နောက်တဒင်္ဂ၌ သင်းကွဲ ဝံပုလွေသည် စားပွဲခုံအောက်တွင် ရပ်လျက် စားပွဲကို ထောက်ကန်ပေးထားရသည်။ သူစိတ်ပျက်ရသည့် အကြောင်းမှာ သူ၏ ခေါင်းပေါ်တွင် မည့်သည့်အရာရှိနေသနည်း။
ဖန်းကျန့်အလွန်ပျော်ရွှင်နေ၏။ နတ်တန်ခိုးက အသုံးမဝင်သော်လည်း အရသာရှိသည့် တစစားစရာကို ထုတ်လုပ်ပေးနိုင်သေးသည် မဟုတ်ပါလား။ သင်းကွဲဝံပုလွေ၏ ခေါင်းပေါ်တွင် ကြီးမားသော ဆလပ်ပင်တစ်အုံပေါက်နေသည်။ ပိုအရေးကြီးသည့် အချက်မှာ သူတစ်ရွက်ခူးတိုင်း နောက်တစ်ရွက်ထပ်ထွက်လာခြင်းပင်။ ကြီးထွားသည့် နှုန်းမှာလည်း အလွန်လျှင်မြန်သည်ဖြစ်ရာ ဖန်းကျန့်စားဖို့ရာ အလျဉ်မှီပေသည်။ ဖန်ကျန့် ဆလပ်ရွက် တစ်ဇလုံခန့်ခူးပြီးလျှင် ကြော်လိုက်၏။ သူနောကနောက်တစ်ဇလုံခန့် ခူးလိုက်ပြန်ပြီးလျှင် အချဉ်ရည်နှင့် တို့စား၏။
နောက်တစ်ဇလုံခူးပြီးသည့်အခါတွင် ရေနှင့် ဆားများ ရောထည့်လိုက်၏။ မကြာမီ အနံ့တစ်ထောင်းထောင်းဖြင့် မွှေးပျံ့သော ဟင်းရွက်စွတ်ပြုတ်ကာ အဆင်သင့်ဖြစ်လို့နေ၏။ သင်းကွဲဝံပုလွေမှာ ခါးသက်စွာ ညည်းညူယုံသာ တက်နိုင်သည်။ စာပွဲခုံကိုထောက်ကန်နေရသောကြောင့် သူဤနေရာတွင် မလှုပ်မရပ်ရပ်နေရသည်။ ဖန်းကျန့် သူ့ခေါင်းထက်မှ ဆလပ်ရွက်များ တစ်ရွက်ပြီး တစ်ရွက်ခူးနေသည်ကို အတိုင်းသာကြည့်နေရသလို ဖန်းကျန့် ထူးဆန်းစွာ ညည်းညူလိုက်သည်ကိုလည်း သူကြားနေရ၏။
“ဟဲဟဲ ရှေးခေတ်တုန်းကဆိုရင် စားပွဲထိုးတွေက အစိမ်းရောင်ဝတ်စုံဝတ်ရတယ်။ ဒါပေမယ့် အခု ဝံပုလွေလေးက ဟင်းရွက်တွေ ဝတ်ထားတယ်ဆိုတော့ မဆိုးဘူး၊ မဆိုးဘူး။ ဟဲဟဲ ဒီတန်ခိုးက သိပ်မဆိုးဘူးပဲ။”
သင်းကွဲဝံပုလွေမှာ ဖန်းကျန့် ပြောသည်ကို နားမလည်သော်လည်း သူ့အတွက် ကောင်းကျိုးမရှိနိုင်ကြောင်း အလိုလိုသိနေ၏။
ဟင်းရွက်ကြော်များကို ပလုတ်ပလောင်းစားပြီးသောအချိန်တွင် သင်းကွဲဝံပုလွေ၏ မကျေမနပ်အမူအရာများက ပျောက်ကွယ်သွားလေ၏။
“ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်။”
ဖန်းကျန့်မှာ ဝံပုလွေ၏ အရူးလုပ်တတ်သည့်အကျင့်ကို သိသောကြောင့် သူလိုက်မစားရဲသေးပေ။ မေးစေ့ကို ဖွဖွပွတ်သပ်ပြီး ညည်းညူလိုက်လေ၏။
![](https://img.wattpad.com/cover/363385828-288-k79533.jpg)
YOU ARE READING
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...