အပိုင်း(၁၇၉)

303 45 2
                                    


ဖေးဖေးမှာ ကွမ်းယင်မယ်တော်အား ဇဝေဇဝါစိုက်ကြည့်လိုက်ပြီး “ကွမ်းယင်မယ်တော် .. ဘာကို ဆိုလိုတာလဲ။”

ကွမ်းယင်မယ်တော်မှာ ရှင်းပြမည့်ဟန် မပေါ်ချေ။ ထိုအစား သူ(မ)က “တကယ်ပဲ မန်ယွမ်နဲ့ တွေ့ချင်သလား ၊ ဘာပဲပေးရပေးရ တွေ့မှာလား။”

ကွမ်ရင်မယ်တော်က တည့်တိုးပြောလာလေရာ သူ(မ)ကြောက်ရွံ့တုန်လှုပ်သွားမိ၏။ ထိုလျှို့ဝှက်ချက်ကို သူ(မ)နှင့်အနီးကပ်နေသည့် ချန်ဘင်းကိုပင်  မပြောပြခဲ့ချေ။ ယခုတော့ ကွမ်းယင်မယ်တော်ကို သူ(မ) ပို၍ လေးစားကြည်ညိုလာမိပြီးလျှင် ယုံမှားသံသယများလည်း ပျောက်ကွယ်သွား၏။

သို့နှင့် သူ(မ) ရှိခိုးဦးချလိုက်ပြီးလျှင် “ကွမ်းယင်မယ်တော် ၊ သမီးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးပါ ၊ ဘာမဆို သမီးပေးဆပ်ပါ့မယ်။”

“တစ်ချက်ကြည့်ခွင့်ရဖို့ နှစ်ငါးရာစောင့်ရမယ်။ တကယ်စောင့်ချင်တာ သေချာရဲ့လား၊” ကွမ်းယင်က မေးလိုက်၏။

“အနှစ်ငါးရာတောင်လား၊” ဖေးဖေးမှာ တွေဝေ သွားလေ၏။ ထိုမျှလောက်အထိ ရှည်ကြာပါသလော။ တဒင်္ဂခန့် တွေးလိုက်ပြီးနောက် “ဟုတ်ကဲ့ ..:။”

“ဒီအကြည့်က ဒကာမရဲ့ မိသားစုတွေ ၊ သူငယ်ချင်းတွေ အကုန်လုံးကို စွန့်လွှတ်ရတော့မယ့်ပုံပဲ၊ တကယ်လုပ်ချင်တာ သေချာရဲ့လား။”

"ဟုတ်ကဲ့။"

 ဖေးဖေး အံကို တင်းတင်းကြိတ်လိုက်၏။ သူ့အကြောင်းကို သူ(မ)နေ့စဉ်ရက်ဆက်တွေးတောနေမိသည် မဟုတ်ပါလား။ သူနှင့် ဆုံတွေ့ချင်လှပြီ။

“ဒီလိုဆိုတော့လည်း စောင့်ပါလေ၊” ကွမ်းယင်မယ်တော်က လက်ကို ဝှေ့ယမ်းလိုက်၏။

ဖေးဖေးမှာ လောကတစ်ခုလုံး ပြောင်းလဲသွားသယောင် ထင်ရပြီး သူ(မ)မှာ ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားမှန်း ခံစားလိုက်မိ၏။ သူ(မ) လမ်းမလျှောက်နိုင်သလို လှုပ်လည်း မလှုပ်ရှားနိုင်ပေ။ ဖေးဖေးမှာ အစက မမှုလောက်ဟု ထင်မှတ်ထားသော်လည်း နေမင်းကြီး တဖြည်းဖြည်းမြှင့်တက်လာသောအခါ သူ(မ)၏ ခြေထောက်များမှာ မီးမြှိုက်ခံရသည့်အလား ခြစ်ခြစ်တောက်ပူလောင်လာ၏။ ထို့အပြင် လေပြင်းများကလည်း သူမကို ဓားသွားများပမာ တိုက်ခတ်နေလေ၏။ နာကျင်လွန်းသောကြောင့် သူ(မ)ငိုချမိလုနီးပါး ။ မိုးစက်မိုးပေါက်များကလည်း သူ(မ)အရိုးထဲသို့ အပ်များပမာ စိုက်ဝင်လာကြ၏။

ဗုဒ္ဓစနစ်(၂)Donde viven las historias. Descúbrelo ahora