အပိုင်း(၂၁၄) ကံစမ်းမဲ

269 42 0
                                    


ဖန်းကျန့် တွေဝေသွား၏။ ယခင်က သူ့ဆဲလ်ဖုန်း၏ ပုံကြီးချဲ့သော အစွမ်းက ထိုမျှလောက် အကျိုးရှိမည်ဟု သူ မထင်ထားခဲ့ချေ။ သူ့ဆဲလ်ဖုန်းက ဆက်သွယ်ရေးပစ္စည်းတစ်ခုသာ မဟုတ်၊  သင်ကြားရေးပစ္စည်းတစ်ခုလည်း ဖြစ်ပေသည်။ 

ဆယ်လ်ဖုန်းနဲ့သာ ဆိုပါက စာပေကျမ်းဂန်များစွာကို သူဖတ်ရှုနိုင်သည်။ သို့သော်လည်း သူ့ဆဲလ်ဖုန်းသည် စနစ်မှ ပြန်လည်မွမ်းမံပြီးသည့်နောက်  ထိုမျှအထိ အစွမ်းထက်သွားမည်ဟု သူ လုံးဝမမျှော်လင့်ထား။ ဗိုင်းရပ်စ်များကိုလည်း တန်ပြန်တိုက်စစ်ဆင်နိုင်သေးချေသည်။ 

ဖန်းကျန့်က မေးလိုက်၏။ “စနစ် ဒီဗိုင်းရပ်စ်တွေကို သတ်ဖို့ ငါ ကူညီပေးလို့ရလား…။”

{“ရပါတယ်…။ သင့်ရဲ့ ဆဲလ်ဖုန်းမှာ အသံအမိန့်ပေးစနစ်ပါပါတယ်။ အဲဒီစနစ်မှာ အသိညဏ်မရှိပေမယ့် သာမန်အမိန့်တွေကိုတော့ သိနားလည်နိုင်ပါတယ်။ ဥပမာ၊ ဗိုင်းရပ်စ်တစ်ခုခု၊ စက်ပစ္စည်း တစ်ခုနဲ့ တပ်ဆင်ထားတဲ့ ပြစ်မှတ်တစ်ခုခုကို ဖျက်ဆီးနိုင်စွမ်းရှိပါတယ်…။”}

ဖန်းကျန့်က အသံအမိန့်ပေးစနစ်ကို ဖွင့်လိုက်၏။

“ဟဲလို ဘာများကူညီပေးရပါမလဲ…။” 

“ဟဲလို ငါကို ကူညီပေးဦး၊ ဂျာမနီက စိန်မေရီဆေးရုံမှာ ရှိတဲ့ ကွန်ပျူတာထဲက ဗိုင်းရပ်စ်တွေ အားလုံးကို သတ်ပြီးတော့ အကုန်ပြန်ဖွင့်ပေး လိုက်ပါ။ ရှရှား 'ဖိုတိုဝါဂါရာ'ဆေးခန်းနဲ့ ဆွစ်ဇာလန်က 'ဒေ့ဖို့'ဆေးရုံကိုလည်း ဖွင့်ပေးလိုက်ပါ။ ပြီးတော့ အဲဒီဟက်ကာရဲ့ လိပ်စာကိုလည်း အနီးဆုံး ရဲစခန်းဆီ တိုက်ရိုက်ပို့ပေးလိုက်ပါ …။”

“နားလည်ပါပြီ။ ခဏကိုင်ထားပေးပါ…။”  

လက်ရှိ ဂျာမနီရှိ စိန်မေရီ ဆေးရုံတွင်မတော့ 

"USဒေါ်လာ၄သောင်းတောင် ဟုတ်လား။ ဘာဖြစ်လို့ တခြားတစ်ယောက်ကို ဓားပြသွားမတိုက်တာလဲ။ နေပါဦး၊ သူတို့က ငါ့ကို ဓားပြတိုက်နေတာပဲ…၊” ဒါရိုက်တာက ဒေါသထွက်ထွက်ဖြင့် အော်ဟစ်လိုက်၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now