အပိုင်း(၂၆၃) တစ်ခါတစ်လေမှာ ကာကွယ်ဖို့ရာ လူသတ်ရပါတယ်

184 36 0
                                    

အမဝမ်နှင့် အဖော်ဖြစ်သူမှာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု သူတို့ခံစားမိကြသော်လည်း ယခုအချိန်ထိ အမှားရှာမတွေ့သေး။ သူတို့နှစ်ယောက်လုံး နွေဦးမြို့တော်သို့ လုံခြုံဘေးကင်းစွာဖြင့် ပြန်ရောက်လာခဲ့ကြပေသည်။

တစ်စုံတစ်ယောက်က သူတို့ကို ကလေးသူငယ်များစုဆောင်းရန် အမိန့်ပေးခဲ့သော်လည်း နောက်ပိုင်းကိစ္စများက သူတို့နှင့် မသက်ဆိုင်ပေ။ သူတို့ လုပ်ရန် လိုသည့် အချက်တစ်ခုတည်းက စောင့်ဆိုင်းပြီး ငွေယူရန်သာ။

ထိုအကြောင်းကို သူတို့စေ့စေ့တွေးလေလေ သူတို့၏ လတ်တလောမှတ်ညဏ်များက ဝေဝါးပျောက်ဆုံးသွားလေဖြစ်ကြောင်း သူတို့နားလည်လာကြ၏။

အမဝမ်က အချိန်ကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်၏။ “အချိန်ကျနေပြီ.. ၊ သူဘာဖြစ်လို့ အခုထိ မရောက်သေးတာလဲ။ သူတို့ပစ္စည်းမလိုချင်တော့ဘူးလား။”

ထိုစကားကို ဖန်ကျန့်ကြားလိုက်ရသောအခါတွင် အရောင်းအဝယ်ကိစ္စက သူထင်ထားသည်ထက် မြန်ဆန်စွာ ရောက်လာကြောင်း သိလိုက်ရ၏။  အဓိကလက်သည်ကို ဖမ်းဆီးရန် သူစောင့်ဆိုင်းနေခြင်းပင်။ ထိုစဉ် တံခါးခေါက်သံကို ကြားလိုက်ရသဖြင့်
ဖန်းကျန့် လှမ်းကြည့်လိုက်၏။ ပစ္စည်းယူမည့် လူက မည်သူမည်ဝါဖြစ်ကြောင်း သူသိလိုလှ၏။

အမဝမ်သည် တံခါးခေါက်သံကြားသည်နှင့်တံခါးနားသို့ ကပ်သွားကာ စကားဝှက် တီးတိုးမေးမြန်းလိုက်၏။ သူ(မ)စောင့်ဆိုင်းနေသည့် အဖြေစကားကို ပေးမည့် လူက သူ(မ)အတွေးထဲတွင် ပေါ်လာသည် ဖြစ်ရာ ထိုလူ၏ ပုံသဏ္ဍာန်ကို မြင်သာအောင် ဖန်းကျန့်ဖန်ဆင်းပေးလိုက်၏။

အမဝမ်က သက်ပြင်းချ၍  တံခါးကို ဖွင့်လိုက်၏။ ထိုအခါတွင် ထိုလူ၏ ရုပ်ရည်သွင်ပြင်ကို အတိအလင်းမြင်လိုက်ရတော့၏။ သူ(မ)ကား အလွန်ငယ်ရွယ်သော အမျိုးသမီး တစ်ယောက်ဖြစ်ပြီး ဖက်ရှင်ကျကျ ဝတ်စားထားပေသည်။ မိန်းမလှတစ်ယောက်ဖြစ်ပြီး လမ်းမပေါ်တွင် အမှတ်မထင်တွေ့မိပါက အလွန်ရိုးသားဖြူစင်သည့် မိန်းကလေးတစ်ယောက်ဟု ထင်မှတ်မိလိမ့်မည်။

ဗုဒ္ဓစနစ်(၂)Wo Geschichten leben. Entdecke jetzt