အပိုင်း(၂၆၀) ငါ့ကို ငတုံးမှတ်နေလား

283 42 1
                                    

သင်းကွဲဝံပုလွေက အရှိန်တင်လိုက်ပြီးနောက် ၎င်းကို လှမ်းကြည့်လိုက်၏။

ထိုကဲ့သို့ အကြိမ်ကြိမ်ဖြစ်လာသောအခါ ကျန်းရီမှာ တစ္ဆေသရဲကို မြင်လိုက်ရသည့်ပမာ အလန့်တကြား အော်ဟစ်လိုက်မိ၏။ “ဘာကြီးလဲကွ၊ အဲဒီခွေးက ကီလို၁၃၀၊ ၁၃၅အထိတောင် ပြေးနေပါလား… ။ ငါ အိမ်မက်မက်နေတာလားဟ…။”

ကောင်မလေးက ကားကူရှင်ပေါ်သို့ ကျောမှီလိုက်ပြီးလျင် မျက်နှာဖြူဖတ်ဖြူလျော်ဖြင့် ငယ်သံပါအောင် အော်ဟစ်လိုက်တော့၏။ “အရှိန်လျှော့ … ၊ အရှိန်လျှော့စမ်း …..။”

ထိုစဉ် လယ်ကွင်းတစ်ခုထဲတွင် သားအဖနှစ်ယောက်သား ထိုင်နေကြ၏။  ထိုသားအဖသည် နံဘေးရှိ စက်ဖြင့် တူးဖော်ထားသော ရေကန်ထဲမှ ဖရဲသီးနှစ်လုံးကို ဆယ်ယူလိုက်ကြ၏။ သားက မေးလိုက်၏။ “အဖေ၊ အဖေက တိရစ္ဆာန်တွေကို နေ့တိုင်း စောင့်ကြည့်နေရတာ ဆိုတော့ သား မေးကြည့်မယ်နော်။ ကမ္ဘာ ပေါ်မှာ ဘယ်တိရစ္ဆာန်က အပြေးအမြန်ဆုံးလဲဟင်….။”

ဖခင်ဖြစ်သူက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။ “ဒါလေးများ လွယ်လွယ်လေးပါ။ အဖေက တခြားနေရာမှာ မတော်ရင်သာ နေမယ်…။ ဒါပေမယ့် တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ နေရာမှာဆိုရင်တော့ အဖေက သေချာပေါက် ကျွမ်းကျင်ညာရှင်တစ်ယောက်နီးနီးလို့တောင် ပြောလို့ရတယ်…။  သာမန်ကောလိပ်ကျောင်းသားတွေလောက်ကတော့ အဖေဘယ်မှုပါ့မလဲ။  ကမ္ဘာပေါ်မှာ အမြန်ဆုံး သတ္တဝါက သစ်ကျုတ်ပဲကွယ့်…။ သူရဲ့ အမြန်ဆုံးစံချိန်က တစ်နာရီကို ကီလို ၁၃၀ရှိတယ်…. ။ သူတို့က ကုန်းမြေပေါ်မှာဆိုရင် အမြန်ဆုံး သတ္တဝါတွေ ဖြစ်သလို တာတို အပြေးပြိုင်ပွဲမှာလည်း ချန်ပီယံတွေပဲ….။”

သား ဖြစ်သူက သူ့အဖေကို ချီးကျူးရန် အနောက်သို့ လှည့်ကြည့်လိုက်၏။ ထိုစဉ် သူမျက်လုံးများက တစ်နေရာသို့  ပြူးကျယ်စွာ စိုက်ကြည့်လျက် နှုတ်မှ ဆိုင်းမဆင့်ဗုံမဆင့်ထမေးလိုက်မိ၏။ “အဖေ ခွေးတွေကရော ဘယ်လောက်မြန်မြန်ပြေးနိုင်တာလဲဟင်….။”

“ခွေးတွေလား… ခွေးတွေက အလကားပါကွာ။  ခွေးတွေကို ထည့်မပြောစမ်းပါနဲ့၊ သူတို့ရဲ့ ဘိုးဘေးမျိုးရင်းဖြစ်တဲ့ ဝံပုလွေတွေကို ပြောရင်တောင် ဟုတ်ဦးမယ်… ။ ဝံပုလွေတွေက တစ်နာရီကို ကီလို၆၀လောက် ပြေးနိုင်တယ်။ ပိုအရေးကြီးတာက ဝံပုလွေတွေက သက်လုံကောင်းပြီးတော့ ပိုကြာကြာပြေးနိုင်တယ်… ။ လူတွေကတော့ ပိုလို့တောင် အသုံးမကျသေးတယ်။ အဖေတို့က အဲဒီလောက် အထိ မြန်မြန်မပြေးနိုင်သလို အဲဒီလောက်အထိလည်း သက်လုံမကောင်းကြဘူး…။”

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora