ဖန်းကျန့်သည် ဝံပုလွေ၏ အမြှီးကို ကိုင်ဆွဲပြီး သူ့ဖက် ဆွဲလိုက်ကာ ရွှတ်နောက်နောက်ဖြင့် ဆူပူလိုက်တော့၏။“မင်းက အရမ်းအပျင်းထူတဲ့ ကောင်ပဲ။ ဘာမှ မလုပ်ဘဲ ထွက်ပြေးဖို့ စဉ်းစား
နေတယ်… ။ အခု တံခါး ပိတ်လိုက်ပြီ…။ မင်း ဘယ်လိုပြေးမလဲ ၊ ငါပြောတာ နားထောင်ပြီး အလုပ် လာလုပ်၊ ဒါမှ မဟုတ်ဘူးဆိုရင် ငါ မင်းကို ထမင်းလုံးဝမကျွေးဘူး…၊” ဝံပုလွေက အူ လိုက်ကာ မကျေနပ်မှုကို ထုတ်ဖော်ပြသလေ၏။ သို့သော်လည်း သူ့ကို အငတ်ထားမည်ဟု ခြိမ်းခြောက်ထားသည် ဖြစ်ရာ သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ ဖန်ကျန့်အား သူ့ ကိုယ်ပေါ်တွင် ပျဥ်တစ်ချပ်ကို ချည်နှောင် ခွင့်ပြုလိုက် ရတော့၏။
ယခုမူ ဝံပုလွေကား နှင်းများကို ဖယ်တွန်းသည့် လှည်းတစ်ခုဖြစ်သွားလေပြီ။ ဝံပုလွေသည် သလင်း ဆန်များနှင့် နတ်ရေစင်များကို နေ့စဉ်သောက်သုံးခဲ့ရသဖြင့် သူ့၏ အသွင်အပြင်က တနေ့တခြား ဝဖြိုး လာသလို ကျောင်းတော်ကို ပထမဦးဆုံး အကြိမ် ရောက်ရှိစဉ်ကထက်ပင် အဆပေါင်းများစွာ ပို၍ ကြံ့ခိုင်သန်မာလာခဲ့ပေသည်။
ဖန်းကျန့်သည် ဂေါ်ပြားတစ်လက်ကို ကိုင်လိုက်၏
။ မဟာစွမ်းပကား စိန်လက်ဝါးကို လေ့ကျင့်ပြီးသည့်နောက် သူ့အနေဖြင့် ကာယအလုပ်များကို အေးအေးလူလူလုပ်နိုင်ပြီသည်။ ဝံပုလွေနှင့် လူသားတစ်ယောက်တို့ ကြိုးကြိုးစားစားလုပ်လိုက်ကြရာ မကြာမီ လမ်းတစ်ခု ပေါ်လာတော့၏။ သို့သော်လည်း ထိုလမ်းကြောင်းက မီတာ(၅၀၀)ခန့်ပင် မရှည်။ ဖန်းကျန့်က ဂေါ်ပြားကို အဝေးသို့ ပစ်ထုတ်လိုက်ပြီးနောက် သင်းကွဲဝံပုလွေ၏ ခေါင်းကို ပုတ်လိုက်လေ၏။ ကျန်သည့်နှင်းများကို မနက်ဖြန်အဖို့ ချန်ထားလိုက်တော့၏။
ဖန်းကျန့်သည် ကျောင်းဝင်းထဲသို့ ပြန်ရောက်လာပြီး မီးမွှေးကာ သူ့၏ ဆယ်လ်ဖုန်း ကို ထုတ်ပြီး ကျမ်းစာများကို အားတက်သရော ရွတ်ဖတ်လေ တော့၏။ ပိုင်းယွင်ဘုန်းကြီးကျောင်းမှ မတော်တဆမှုများကို ကြုံတွေ့ရပြီးသည့် နောက်တွင် ဖန်းကျန့်က သူ့အမှားကို သင်ခန်းစာယူရန် ဆုံးဖြတ်လိုက်၏။ သူ လူထွက်ချင်နေသေးသော်ငြား တရားစာများကို အာဂုံဆောင်ထားပါမှ နောက်အခါ လူပုံအလယ်၊ အခြားဘုန်းကြီးကျောင်းများအလယ် ထိုကဲ့သို့ အရှက်မကွဲရမည် ဖြစ်ပေသည်။

ČTEŠ
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...