သူ့အဖို့ လကမ္ဘာပေါ်သို့ ရောက်ချင်သော်လည်း လေဟာနယ်ထဲ လမ်းပျောက်နေရသည့်နှယ်၊ ကွန်ပျူတာရှိသော်လည်း လျှပ်စစ်မီးမရှိသည့်နှယ်၊ ကားရှိသော်လည်း ဆီမရှိသည့်နှယ်။
လူနီလေး၏ပုံစံက သနားချင့်စဖွယ်ကောင်းလှသည်။ သမာဓိမီးအစွမ်းမရှိဘဲနှင့် ထမင်းကို မည်ကဲ့သို့ ဆင့်ခေါ်နိုင်မည်နည်း။
မျောက်၊ ဝံပုလွေနှင့် ရှဉ့်လေးတို့မှာ ဆက်လက်ရှုစားနေကြ၏။ မည်သည့် အရာများ ဖြစ်နေကြောင်း သူတို့မသိသော်လည်း ဖန်ကျန့်နှင့် လူနီလေးတို့၏ စကားအသွားအလာကို ကြည့်ခြင်းဖြင့် လက်ရှိ အခြေအနေကို ယေဘုံယျခန့်မှန်းမိကြ၏။ ထိုရူးနေသော လူနီလေးမှာ ကျောင်းထိုင်၏ လှည့်ကွက်ထဲ ဝင်တိုးမိသွားပြီဖြစ်မည်။
သင်းကွဲဝံပုလွေက သူ့အား လူနီလေး ရိုက်ထားသော ရိုက်ချက်တစ်ချက်ကို စိတ်ထဲတွင် အငြိုးထားနေဆဲ။ သို့နှင့် ၎င်းက အော်ပြောလိုက်၏။ “ကျင်းရှင်း .. မင်း ငါတို့ကို ပြမယ့် ဟာက အံ့ဩစရာလည်းမကောင်းပါလား .. ။ မင်းပြမယ့် မျက်လှည့်က ဘယ်မှာလဲ..။ မင်းလက်တွေ ကျိုးသွားပြီလား။”
လူနီလေးက သင်းကွဲဝံပုလွေအား မျက်ထောင့်နီကြီးနှင့် ကြည့်လိုက်ရာ ၎င်းကလည်း အော်ကြီးဟစ်ကျယ် တိုင်တန်းတော့၏။ “ကျောင်းထိုင် ဟိုကလေး ကျုပ်ကို စိုက်ကြည့်နေပြန်ပြီ .. ။ ကျုပ်သာ ထပ်အရိုက်ခံရမယ်ဆိုရင် ဒီတစ်ခါ သူ့ကြောင့်ပဲ။”
လူနီလေးမှာ ထောင်းခနဲ ဒေါသထွက်သွားသော်လည်း အကြည့်ကို ပြန်ရုတ်လိုက်ရ၏။ ထို့နောက် အနောက်လှည့်ကာ သူ့ တန်ခိုးများကို ဖော်ထုတ်ရန် ထပ်ကြိုးစားလိုက်၏။
မျောက်နှင့် ရှဉ့်လေးတို့မှာ ဝံပုလွေနှင့် တစ်ကျိတ်တစ်ညဏ်တည်း။ လူနီလေးအား အခွင့်အရေးရခိုက် ဖိနှိပ်ထားလိုကြသည်။
“ကျင်းရှင်း မင်းလုပ်နိုင်ပါတယ် ..။ မင်း လေလုံးထွားထားပြီးတော့မှ ပြောသလို မဖြစ်လာရင် တော်တော်လေးရှက်စရာ ကောင်းမှာနော်၊” ရှဉ့်လေးက ချက်ကျလက်ကျဝင်နှက်လိုက်၏။ "ငါသာ ကျင်းရှင်းနေရာမှာဆိုရင် ရှက်လွန်းလို့ မျက်နှာတောင်ပြရဲမှာ မဟုတ်ဘူး။"
YOU ARE READING
ဗုဒ္ဓစနစ်(၂)
Fantasyဝေးလံခေါင်ဖျားသော အရှေ့မြောက်ရိုးမတောင်တန်းပေါ်က 'လက်တစ်ချောင်းကျောင်းတော်'အမည်ရ ဗုဒ္ဓဘာသာဘုရားကျောင်းလေးတစ်ဆောင်။ ကျောင်းသည် မကြီးကျယ် မခမ်းနားလှ၊ သို့ပေသည့် အလွန်ဆန်းကြယ်တန်ခိုးကြီးသည်။ ဘုရားကျောင်း၌ ခေါင်းတုံးပြောင်ပြောင်၊ သို့ပေသည့် ရုပ်ရည်ချောမ...