အပိုင်း(၂၈၃) အွန်လိုင်းစတိုး

251 38 1
                                    

အမျိုးသမီးသည် အချိန်အတန်ကြာ အတွေးများနေပြီးမှ ပြန်ဖြေ၏။ “ဆရာတော် ရိုးရိုးသားသားပြောရမယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာ တပည့်တော်မလည်း မသိပါဘူး .. ။ အခု ချိန်မှာ လုပ်နိုင်တာတစ်ခုကတော့ ဒီအတိုင်း ဆက်ထိန်းထားဖို့ပါပဲ။”

“ဒကာတော် ကြည့်ရသလောက်ဆိုရင် ကလေးကို ဒီထက်ပိုပြီး အထူးဂရုစိုက်မှရမယ်နဲ့ တူတယ်” ဖန်းကျန့်က စိုးရိမ်မကင်းဟန်ဖြင့် ပြော၏။

ထိုအမျိုးသမီးက အတန်ကြာ တိတ်ဆိတ်နေပြီးမှ .. “တင်ပါ့ ဆရာတော် .. ။ ကလေးက နိုးလာပြီ .. ။ နောက်မှပဲ တပည့်တော်မ ဖုန်းထပ်ဆက်လိုက်မယ်နော်” ဟု ဆို၏။

ထိုအမျိုးသမီးလိမ်နေကြောင်း ဖန်းကျန်းသိပေသည်။  လတ်တလော၌ စိတ်ရှုပ်နေသောကြောင့် တခြားအကြောင်းများကို မစဉ်းစားချင်တော့၍ ဖြစ်မည်။ ထို့အပြင် သူ(မ)သည် သန်မာသူပီပီ အခြားသူများ သူ(မ)အား ဝိုင်းသနားကြမည်ကို မလိုချင်ပေ။

ဖုန်းချပြီးသောအခါတွင် ဖန်းကျန့်သည် သူ၏ ကျောင်းဝင်းထဲသို့ ပြန်လာပြီး ဘုရားစာများကို ဆက်လက်ဖတ်ရှုလိုက်၏။ ညနေပိုင်းတွင် ထင်ထားသည့်အတိုင်းပင် ကလေးက သူ့အား တစ်ဖန်ဖုန်းဆက်ခေါ်ပြန်၏။ ဖန်ကျန့်မှာ ဆလံသမိတော့၏။

“ဒယ်ဒီ .. မာမီကပြောတာ ဒယ်ဒီက ရဲဆို .. လူဆိုးဖမ်းတဲ့အကြောင်းတွေကို သားကို ပြောပြပါလားဟင်။”

ဖန်းကျန့် မျက်လုံးလှန်လိုက်၏။ 'လူဆိုးတွေကို ဖမ်းတဲ့ အကြောင်းလား ဟုတ်လား။ သူပြောပြချင်လည်း ဘယ်လိုပြောရမှာတုန်း။'

သို့သော် သူစိတ်ကူးတစ်ခုရသွားသည်နှင့် ဖုန်းspeakerကို ဖွင့်ထားကာ  ပင်မမျက်နှာပြင်ထံသို့ ပြန်ထွက်လိုက်၏။ ထို့နောက် ရဲသားများ၏ ဇာတ်လမ်းများအကြောင်းကို အင်တာနက်ပေါ်တွင် ရိုက်ရှာလိုက်ပြီး ဇာတ်​လမ်းကို တတွတ်တွတ် ဖတ်ပြလိုက်လေ၏။ ကလေးငယ်ကား ထင်ထားသည့်အတိုင်းပင် ..၊ သူ၏ လိမ်ဆင်ကို အလွယ်တကူ ယုံကြည်သွား၏။

တစ်ခဏအကြာတွင် ကလေးငယ်၏ မိခင်က ကလေးထံမှ ဖုန်းကို ပြန်သိမ်းယူလိုက်၏။ သူ(မ)သည် သူ့သားကို သနားကြင်နာတတ်သော လူတစ်ယောက်ထံမှ အလွန်အကျွံမယူမိစေလိုပေ။

ဗုဒ္ဓစနစ်(၂)Où les histoires vivent. Découvrez maintenant