အပိုင်း(၂၉၉) တာအိုဘုန်းကြီး

184 28 0
                                    

ယန်ဖိင်က ကျစ်ခနဲ စုတ်သပ်၍ "မင်းတို့သူဌေးတွေက အချိန်ဖြုန်းနေတာပဲ။ ငါပြောပြမယ်၊ တစ်ချောင်းတစ်ဆယ်မဟုတ်ဘူး။ ကီလိုဝက်ကို တစ်ဆယ်ကွ။"

"ဘာ တစ်ကီလိုဝက်ကို ဆယ်ယွမ် ဟုတ်လား။ ဘုရားရေ ငါတို့မျှစ်တွေက အကြီးကြီးကို။ ဒါဆို မျှစ်တစ်ချောင်းကို ယွမ်ဆယ်နဲ့ချီရမှာပေါ့ ဟုတ်လား၊" တစ်ဦးက လွှတ်ခနဲ ပြော၏။

ဝမ်ရိုကွေ့၏ မျက်လုံးများ ဖျပ်ခနဲ တောက်ပသွား၏။

ယန်ဖိင်- "ဟုတ်တယ်။ မျှစ်တစ်ချောင်းက ယွမ်ဆယ်ဂဏန်းတန်တယ်။ အဲဒါကို ခဏဖယ်ထား။ တောင်ပိုင်းက လာတဲ့ ရိုးရိုးနွေဦးပေါက်မျှစ်တွေတောင်မှ ကီလိုဝက်ကို ရှစ်ယွမ် ကိုးယွမ်ပေးရတယ်။ မျှစ်ကောင်းတွေကျ ၁၀ကနေ ၁၂ယွမ်ကြား ရှိတယ်။ ကျုပ်တို့မျှစ်တွေက ဘယ်ထက်မဆို သာပြီးသား။ ဒါကြောင့် ကီလိုဝက်ကို ၁၀ယွမ်နဲ့ရောင်းလို့ ကိစ္စမရှိဘူး။  ကျုပ်တို့ ပြောင်းဖူးစိုက်တာ ဘယ်လောက်ရလို့လဲ။ ၅၀ဆင့်လား။ ၆၀ဆင့်လား။ ကျုပ်မှတ်မိသလောက်ဆိုရင် အရင်နှစ်က ကီလိုဝက်ကို  ၂၀ကနေ ၃၀ဆင့်သာသာပဲ ဟုတ်တယ်မလား။ ကျုပ်အသေးစိပ်တွက်ပြမနေတော့ဘူး။ တစ်ချက်ကြည့်လိုက်တာနဲ့ သိသာနေတာပဲဗျာ။ အဓိကက ဝါးထွက်ကုန်စ္စည်းတွေကလည်း စျေးကြီးတာပဲ။ မျှစ်ခြောက်၊ မျှစ်ချဥ် စသဖြင့်။ တစ်နှစ်သားဝါးတွေကိုကျတော့ ပရိဘောဂတွေ၊ ဖျာတွေဘာတွေလုပ်လို့ရတယ်။ ဝါးတစ်ပင်လုံးက ပိုက်ဆံပဲ။ ကျုပ်တို့နှင်းခဲဝါးတွေက အပြင်မှာ ရောင်းနေတဲ့တွေထက် အများကြီးပိုလှတယ်။ ဟား ကျုပ်ဆက်မပြောနိုင်တော့ဘူး။ ခေါင်းထဲမှာ ပိုက်ဆံတွေချည်းပဲ မြင်ယောင်လာတယ်။"

ယန်ဖိင်ပုံဖော်ပြသော လှပသည့် အနာဂတ်ကို နားထောင်ရင်း လူတိုင်း၏ မျက်ဝန်းများ ဝင်းလက်သွားကြ၏။

ထန်ချီကော်က ထပ်လောင်းပြော၏။ "ဆက်ပြောရရင် အရှေ့မြောက်ပိုင်းမှာ ဝါးတောတွေမရှိဘူး။ ကျုပ်တို့ဝါးတွေက အတော်ရှားတယ်ပြောရမယ်။ ဆရာတော်ဖန်းကျန့်က တောင်ထိပ်မှာရှိတဲ့ မျှစ်တွေကို တစ်နေ့ အချောင်းတစ်ရာတူးခွင့်ပြုမယ်တဲ့။ ကျုပ်တို့ ဒါကို ဗန်းပြပြီး ရောင်းရမယ်။ ဒီမျှစ်တွေကို ကြော်ငြာအနေနဲ့ အရည်အတွက်ကန့်သတ်ပြီး ရောင်းရမယ်။ အကောင်းဆုံးမျှစ်တွေကို စားချင်ရင် လက်တစ်ချောင်းရွာကိုလာ။ ဝါးတောကို ရှုစားရင်း မျှစ်ဟင်းလေးစား။ ကျုပ်တို့ရွာက ခရီးသွားလာရေးလောကမှာ နေရာရလာပြီး စံနမူနာထားရမယ့် ရှားပါးခရီးသွားနေရာတစ်ခုဖြစ်လာမှာဗျ။"

ဗုဒ္ဓစနစ်(၂)Hikayelerin yaşadığı yer. Şimdi keşfedin