အပိုင်း(၂၈၅) ဒါဟာ မြတ်သော ကုသိုလ်

193 37 1
                                    

“သားရယ် ဘယ်လိုလုပ်လိုက်တာလဲကွယ်၊” ချင်ရှောင်က သူ(မ)၏ ကလေးငယ်ကို ဆို့နင့်စွာ လှမ်းကြည့်လိုက်လေ၏။

ကလေးငယ်က သူ(မ)ကို ပြန်မော့ကြည့်ကာ “အမေ .. အမေ့အတွက် သားထမင်းချက်ပေးမလို့ .. ဒါပေမယ့် .. အဟင့်၊” .. ဟုဆို၍ ကျယ်လောင်စွာ ငိုကြွေးလိုက်လေ၏။

ချင်းရှောင်သည်လည်း အလွန် စိတ်မကောင်းဖြစ်သွားပြီး သားငယ်ကို တင်းတင်းပွေ့ဖက်ထားလိုက်လေတော့၏။ သူမသည် ဆန်အတွက်ကော သူမ၏ သားငယ်အတွက်ပါ နာကျင်နေရသည်။ သူတို့တွင် ပိုက်ဆံသိပ်မကျန်တော့သည် ဖြစ်ရာ မည်သည့် အစားအသောက်ကိုမှ အလဟသမဖြစ်စေလို။ သို့ပေသိ  သားကိုလည်း  အပြမစ်တင်ရက်။

ထိုအချိန်တွင် ချင်းရှောင်၏ ဖုန်းက အသံမြည်လာသဖြင့် သူ(မ) ကမန်းကတမ်းယူကြည့်လိုက်သောအခါ စျေးဝယ်သူတစ်ယောက်ဖြစ်နေကြောင်း သိသွားသည်နှင့် မျက်ရည်များကို အလျင်အမြန် သုတ်လိုက်လေသည်။ “ကောင်းပြီ .. သားလေး .. ဒါတွေကို အမေ ခနနေကျရင် ရှင်းလိုက်မယ်နော်။”

ထိုသို့ ပြောပြီးသည်နှင့် ချင်းရှောင် ဆဲလ်ဖုန်းscreenကို ဖွင့်လိုက်၏။

“ဆိုင်ရှင်ရှိလား။”

“ဟုတ်ပါတယ်ရှင် ..။ ဘယ်လို ဖိနပ်အမျိုးအစားကို သဘောကျပါသလဲရှင်။”

“သူဌေးရဲ့ ဖိနပ်တွေက စျေးကြီးလွန်းတယ် .. ။ တခြားလူတွေဆို ဒီမော်ဒယ်ကို ငါးဆယ်နဲ့ ပဲ ရောင်းတာ… ။ ဒါပေမယ့် သူဌေးက ရှစ်ဆယ် တစ်ရာနဲ့ ရောင်းနေတယ် … ။ စျေးမလျှော့တော့ဘူးလား၊” .. တစ်ဖက်လူက ဆက်ပြောလာ၏။

“တောင်းပန်ပါတယ်ရှင်..။ ဒါက စျေးအမှန်ပါ .. စျေးလည်း လျှော့ထားပေးပါတယ်။”

“ဟုတ်ရဲ့လား ..။ စိတ်ဝင်စားလို့ မေးကြည့်ရုံပါ ..။ အောက်ထစ်စျေးကို ပြောပါ။”

“ဒါ တကယ့်လျှော့စျေးပါပဲ .. ။ ဒီထက်ပိုလျှော့ပေးလို့ မရတော့လို့ပါရှင်၊” ချင်းရှောင်သည် ဝယ်သူကို မည်ကဲ့သို့ စျေးစကားပြောရမည်မသိပေ။ အနိမ့်ဆုံးစျေးအထိ လျှော့ထားပေးပြီးဖြစ်၍ မကြာမီ ရောင်းထွက်မည်ဟုသာ ထင်မှတ်နေပေသည်။ ထိုကဲ့သို့ မတန်တဆစျေးနှုန်းကို ဘယ်အခါကမျှ မမျှော်လင့်ထားခဲ့ပေ။ စျေးဝယ်များက ထပ်လျှော့ပေးရန် တောင်းဆိုနေကြဆဲပါတကား။

ဗုဒ္ဓစနစ်(၂)Tempat cerita menjadi hidup. Temukan sekarang