တတိယနေ့၊ စတုတ္ထနေ့၊ ပဥ္စမနေ့၊ ထိုသီတင်းပတ်အတွင်း တစ်ခုသော နံနက်ခင်း၌ လီတာဖေးသည် အခြားသန့်ရှင်းရေး အလုပ်သမားတစ်ယောက်နှင့် လမ်းခုလတ်၌ ဆုံ၏။
ထိုသန့်ရှင်းရေးသမားမှာ ဆံပင်ဖြူဖွေးနေသော အဖိုးကြီးအိုတစ်ယောက်ဖြစ်ကာ ၎င်းက ဝမ်းသာအားရဖြင့် လီတာဖေးကို နှုတ်ဆက်လိုက်ပြီးလျှင် “တာဖေးရေ.. ဒီနေ့က လစာထုတ်ရက်မဟုတ်လား။ ဟဟ လစာတိုးတော့မယ်လို့ ငါကြားထားတယ်။ ငါတို့ နောက်ထပ် ယွမ်၁၀၀ကျော်တိုးတော့မှာ။ အဲဒါဆိုရင် ငါတို့ ဒီလ ယွမ်၁၈၀၀လောက်ရမယ်လေ။ ဟဲဟဲ… တကယ်လို့ ငါတို့သာ နည်းနည်းချွေတာလိုက်မယ်ဆိုရင် ငါတို့ လတိုင်း ရာဂဏန်းလောက်တော့ ပိုစုမိမှာပဲ…။”
သို့သော်လည်း ထိုစကားများမှာ လီဟိုပေါင်၏ နားထဲတွင် မိုးချိန်းသံကဲ့သို့ မြည်ဟီးသွားလေ၏။ သူ့မိခင် တစ်လတိုင်တိုင် အပတ်တကုပ်ဖြင့် အလုပ်ကြိုးစားခဲ့သည့်တိုင် ယွမ် ၁၈၀၀ခန့်သာရပါသလော။
အင်တာနက်မှ streamerဖြစ်သူအား voteတစ်ကြိမ်ပေးလျှင် ငွေ၅၀၀၀ကျော် သုံးခဲ့မိသည်ကို ပြန်တွေးလိုက်သောအခါတွင် ငွေ ၅၀၀၀စုစောင်းရန်အတွက် လပေါင်း မည်မျှကြာမည်ကို သူတွက်ချက်ကြည့်၏။
လီဟိုပေါင် အရူးမဟုတ်ပေ။ သူ ငါးတန်းပင် ရောက်နေပေပြီ။ အခြေခံသင်္ချာကို ကောင်းစွာ တွက်ချက်တတ်သည်။ အကယ်၍ တစ်လလျှင် ငွေ၄၀၀ စုမှသာ တစ်နှစ်လျှင် ငွေ၄၈၀၀ခန့် ရရှိနိုင်မည်ဖြစ်သည်။
သူ့မိခင်အနေဖြင့် ငွေ ၅သောင်းစုရန် နှစ်ပေါင်းမည်မျှ ကြိုးစားခဲ့ရမည်နည်း။ အကယ်၍ သူ့ဖခင် ယခင်က ချန်ထားခဲ့သည့် အမွေများကို ထည့်မတွက်ပါက အနည်းဆုံး ဆယ်နှစ်ခန့် ကြာမြင့်လိမ့်မည်မဟုတ်ပါလား။ သူ အဘယ်ကြောင့် မိနစ်ပိုင်းအတွင်း တက်တက်စင်အောင် သုံးစွဲခဲ့ရသနည်း။
လီဟိုပေါင် မူးဝေသွားတော့၏။ သူ၏ မိခင် လမ်းအား လှည်းကျင်းနေသည်ကို ငေးကြည့်နေရင်း သူကိုယ့်သူ ပြန်မြင်ယောင်လာခဲ့၏။
သူ မသိလိုက်မီမှာပင် သူ့ပါးပြင်ပေါ်သို့ မျက်ရည်များက တလိမ့်လိမ့်စီးကျလာ၏။ သူ၏ ခန္တာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီကို သူသတိမမူမိသေး။ တွေဝေငေးမောနေရင်း စကားတပြောပြောဖြင့် လမ်းကို လှဲကျင်းနေသော လီတာဖေးအား လှမ်းကြည့်နေမိ၏။
![](https://img.wattpad.com/cover/363385828-288-k79533.jpg)
ESTÁS LEYENDO
ဗုဒ္ဓစနစ်(၂)
Fantasíaဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...