အပိုင်း(၁၅၁) စိတ်အားထက်သန်တဲ့ ကိုယ်တော်လေး

766 56 0
                                    

သူသဘောကောင်းလွန်းသွားသည်ကို ဖန်းကျန့်နားလည်သွား၏။ မျောက်က စိတ်မရှည်တော့ဟန်ဖြင့် “ခင်ဗျားမှာ ဆန်အိတ်တွေ ရှိသေးလား။ မရှိတော့ရင် ကျုပ်သွားတော့မယ်။ အတည်ပြောနေတာ၊ အခု ညဉ့်နက်နေပြီ။ ကျုပ် ဆန်အကြောင်းပဲ တွေးပူနေရတာ။ အိပ်လို့တောင် မပျော်ဘူး” ဟု ပြောလေ၏။

ဖန်ကျန့်က မျက်လုံးလှန်လိုက်ပြီးနောက်… “မင်းထပ်လိုချင်သေးလို့လား။ ဘာဆန်မှ မကျန်တော့ဘူးကွ။”

“တကယ်လုံးဝမကျန်တော့တာလား။” မျောက်က ဖန်းကျန့်၏ စကားကို မယုံချေ။

ဖန်းကျန့်မှာ ကလိမ်ကကျစ်ကျလှသော မျောက်ကို ကြည့်ကာ ကျောကော့အောင် ရိုက်ပစ်ချင်လာ၏။ ထိုအခါကျမှ ဂေါတမဗုဒ္ဓ အဘယ်ကြောင့် စွန်းဝူခုန်းကို တောင်အောက်တွင် အကျဉ်းချခဲ့သည်ကို ဖန်းကျန့်နားလည်သွား၏။ မျောက်ဟူသည် လူကို စိတ်ဒုက္ခပေးနိုင်လွန်းသော သတ္တဝါပါတကား။

ဖန်းကျန့်က လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် “ဒီမှာ ဘာဆန်မှ မရှိတော့ဘူးကွ။ ဘုန်းကြီးတွေက  ဘယ်တော့မှ မလ်ိမ်ဘူး။ လူတွေကိုတောင် မလိမ်မှတော့ မင်းလိုမျောက်ကို ဘာကိစ္စလိမ်နေမှာလဲ။”

   “အလကားပဲ။ ခင်ဗျားမှာ ဆန်တစ်အိတ်တောင် မရှိဘဲနဲ့ ကြီးကြီးကျယ်ကျယ်တွေ လာပြောနေတယ်၊” မျောက်က တစ်ဖက်ခြမ်းသို့ လှည့်လိုက်ပြီးနောက် ဖန်ကျန့်ကို ငြူစူလေ၏။

     ဖန်းကျန့်မှာ ထိုမျောက်၏ခေါင်းကို ဖိနပ်ဖြင့် ထုရိုက်ပစ်ချင်လာ၏။ အနှီမျောက်၏ စကားများက သူ့ကို အလွန်ပင်ဒေါသထွက်စေသည်။ ဖန်းကျန့်သည် အခန်းသို့ ပြန်သွား၍ အိပ်ယာ၀င်လိုက်တော့၏။

    ညတာက ထိုအတိုင်းပင် ကုန်ဆုံးသွားခဲ့၏။

   နောက်တစ်နေ့နံနက်ခင်းတွင် ပိုင်းယွင်ဘုန်းကြီးကျောင်းက အသက်၀င်လာခဲ့၏။  ဘုန်းကြီးကျောင်းပေါင်းစုံမှ ကျောင်းထိုင်ဆရာတော်များနှင့် တပည့်သာဝကများအားလုံး အပြင်ထွက်လာကြကာဆူညံသံများနှင့် စည်ဝေသွားတော့၏။ တော်ပေသေးသည်။ ဖန်းကျန့်မှာ စောစောထတတ်သည့်အကျင့်ရှိသဖြင့်သာ သူ့အတွက် အနှောင့်အယှက်မဖြစ်ခဲ့။ အပြင်ထွက်ပြီးနောက် လုပ်ဆောင်စရာရှိသည်များကို ပြုလုပ်လေ၏။

ဗုဒ္ဓစနစ်(၂)Tempat cerita menjadi hidup. Temukan sekarang