အပိုင်း(၂၇၁) လူဆိုးလေးကို အပိုးကျိုးအောင်လုပ်ပစ်မယ်

208 31 0
                                    

“ဟဟ ဒီကလေးက အတော်လေး စရိုက်ကြမ်းတာပဲ… ။ ဒါပေမယ့် သူက ကလေးပဲရှိသေးတာပါ။ ဘယ်လောက်များ ကြမ်းနိုင်မှာလဲ…။ ငါ ဝံပုလွေအရှင်ဆီက တစ်ချက်လောက် အရိုက်ခံရမယ်ဆိုရင် လွင့်ထွက်သွားမှာပဲ…။" သင်းကွဲဝံပုလွေမှာ မခိုးမခန့်လှောင်ရယ်လိုက်၏။

လူနီလေးမှာ ဝံပုလွေ၏ မှတ်ချက်ကို ကြားလိုက်ရသောအခါ အသာအယာပြုံးလိုက်လေ၏။ ဝံပုလွေမှာ စိတ်ထဲ၌ နိမိတ်မကောင်းတော့ဟု မသိုးမသန့်ခံစားရသော်လည်း သူသည် လက်တစ်ချောင်းကျောင်းတော်၏ ရဲဝံ့သော အစောင့်အရှောက်ဖြစ်သည်ကို ပြန်တွေးလိုက်မိပြီးလျှင် သူ့ အရှေ့ရှိ လူ့ဖလံလေးကို ကြောက်ရန်မလိုဟု ပြန်အားတင်းလိုက်၏။

သင်းကွဲဝံပုလွေမှာ နောက်တစ်ဒင်္ဂအတွင်း ‌မည်သို့ ဖြစ်ပျက်သွားကြောင်းပင် မသိလိုက်ချေ။ ထို့နောက် အရှိန်ပြင်းစွာ ခုတ်မောင်းနေသော ရထားတစ်စင်းနှင့် ဝုန်းခနဲ ဝင်တိုက်ခံသလို ခံစားရလိုက်ပြီးနောက် ဘုန်းကြီးကျောင်း နံရံနှင့် ဝင်ဆောင့်ကာ အောက်သို့ ဖုတ်ခနဲ ပြုတ်ကျသွားလေတော့၏။

လူနီလေးမှာ နှာခေါင်းရှုံ့လိုက်၏။ "ငါ့လို ဘုရင်တစ်ပါးက တိရစ္ဆာန်တွေရဲ့ ပြောစကားကို နားမလည်ဘူးလို့ ထင်နေလို့လား…။ ဘယ်လိုလုပ်ပြီး နိမ့်ကျတဲ့ဝံပုလွေတစ်ကောင်က ငါ့ရှေ့မှာ ဘုရင်တစ်ပါးလို လာပြောဆိုနေရတာလဲ… ။ ဟိုခေါင်း​တုံးကြောင့်သာ မဟုတ်ရင် ငါမင်းကို သေအောင် ရိုက်ပြီး အသားကင် လုပ်ပစ်လိုက်ပြီ…။”

သင်းကွဲဝံပုလွေ လွှင့်စင်သွာသည်ကို မြင်လိုက်ရသောအခါ ဖန်းကျန့်မှာ လွှတ်ခနဲ ကျိန်ဆဲလိုက်မိတော့၏။
“ ငါ$၊ သာမန်ကလေးတဲ့လား… ။ စနစ် မင်းမိသားစုကရော သာမန်ပဲလား၊ ဟဲဟဲ ဟဲ…။”

ဖန်းကျန့်မှာ သူ၏ ကျောင်းအစောင့်အရှောက် ပယ်ပယ်နယ်နယ်အရိုက်ခံနေရသည်ကို လက်ပိုက်ကြည့်မနေနိုင်တော့ပေ။ ထို့ကြောင့် ချောင်းဟန့်လိုက်ပြီးလျှင်“ လူနီလေး အခု မင်းက ဒီကိုယ်တော်ရဲ့ လက်တစ်ချောင်း ကျောင်းတော်ကို ရောက်လာပြီဆိုတော့ အဲဒီလိုမျိုး ကိုယ်ထိလက်ရောက်အပြုအမူတွေ လုပ်လို့ မရတော့ဘူး… ။ မင်းရဲ့ နတ်တန်ခိုးကို ဒီနွမ်းပါးတဲ့ ကိုယ်တော်ရဲ့ ခွင့်ပြုချက်မရဘဲ ထုတ်သုံးခွင့်မရှိဘူး…။ တကယ်လို့ ဒီနွမ်းပါးတဲ့ ကိုယ်တော် မင်းသုံးတာကို တွေ့သွားမယ်ဆိုရင်တော့.. ဟမ့် မင်းခံစားရမယ့် ပြစ်ဒဏ်က အရင်ထက်ကို အဆပေါင်းများစွာ ပိုတိုးလာမှာ။ မင်းရဲ့ ကျန်သေးတဲ့ သက်တမ်းတစ်ခုလုံး ငရဲကျသလို ခံစားချင်တယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့ မင်းစမ်းကြည့်လို့ တယ်… ။"

ဗုဒ္ဓစနစ်(၂)Opowieści tętniące życiem. Odkryj je teraz