တောင်ပေါ်သို့ ပြန်တက်သွားလေ၏။

ရှဲ့မင်က ဂလုခနဲ တံတွေးမျိုချလိုက်ပြီးလျှင် "ဆရာ ဒီဘုန်းကြီးကို ကြည့်ရတာ ဆရာ့ကို စိတ်ဝင်စားနေတယ်နဲ့ တူနေပုံရတယ်။ သူတောင်အောက်ကို ဆင်းဖို့ ရည်ရွယ်ထားပေမယ့် တောင်အောက်ရောက်တာနဲ့ ချက်ချင်းပြန်တက်သွားပါရောလား။ သူ ဘာမှ လုပ်စရာ မရှိဘဲ လိုက်ဆင်းလာတာဆိုတော့ နည်းနည်းတော့ စဥ်းစားရကြပ်ပြီ။"

"ဒါနဲ့ ဆရာ တောင်အောက်ဆင်းလာတုန်းကဆရာဖင်ကျိန်းနေတာ ကျွန်တော်သတိထားမိတယ်နော်" ရှောင်လီက နောက်ပြောင်ရယ်မောလေ၏။

"ထားလိုက်ပါ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရအောင်၊ ဟိုဘုန်းကြီးလေးက ရုပ်ရည်လေးမဆိုးပါဘူး။ ဆံပင်အရှည်ထားပြီး မိန်းကလေးလ်ုသာ ဝတ်လိုက်မယ်ဆိုရင်၊" ရှဲ့မင် ကောက်ကျစ်စွာ ပြုံးလိုက်၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now