“အရှင်ဖန်းကျန့် .. ဒီဝါးပင်တွေက ဘယ်ကနေ ရောက်လာတာလဲ ..” ဝမ်ရိုကွေ့က မျက်လုံးများ မှေးစင်ကျသွာသည်အထိ မျှစ်ကို အရသာခံရင်း မေးလိုက်၏။ မျှစ်များက အလွန်အရသာရှိပြီး သူစားခဲ့ဖူးသည့် စားစရာများထက် အဆပေါင်းများစွာ ပိုကောင်းမွန်ပေသည်။
ဖန်းကျန့်က ကောင်းကင်ထက်သို့ မျှော်ကြည့်လိုက်၏။ 'အဲဒီနေရာကနေ လာတာပဲ ဖြစ်လိမ့်မယ် ..' မည်သို့မျှ ထပ်မံရှင်းပြစရာ မရှိပေ။ အချို့အရာများကို သူရှင်းပြ၍ ရသော်လည်း အချို့အရာများကို မရေမရာသာ အဖြေပေးနိုင်သည်။
“အာ .. ကလေး .. မင်းငါ့ကို ဝေ့လည်ကြောင်ပတ်လုပ်နေတာလား …။ ဲပါ၊ ငါမမေးတော့ပါဘူး ..။ ပိုအရေးကြီးတဲ့ ကိစ္စပြောကြတာပေါ့။”
ဖန်ကျန့်က ပြုံးလိုက်၏။ “ဒကာကြီး .. ဒီနေရာကို ရောက်လာတာ ဒီဝါးတောကြောင့် ဖြစ်ရမယ် .. ဟုတ်တယ်မလား။”
“ဟုတ်တယ် .. ဝါးတောက အရမ်းသာယာတယ်…မျှစ်တွေကို မပြောနဲ့ဦး ..။ ဝါးနဲ့တင် တော်တော် တန်ဖိုးရှိနေပြီ ..။ တခြားဝါးအမျိုးအစားတွေနဲ့ ငါလိုက်ယှဉ်ကြည့်ပြီးပြီ ..။ ဘယ်ဝါးမှ ဒီဝါးလိုမျိုး မြစိမ်းရောင်မထွက်ဘူး ..။ ကြည့်ရတာ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့အတိုင်းပဲ ..။ ပိုပြီးအရေးကြီးတာက ဒီမျှစ်က အရမ်းအရသာရှိတယ်။”
“ပြီးတော့ရော ..။”
“အရှင်ဖန်းကျန့် .. ငါတို့ ရွာမှာရော အဲဒီလို ဝါးတောမျိုး ရှိရင်ကောင်းမယ်နော်။ အဲဒါဆိုရင် ဝါးနဲ့ မျှစ်တွေကို ငါတို့ရောင်းစားလို့ရတယ် ..။ အမြတ်အများကြီးရမှာ သေချာတယ် .. ။ ဝါးတွေက တစ်ခါခုတ်ပြီးတာနဲ့ ခဏလေး ပြန်ထွက်လာမှာပဲလေ ..၊” ဝမ်ရိုကွေ့က လက်နှစ်ဖက်ကို ပွတ်သပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြော၏။ လက်တစ်ချောင်းတောင်ကား လက်တစ်ချောင်းကျောင်းတော်အပိုင်ပင်။ ယခု ယင်းမှ သူအကျိုးအမြတ်မျှော်ကိုးနေသည် မဟုတ်ပါလား ။ သူအတော်ပင် မျက်နှာပြောင်တိုက်ကြောင်း သူသိပေ၏။
ဖန်းကျန့်က ပြုံးလိုက်၏။ “ဒကာကြီး .. ဒီတောင်က လက်တစ်ချောင်းကျောင်းတော်ပိုင်တဲ့ တောင်ပါ ၊ ဝါးတွေကလည်း လက်တစ်ချောင်းကျောင်းတော်ရဲ့အပိုင်ပါပဲ။”
CZYTASZ
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...