ဖန်းကျန့် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ထိုအုပ်စုမှာ ပို၍ ကြောက်ရွံ့ကြည်ညိုသွားကြ၏။ ဖန်းကျန့်၏ အသံက တော်ဝင်အမိန့် တစ်ခုနှင့် အလားတူညီသည်။ မည်သူက မနာခံဘဲ နေဝံ့မည်နည်း။ သူတို့အားလုံး တိတ်တဆိတ်ဖြင့်သာ မာလောင်တစ်ယောက် ဓားတစ်လက်ပြီး တစ်လက်မွေးထုတ်နေသည်ကို ငေးကြည့်နေမိကြ၏။
မာလောင်သည် သေသည်ထက် ဆိုးသော နာကျင်မှုကို ခံစားနေရ၏။ သူသည် ငယ်စဉ်ကလေးဘဝကကတည်းက ဓားကို ကြိုက်နှစ်သက်ခဲ့သည်။ အသက်ပိုကြီးရင့်လာလေ ပို၍ ကြိုက်နှစ်သက်လာလေပင်။ သူ့အိမ်ရှိ ကုတင်ပေါ်တွင် သူစုဆောင်းထားသော ဓားပေါင်းများစွာရှိသည်။ သို့သော် ယနေ့တွင်တော့ ဓားများကို သူမုန်းတီးမိလေပြီ။
ဓားပေါင်းများစွာ မွေးပြီးသည့် နောက်တွင်တော့ မာလောင်မှာ နောက်ဆုံးတွင် လက်ခံသွားလေသည်။ “ဆရာတော် ၊ ကျုပ်အမှားကို ကျုပ်သိပါပြီ ၊ ကျုပ်နောက်ထပ် ဓားမမွေးချင်တော့ပါဘူး။”
“ဆရာတော် ကျုပ် အသနားခံပါတယ်။ ကျုပ်စိတ်သစ်လူသစ်နဲ့ လူကောင်းတစ်ယောက် ဖြစ်အောင် နေပါ့မယ်၊" မာလောင်က နာကျင်မှုကို ဥပေက္ခာ ပြုထားရင်း ပြောလေ၏။
“ဆရာတော် .. အားလုံးက ကျုပ်အပြစ်တွေပါ ၊ ကျုပ်လူမပီသခဲ့ဘူး။ လူမလုပ်သင့်တဲ့ အလုပ်ကို ကျုပ်လုပ်ခဲ့မိတယ် ၊ ကျုပ်တောင်အောက် ရောက်တာနဲ့ ကိုယ်တိုင် အဖမ်းသွားခံပါ့မယ်။ အရင်က လုပ်ခဲ့တဲ့ အမှားတွေ အကုန်လုံးကို ဝန်ခံပါ့မယ်။”
ဖန်ကျန့်မှာ တံခါးတွင် ရပ်နေရင်း မာလောင်အား စောင့်ကြည့်နေ၏။ မာလောင်၏ ကိုယ်တွင်းမှ သွေးဆိုး အရိပ်မည်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူသိလိုက်ရ၏။ အကုသိုလ်ကံ အနည်းငယ်မျှသာ ပျောက်ကွယ် သွားခဲ့ခြင်းပင်။ မာလောင်သည် အတိတ်တွင် မကောင်းမှုများစွာ ကျူးလွန်ထားသည် ဖြစ်ရာ ၎င်း၏ ကံကြမ္မာကို တောင်ပေါ်တွင် အပြီးပြတ် သန့်စင်ပေးရန် မဖြစ်နိုင်ချေ။
မာလောင် ဓားလေးဆယ့်ကိုးချောင်း တိတိမွေးပြီးသော အခါတွင်မူ ဖန်းကျန့်သည် လက်ကို ဝှေ့ယမ်းလျက် ထပ်မနှိပ်စက်တော့ချေ။ ၎င်းသည် မြေပေါ်တွင် အဆန့်သား လှဲရင်း ကောင်းကင်ထက်သို့ အသက်မရှိသည့်ပမာ စိုက်ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်လေ၏။ “နောက်ဆုံးတော့ ပြီးသွားပြီပဲ။”
![](https://img.wattpad.com/cover/363385828-288-k79533.jpg)
BẠN ĐANG ĐỌC
ဗုဒ္ဓစနစ်(၂)
Viễn tưởngဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...