ဗောဓိပင်အောက်၌ ဖန်းကျန့်နှင့် လူနီလေးတို့ ထိုင်နေကြ၏။
လူနီလေးမှာ ဖန်းကျန့်၏ မျက်လုံးဒေါက်ထောက်ကြည့်မှုအောက် ကျောက်ခဲကို မကုန်မချင်း ဝါးစားနေရရှာ၏။
သို့သော်လည်း သူမည်သို့မှ မတတ်နိုင်။ ပဒိုင်းသီးကိုင်ထားရသည့်နှယ် ဆုပ်လည်းစူး စားလည်းရူး။ ဖန်းကျန့်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည့်တိုင် ၎င်းက စကားမစသေး။ ကောင်းကင်ထက် ထိန်ထိန်သာနေသော လဝန်းကိုသာ ငေးကြည့်လျက်။လူနီလေးသည်လည်း လှမ်းကြည့်လိုက်လေ၏။ သို့သော်လည်း သူ့ခေါင်းထဲတွင်တော့ အတွေးများ ရှုပ်ထွေးနေကြ၏။ ၎င်း၏ လှည့်ကွက်ထဲမှ မည်ကဲ့သို့ ပြန်ရုန်းထွက်ရမည်နည်းဟု ခေါင်းတောက်မတတ် စဉ်းစားလေ၏။
“ကျင်းရှင်း .. ချန်ငိုဝ်နဲ့ လယုန်က လပေါ်မှာ တကယ်ရှိတာလား၊” ဖန်းကျန့်က ရုတ်တရက် မေးလိုက်၏။
“ရှိတယ်။”
“ဟုတ်လား .. မင်းတွေ့ဖူးလား။”
“မတွေ့ဖူးဘူး ..။ ဒါပေမယ့် ကြားတော့ ကြားဖူးတယ်။”
“ကြားတာတော့ ငါလည်း ကြားဖူးတာပေါ့ဟ။ စားနေတာ မရပ်လိုက်နဲ့ ..။ မင်း ဗိုက်ဟာသွားရင် လေထိုးမယ်။”
လူနီလေး မျက်ရည်ဝဲသွား၏။
“ကျင်းရှင်း ..မင်းနေတဲ့ လောကက ဘယ်လိုမျိုးလဲ။”
“တောင်အမြင့်ကြီးတွေ .. ၊ လှိုင်းခေါင်းဖြူတွေ ၊နတ်ဆိုးတွေ၊ မိစ္ဆာတွေ နေရာတကာရှိတယ် ..။ ဘုန်းကြီးတွေ ဘာတွေဆိုတာ ဘာမှမဟုတ်ဘူး .. ။ ခွေးအဆင့်လောက်ပဲရှိတာ၊” လူနီလေးက ထိုအသရေဖျက်သော စကားကို ကျယ်လောင်စွာ ပြောလိုက်၏။ သို့သော် ဖန်းကျန့်က သူ့အား အမြိန့်သား ပြုံးလျက် စိုက်ကြည့်နေသည်ကို သူတွေ့လိုက်ရ၏။
ဖန်ဂကျန့်က ၎င်းအား ပြုံးကြည့်နေရာမှ “ငါ့ရဲ့ ချစ်တပည့်လေး .. မြန်မြန်စား .. ထပ်ယူဦး။”
လူနီလေးမှာ ဖန်းကျန့်အား တစ်လှည့် ကျောက်တုံးအား တစ်လှည့် လှမ်းကြည့်လိုက်၏။ ထိုမျိုးမစစ်ဘုန်းကြီးကား သူ ကို ကျောက်တုံးနှင့် ရိုက်သတ်ရန် ကြံခဲ့သည်ကို ကြိုသိနေရခြင်းဖြစ်ရမည်ဟု နောက်ဆုံးတွင် သူနားလည်သွားတော့၏။ ထို့ကြောင့် သူ ဤအခြေအနေမှ မြန်မြန်ရုန်းထွက်ရန် ကြိုးစားလိုက်၏။

BẠN ĐANG ĐỌC
ဗုဒ္ဓစနစ်(၂)
Viễn tưởngဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...