ဖန်းကျန့်ကား ထိုသို့နှယ် ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရသူပင်။ လူကောင်းတစ်ယောက် ဖြစ်ရန် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ဆိုခြင်းနှင့် ဘဝသင်ခန်းစာများ ရရှိထားသည့်တိုင် သူကား ပညာကောင်းစွာ မသင်ကြားခဲ့ရသော သာမန်လူပြိန်းတစ်ယောက်သာ ဖြစ်နေဆဲပါပင်။
လက်တစ်ချောင်းကိုယ်တော်ကြီး မည်မျှပင် မျှော်လင့်ချက်ထားခဲ့သည်ဖြစ်စေ ဖန်းကျန့်သည် အရာအတော်များများကို သူ့ဘာသာသိတတ်နားလည်လာနိုင်ခဲ့သည့်တိုင် သူ့အနေဖြင့် မည်မျှအတိုင်းအတာအထိ နားလည်နိုင်လိမ့်မည်နည်း။ သို့သော်လည်း သူ့ထံမှ ကောင်းကွက်မဆိုစလောက်ကို မြင်ခဲ့ရသည့်အတွက် လက်တစ်ချောင်းကိုယ်တော်သည် သူ့အား အလွန်ပျော်ရွှင်ဖွယ်ကောင်းသော ကလေးဘဝကို ပေးအပ်ခဲ့သည်။ သူ၏ အစစ်အမှန်ပုံစံက လုံးဝ မပြောင်းလဲသွားဘဲ ယခင်နှစ်များမှ ဖန်းကျန့်အတိုင်းသာ ရှိနေဆဲပင်တည်း။
စနစ်ထွက်ပေါ်လာခြင်းကြောင့် သူရုတ်တရက် လမ်းလွှဲသွားလုနီးပါး ဖြစ်သွားသည့်တိုင် ဖန်းကျန့်ကား ယခင်အကျင့်ဟောင်းများနှင့် ကျင့်သားရနေခဲ့လေပြီ။ တစ်ခါတစ်ရံ ဒေါသထွက်တတ်သော်လည်း ယခင်ကကဲ့သို့ ခုနှစ်သံချီထုတ်မဆဲတော့။ အခြားသူများရှေ့တွင် သီလနှင့် ပြည့်စုံသော ဝိနည်းညီဆရာတော်တစ်ပါးပမာ ပြုမူနေထိုင်ရမည်က သူ၏ ဝတ္တရားပင်။
မည်သို့ပင်ဖြစ်စေ ကျင့်ဝတ်သိက္ခာနှင့် အညီ နေထိုင်ခြင်းက သူလူမထွက်မီ ကုသိုလ်ကောင်းမှု အများအပြား စုဆောင်းထားခြင်းနှင့် တူပေသည်။
သူ့အခြေအနေကို ပြန်ပြောင်းသုံးသပ်ပြီးနောက် လူနီလေးကို လှမ်းကြည့်လိုက်စဥ် ဖန်းကျန့်မှာ ပြုပြင်ဆုံးမရေးနည်းစနစ်ကို သိသွားတော့၏။ လက်ရှိ လူနီလေးကား သူငယ်စဥ်ကထက်ပင် ပိုမို ရိုင်းစိုင်းပေသည်။ ထို့ကြောင့် သူ့အဖို့ လူနီလေးအား အကြမ်းနည်းသုံးသင့်လျှင် သုံးရပေမည်။ ထပ်ပြောရမည် ဆိုပါက မဆင်မခြင် လူမသတ်မိစေရန်အတွက် လူနီလေးကို တားဆီးရမည်ဖြစ်သည်။ မိမိကိုယ်ကို ပြန်လည် သိမြင်ပြီး လူသစ်ဖြစ်လာစေရမည်။ အကျိုးရလဒ်များကို ၎င်းဘာသာ ပြန်မြင်လာစေရမည်။ စောစောဉာဏ်အလင်းရလေ စောစောလွတ်လပ်လေပင်။
YOU ARE READING
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...