အပိုင်း(၂၃၇) သရဲပူးနေတာလား

235 37 0
                                    

ဖန်းကျန့် မဲ့တဲ့တဲ့ပြုံးလိုက်၏။ ဤအခြေ အနေနှင့် သူကြုံတွေ့ ရသည်မှာ ယခုပထမ ဦးဆုံးမဟုတ်ပေ။ သူ အင်တာနက်ပေါ်တွင် နာမည်ပျံ့လာကတည်းက သူနှင့်အတူ ဓာတ်ပုံရိုက်လိုရုံနသက်သက် ရောက်ရှိလာသော လူများစွာရှိသည်။ အမွှေးတိုင်ဝတ်ပြုပူဇော်ခြင်းကိုမူ ဝတ်ကြေတန်းကြေလုပ်သွားကြသည်။

ထိုဒကာမများ သူ့အား
ဖြားယောင်းမြှူဆွယ်လိုသည့်အတွက် လာရောက်ကြခြင်းဖြစ်မည်ဟု သူတွေးလိုက်မိ၏။ အကယ်၍ သူသာ သာမန် လူတစ်ယောက်ဖြစ်မည် ဆိုပါက သူ ထိုကျော့ကွင်းထဲသို့ ကျေကျေနပ်နပ်ဝင်သွားပါလိမ့်မည်။ ဆိုပေသည့် ယခု သူက ဘုန်းကြီးတစ်ပါး ဖြစ်နေချေသည်။ ဘုန်းကြီးတစ်ပါးအနေဖြင့် ထိုကဲ့သို့ ဝိနည်းဖောက်ဖျက်သည့် လုပ်ရပ်မျိုး လုပ်ပါက စနစ်မှ သူ့အား မိုးကြိုးပစ်ချပေ လိမ့်မည်။ ထိုအကြောင်းတွေးလေ သူ ပို၍ တုန်လှုပ်လာမိလေပင်။

သို့သော် သူ မည်ကဲ့သို့  ငြင်းဆန်နိုင် လိမ့်မည်နည်း။ ဖန်းကျန့်တွင် သင့်တော်သော ဖြေရှင်းချက်မရှိချေ။ သာမန်အခြေအနေ များတွင် ဗုဒ္ဓရုပ်ပွားတော်များကို ဓာတ်ပုံ ရိုက်လေ့ရိုက်ထရှိသော်လည်း ထိုသည်က ညပြောပလောက်သောအရာမဟုတ်ချေ။ သို့သော်လည်း ရုပ်ပုံအပြည့်မဟုတ်ဘဲ တစ်ဝက်တစ်ပျက်ပုံများက လုံးဝ မသင့်တော်ပေ။

အမှန်တကယ်တွင်  ဗုဒ္ဓရုပ်ပွားတော်များအား ဓာတ်ပုံရိုက်ခြင်းကို မိဘပြည်သူတို့ အားမပေးကြပေ။ ထိုဓာတ်ပုံများကို ရိုက်ယူ ပြီးနောက် သူတို့ မည်သို့ပြုလုပ်မည်နည်း။ အိမ်တွင် ထား၍ ပူဇော်ထားလိမ့်မည်လော။ ထိုသို့ မဖြစ်နိုင်သည်က အသိသာပင်။ အိမ်တွင် ပူဇော်ရန်အတွက် ဓာတ်ပုံရိုက်ခြင်း မဟုတ်ဘဲ အမှိုက်ပုံးများထဲတွင်သာ ထိုးထည့်ထားမည်ဆိုပါက ဗုဒ္ဓကို မကြည်ညိုရာရောက်သည်။
လူအများစုကမူ ဘုန်းကြီးကျောင်းများ အနီးတွင် တရားစာရွတ်ဖတ်သံများ နာယူရန် အတွက် ရောက်ရှိနေကြသော ဝိညာဥ်များစွာ ရှိသည်ဟု အခိုင်အမာဆိုကြသည်။ သဘာဝလွန်ဖြစ်ရပ်များကို ရိုက်ကူးနိုင်ရန် အတွက် အလွယ်ကူဆုံးသောနေရာ တစ်ခုလည်းဖြစ်သည်။ ထို​ယူဆချက်ကို ​သတိရမိသည့်ခဏ သူ အသာဖွဖွပြုံးလိုက်၏။

အချူပ်ဆိုရသော် ဖန်းကျန့်တွင် ဗုဒ္ဓ ရုပ်ပွားတော်များအား ဓာတ်ပုံမရိုက်ရန် တားဆီးဖို့ရာ အကြောင်းပြချက် ကောင်းရှိသော်လည်း လူတစ်ယောက်က “ ‘ချလပ်’ ကျေးဇူးပါဆရာတော်…၊” မိန်းကလေး နှစ်ယောက်မှာ ပျော်မြူးခုန်ပေါက်၍ ပြေးထွက်သွားလေ၏။

ဗုဒ္ဓစနစ်(၂)Tempat cerita menjadi hidup. Temukan sekarang