အပိုင်း(၁၈၉) မိစ္ဆာမကြီးကျနေတာပဲ

243 46 0
                                    

သို့သော်လည်း ရှဉ့်တစ်ကောင်၏ တကွိကွိမြည်သံကြောင့် ထိုအမျိုးသမီး၏ စိတ်ဝင်စားမှုက တဒင်္ဂအတွင်း မြင့်တက်သွားတော့၏။ 

သူ(မ)လှမ်းကြည့် လိုက်ရာ ရှဉ့်ငယ်လေးတစ်ကောင် ခေါင်းပြူထွက်လာသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူ၏ လက်သီးဆုပ်ကို ဝှေ့ယမ်းပြလာသည်မှာ တစ်ခုခုကို ပြောချင်နေသယောင်။ “ခင်ဗျား ဘာတွေ အော်နေတာလဲ…။ ကျုပ် ခင်ဗျားကို ဘာမှ မပေးနိုင်ဘူး…။” 

အမျိုးသမီးမှာ ဇဝေဇဝါဖြစ်သွားရ၏။ ထိုနေရာတွင် ရှဉ့်တစ်ကောင် အမှန်တကယ် ရှိနေသလော။ ထိုရှဉ့်ကား သရဲပူးကပ်နေ၍လော။ သင်္ကန်းဖြူဝတ်ဘုန်းကြီး၏ နောက်ကျောကို သူ(မ)လှမ်းကြည့်လိုက်သောအခါတွင်  ဒေါသထွက်ဟန်မရှိသည်ကို တွေ့ရ၏။  ထိုအစား ဘုန်းကြီးက ပြုံးလိုက်ပြီးနောက် “မင်း သေချာစဉ်းစားပြီးပြီလား။  ဒီအတိုင်း ဆက်လုပ်နေမယ် ဆိုရင် ဒီကိုယ်တော်ကလည်း ပညာပြန်ပြရသေးတာပေါ့။ ဒီကိုယ်တော်ရဲ့ ဆန်က အရမ်းကို အဖိုးတန်တယ်လေ.. ။ ပြီးတော့ မျောက်လည်း ထပ်ရောက်လာတာဆိုတော့ ကိုယ်တော့်ရဲ့ ဆန်အိုးထဲက ဆန်တွေက နောက်ပိုင်းမှာ စားဖို့ မလောက်ချင်တော့ဘူး...။  ဒီကိုယ်တော် နောက်ဆိုရင် ပိုခြိုးခြုံရတော့မယ်  ..။ အင်း တကယ့်ပြသာနာ ပဲ…။” 

နောက်တစ်ဒင်္ဂတွင်မတော့ အမျိုးသမီး၏ မျက်ဝန်းများ ပြူးကျယ်လာပါတော့၏။ ရှဉ့်ငယ်လေးက ဖန်းကျန့်၏ ပုခုံးပေါ်သို့ ခုန်ဆင်းလာလျက် ဝက်သစ် ချသီးကြီး ၂လုံးကို ကိုင်ထား၏။ ၎င်း၏ အရည်လဲ့ မျက်ဝန်းများဖြင့် ရှုတည်တည်စိုက်ကြည့်လိုက်ပြီးနောက် ဖန်းကျန့်အား ဝက်သစ်ချသီးများကို ကမ်းပေးလိုက်တော့၏။

 ၎င်းကား အလွန်ညဏ်ကောင်းသည့် သတ္တဝါပင် ဖြစ်ပေသည်။ ထမင်းမှာ ၎င်းနေ့စဉ် စားသုံးနေသည့် အရာ။ ဆန်မည်မျှကျန်မှန်း ၎င်းကောင်းစွာသိသည်။ ဖန်းကျန့် နောက်ပြောင်နေခြင်း မဟုတ်မှန်း ၎င်းနားလည်သည်။ ဆန်များများစားစား မကျန်တော့သည်ကား အမှန်ပင် ။ 

ထိုအချင်းအရာကို မြင်သောအခါ ဖန်းကျန့် ပြုံးလိုက်ရင်းမှ ကြည်နူးမိရ၏။ ဝက်သစ်ချသီး နှစ်လုံးပင် ဖြစ်သော်လည်း ရင်ထဲ၌ ကျေနပ်နှစ်သိမ့်စွာ သူမြိန့်မြိန့်ကြီး ပြုံးလိုက်လေ၏။ 

ဗုဒ္ဓစနစ်(၂)Kde žijí příběhy. Začni objevovat